spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံသားအသိပညာနှင့်တန်ဖိုးထားမှုစစ်တမ်း မွန်ပြည်နယ်တွင်ရှင်းလင်း

    နိုင်ငံသားအသိပညာနှင့်တန်ဖိုးထားမှုစစ်တမ်း မွန်ပြည်နယ်တွင်ရှင်းလင်း

    -

    ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံပြောင်းလဲနေသော လူ့အဖွဲ့အစည်းအတွင်းရှိ နိုင်ငံသားများ၏ အသိပညာနှင့် တန်ဖိုးထားမှုများ စစ်တမ်းရလာဒ်များအား မွန်ပြည်နယ် မော်လမြိုင်မြှို့၌ ရွေမြင့်မိုရ်ထွန်းဟိုတယ်၌ ဖေဖောဝါရီ ၁၇ ၇က်နေ့က ရှင်းလင်းသောအခမ်းအနားတွင် The Asia Foundation မှ Senior Program Officer ဦးရဲသူအောင်က ပြောသည်။

    အစိုးရနှင့်ပတ်သက်ပြီး အစိုးရဖွဲ့စည်းပုံနှင့် လုပ်ငန်းများနားလည်ခြင်း၊ နိုင်ငံသားအသိပညာနှင့်တန်ဖိုးထားမှုစစ်တမ်းတွင် တိုင်းဒေသကြီးထက် ပြည်နယ်များတွင် နားလည်မှု ဗဟုသုတနည်းပါးသည်ကို The Asia Foundation ၏ စစ်တမ်းက ဆိုသည်။

    “’ဒီတွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့အတွက် အရပ်ဖက်အဖွဲ့တွေကို လာရောက်ရှင်းလင်းတာဖြစ်တယ်။ ဒီအချက်အလက်တွေကို နိုင်ငံရေးပါတီတွေက လိုချင်တယ်ဆိုရင် ကူညီပေးသွားမယ်” ဟု ဦးရဲသူအောင်က ပြောသည်။

    အဆိုပါတွေ့ရှိချက်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးရှိ အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများအား ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း ၄င်းက ဆိုပါသည်။

    စစ်တမ်းကို ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိ လူတွေ့မေးမြန်းမှု ၃၀ဝ၀ အနက် ပြည်နယ်နစ်ခုတွင် လူတွေ့မေးမြန်းမှု ၃၀ဝ ပြုလုပ်ခဲ့ကြောင်း၊ ယင်းတွေ့ရှိချက်များမှာ ၄င်းတို့၏အမြင်များသာဖြစ်ကြောင်း သိရသည်။

    ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၏လုပ်ငန်းတာဝန်များကို ၇၆% ရာခိုင်နှုန်းသောပြည်သူများမှ မသိရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ပြည်နယ်အစိုးရ၏ လုပ်ငန်းတာဝန်များကို ၇၈% ပြည်သူများမသိရှိကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့၏လုပ်ငန်းတာဝန်ကို ၆၀% မှ ပြည်သူများမသိကြောင်း၊ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တို့၏လုပ်ငန်းတာဝန်ကို ၂၈% မသိကြောင်း The Asia Foundation ၏စစ်တမ်းတွင် ဖော်ပြထားသည်။

    “အုပ်ချုပ်ရေးမှူးတွေရဲ့တာဝန်တွေ့တောမသိပါဘူး၊ ကျမတို့က လူငယ်အဖွဲ့ဆိုတော့ ကျမတို့နဲ့သက်ဆိုင်တာတွေကို သူတို့ခေါ်ပြောတာတော့ရှိတယ်၊ ကျမတို့နဲ့ မဆိုင်တာကို မပြောတော့ အားလုံးမသိနိုင်ဘူး” ဟု ရေးမြို့နယ်မှ မွန်လူငယ် မိနန္ဒာအောင်က ပြောသည်။

    နိုင်ငံသားအသိပညာနှင့်တန်ဖိုးထားမှုစစ်တမ်းရှင်းလင်းပွဲ(Ko Ko Zaw)
    နိုင်ငံသားအသိပညာနှင့်တန်ဖိုးထားမှုစစ်တမ်းရှင်းလင်းပွဲ(Ko Ko Zaw)

    မွန်ပြည်နယ်တွင် နိုင်ငံတော်သမ္မတအား ရွေးချယ်သည့်နည်းလမ်းအားမသိသူ ၅၀%၊ ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်သည်ဟု သိရှိမှုမှာ ၇% ၊ ပြည်သူရွေးချယ်တင်မြောက်မှုသိရှိသူ ၃၈% သာ ရှိသည်ဟု စစ်တမ်းက ဆိုသည်။

    ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းပါဝင်ကြောင်းကို သိရှိမှုစစ်တမ်းကောက်ယူရာတွင် မွန်ပြည်နယ်မှ မသိသူ ၈၅% ရှိကြောင်း The Asia Foundation ၏ စစ်တမ်းက ဆိုသည်။

    မူဝါဒနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်ရာတွင် ပြည်သူလူထုထားရှိသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယုံကြည်မှု၊ လူမျိုးရေး/ဘာသာရေး သဘောထားကြီးမှုများနှင့် ကျား/မရေးရာ တန်ဖိုးများအား ထည့်သွင်းစဉ်းစားသင့်ကြောင်း The Asia Foundation မှ ဦးရဲသူအောင်က ပြောကြားခဲ့သည်။

    ဖွဲ့စည်းအုပ်ချုပ်မှုနှင့်ပတ်သက်ပြီး အရေးပါသော အစိုးရအဖွဲဝင်များရွေးချယ်ခန့်ထားခြင်းနှင့်ဆက်စပ်ပြီး နားလည်သဘောပေါက်မှု နည်းပါပြီး ၄င်းဗဟုသုတသည် ပြည်နယ်များ အမျိုးသမီးများတွင် ပိုမိုနည်းပါးကြောင်းကို ၄င်းစစ်တမ်းမှ တွေ့ရှိသည်။

    The Asia Foundation အဖွဲ့အစည်းသည် အာရှနိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့ကို ဦးတည်ဆောင်ရွက်ရန် အာရှနိုင်ငံများ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များ မြှင့်တင်ရေး၊ အမျိုးသမီးထုအခွင့်အရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဒေသတွင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက်နေသည့် အစိုးရနှင့်သက်ဆိုင်ခြင်းမရှိသော အဖွဲ့အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks