spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကတိပြုချက် NMSP လက်မှတ်မထိုးသေး

    ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာကတိပြုချက် NMSP လက်မှတ်မထိုးသေး

    -

    ၆၈ နှစ်ပြည့် ပြည်ထောင်စုနေ့တွင် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကြား ပြုလုပ်သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်” ကို မွန်ပြည်သစ်ပါတီ NMSP လက်မှတ်မထိုးခဲ့ကြောင်း ပြည်ထောင်စု အခမ်းအနားသို့ တက်ရောက်သူ မွန်ပြည်သစ်ပါတီ၊ ဒေသဖွံ့ဖြိုးရေးဌာနတာဝန်ခံ နိုင်ဟံသာဗိန်ခိုင်းက ပြောသည်။

    အချက် (၅) ချက်ပါ ယင်းကတိပြုလွှာကို နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့အနက် ၄ ဖွဲ့က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    နိုင်ဟံသာဗိန်ခိုင်းက “ဒီလိုလက်မှတ်ထိုးမယ့် အစီအစဉ်ကို ကြိုတင်သိမထားခဲ့ဘူး၊ ကျနော်တို့ ၁၁ ရက်နေ့ နေပြည်တော်ရောက်မှ အဲဒီလက်မှတ်ထိုးတဲ့အစီအစဉ်ကို သူတို့ပြတယ်၊ ဗဟိုဌာနချုပ်ကို ပြန်တင်ပြရတာပေါ့၊ ပထမ သိထားတာက UNFC တောင်းဆိုထားတဲ့ အစီအစဉ်နဲ့ လက်မှတ်ထိုးမယ်ဆိုမယ်၊ အခုမှ ဒီအစီအစဉ်ဖြစ်လာတော့ ကျနော်တို့ဘာမှ အဆုံးအဖြတ်မပေးဘူး” ဆိုသည်။

    အဆိုပါ ပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၆ ဖွဲ့ကို အစိုးရဖိတ်ကြားထားသော်လည်း ၁၃ ဖွဲ့သာ တက်ရောက်ခဲ့ရာတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အဖွဲ့အစည်း အားလုံး တက်ရောက်မှု မရှိခဲ့ဟု ၎င်းက ဆက်ပြောသည်။

    ယင်းကတိပြု လက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ မိမိတို့အဖွဲ့အစည်းတွင် ပြန်လည်ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ တစ်ချို့သော အဖွဲ့အစည်းများသည် UNFC ၏ သဘောထားအတိုင်းရပ်တည်သွားမည်ဟု သိရသည်။

    နိုင်ဟံသာဗိန်ခိုင်းက “ဒီကတိပြုလွှာကိုတော့ အစိုးရဘက်က အချိန်အကန့်အသတ် လုပ်ထားတာမရှိဘူး၊ အဆင်ပြေတဲ့အချိန်မှာ လက်မှတ်ထိုးနိုင်ဖို့ကို တံခါးဖွင့်ထားပေးတယ်” ဟု ဆက်ပြောသည်။

    အဆိုပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ဖြစ်သည်။

    အဆိုပါကတိပြုချက်ကို အစိုးရဘက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ (၂) ဦး၊ လွှတ်တော် ဥက္ကဌ (၂) ဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ အစိုးရဝန်ကြီး (၁၅) ဦး၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ် (၃) ဦး၊ တပ်မတော်ကိုယ်စားပြု ဒုတိယဗိုလ်ချုပ်ကြီး (၃) ဦး၊ နိုင်ငံရေးပါတီ (၆၁) ပါတီအနက် (၅၅) ပါတီ၊ တိုင်းရင်းသားရေးရာဝန်ကြီး (၂၉) ဦးတို့ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။

    ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိပြုချက်တွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချက် (NCA) ကို အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်သည့် ဆွေးနွေးပွဲဖြစ်ဖြေရှင်းရန်၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာမူဘောင်ကို အမြန်ဆုံးရေးဆွဲပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကျင်းပနိုင်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် စစ်ပွဲများမဖြစ်ပေါ်စေရန် နှစ်ဖက်တပ်များ ထိတွေ့မှုများကို ရှောင်ရှားနိုင်ရေးတို့ပါဝင်သည်။

    တဖက်တွင်လည်း ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့စွဲဖြင့် UNFC ထုတ်ပြန်ချက်တွင် ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ သမိုင်းဝင်နေ့ထူးနေ့မြတ်၌ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားအထောက်အကူပြုစေရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချက် (NCA) ကိုအမြန်ဆုံးလက်စသတ်၍ အတည်ပြုလက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပ၍ တိုင်းပြည်၏အခြေခံနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရအဖြေရှာရန် တိုက်တွန်းထား သည်ကို ဖတ်ရှုရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks