spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှင့် ထားဝယ်သပိတ်စစ်ကြောင်း ဧရာဝတီစစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှထွက်ခွာ

    မွန်နှင့် ထားဝယ်သပိတ်စစ်ကြောင်း ဧရာဝတီစစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှထွက်ခွာ

    -

    မွန်ကျောင်းသားနှင့် ထားဝယ်ကျောင်းသား သပိတ်စစ်ကြောင်းတို့ ဧရာဝတီ ကျောင်းသား သပိတ်စစ်ကြောင်းနှင့် ပူပေါင်းရန် မော်လမြိုင်မြို့မှ ယမန်နေ့ညနေတွင် ကားများဖြင့် ထွက်ခွာလာကြပြီးဖြစ်ကြောင်း သိရသည်။

    အဆိုပါ မွန်နှင့် ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းသည် ယမန်နေ့ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့၌ ဒုတိယအကြိမ်မြောက် သပိတ်မှောက်ဆန္ဒပြခဲ့ပြီး မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဘုန်းမြတ်မိုးကို နံနက်ပိုင်း မှစကာ မြို့ခံရပ်မိရပ်ဖ အချို့မှ ထိန်းသိမ်းထားခဲ့ပြီး ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

    “ဘုန်းမြတ်မိုး အခု ရှေ့တန်းကနေ ပြန်ပြီး ပါလာပါတယ်၊ စစ်ကြောင်းချီတက်နေတဲ့ ကျောင်းသားတွေ အခုထိ လုံးဝ မနားကြသေးပါဘူး” နေ့လည် ၂ နာရီခန့်တွင် သပိတ်နှင့် အတူပါလာသော မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

    ယမန်နေ့ သပိတ်စစ်ကြောင်းမှ ကျောင်းသားများသည် မော်လမြိုင်နည်းပညာတက္ကသိုလ်တွင် တရားပောပြောခဲ့ကြပြီး မော်လမြိုင် နည်းပညာတက္ကသိုလ်မှ ကျောင်းသားအများအပြား သပိတ်တွင်း ပါဝင်လာပြီး သပိတ်မှောက်ကျောင်းသားအင်အား ၄၀ဝ ခန့် ရှိခဲ့ကြောင်း မြို့ခံများ၏ ပြောပြချက်အရသိရသည်။

    သပိတ်မှောက်ကျောင်သားများကို မော်လမြိုင်ဒေသခံ ၁၀ဝ၀ ခန့်က ဝန်းရံခဲ့ကြပြီး သထုံမြို့ အဝင်အထိ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

    သို့သော် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ အဖွဲ့ဝင်အချို့မှာ ၎င်းတို့၏ စားမေးပွဲနီးနေခြင်းနှင့် ၄ ပွင့်ဆိုင်ဆွေးနွေးပွဲ အခြေအနေအား စောင့်ကြည့်ရန် ယမန်နေ့သပိတ်တွင် မပါဝင်ခဲ့ကြကြောင်း သမဂ္ဂအဖွဲ့ဝင်အချို့မှ သိရသည်။

    “ကျွန်တော်တို့ အဖွဲ့ဝင်ကျောင်းသားတွေ စာမေးပွဲနီးတာလည်းပါတယ၊ ပြီးတော့ ၁၂ ရက်နောက်ပိုင်း ဆွေးနွေးပွဲကိုလည်း စောင့်ကြည့် ချင်တယ်”ဟု မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ မှ ကိုပာန်တလမွန်က ပြောသည်။

    မွန်ပြည်နယ်နှင့် ထားဝယ်ကျောင်းသားများပါဝင်သော သပိတ်စစ်ကြောင်းသည် သထုံမြို့မှ ကားများဖြင့် ထွက်ခွာကာ မွန်ပြည်နယ်မှ မြို့တစ်မြို့တွင် ခရီးတစ်ထောက်နားကာ ဆက်လက်ချီတက်ကြမည်ဖြစ်ကြောင်း သိရသည်။

    မွန်နှင့် ထားဝယ် ကျောင်းသားသပိတ်စစ်ကြောင်းသည် မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီလ ၉ ရက်နေ့က ပထမအကြိမ်ချီတက် သပိတ်မှောက်ခဲ့ကြပြီး မော်လမြိုင်တက္ကသိုလ်ရှေ့တွင် ပောပြောမှု ပြုလုပ်ခဲ့ကြသည်။

    အလားတူ ထိုနေ့တွင် မော်လမြိုင်မြို့ပေါ်တွင် သပိတ်မှောက်ကျောင်းသားများကို ဆန့်ကျင်သည့် ဒေသခံ အချို့မှလည်း တန်ပြန် ဆန္ဒထုတ် ဖော်မှုတစ်ရပ် ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks