spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်နှင့် တနင်္သာရီကျောင်းသားများ မော်လမြိုင်တွင် ဆန္ဒပြ

    မွန်နှင့် တနင်္သာရီကျောင်းသားများ မော်လမြိုင်တွင် ဆန္ဒပြ

    -

    မွန်ပြည်နယ် မော်လမြိုင် ဇန်နဝါရီ ၉ ရက်တွင် မွန်ပြည်နယ်ကျောင်းသားများ သမဂ္ဂနှင့် ထားဝယ်ကျောင်းသားသမဂ္ဂ စုပေါင်း၍ လေးပွင့်ဆိုင်တွေ့ဆုံပေးရေးနှင့် ကျောင်းသားများ တောင်းဆိုသော အချက် ၁၁ ချက်တို့ကို အစိုးရကဆောင်ရွက်ပေးရန် သပိတ်မှောက်ဆန္ဒပြ တောင်းဆိုခဲ့သည်။

    အစိုးရ၊ လွှတ်တော်၊ NNER (National Network Education Reform) နှင့် ကျောင်းသားသမဂ္ဂများ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲနှင့် အမျိုးသားပညာရေး ဥပဒေတွင် ပြင်ဆင်ရန်အချက် ၁၁ ချက်ကို လက်ခံပေးရန် ဆန္ဒပြတောင်းဆိုသည်ဟု မွန်ပြည်နယ် ကျောင်းသားများသမဂ္ဂမှ မင်းဟံတလမွန်ကဆိုသည်။

    “ကျနော်တို့တောင်းဆိုတာကို မလုပ်မပေးမခြင်း သပိတ်မှောက်ဆန္ဒပြတာကို ရပ်တန့်သွားမှာ မဟုတ်ဘူး” ဟု ၄င်းက ပြောသည်။

    သို့သော် ကျောင်းသားများသပိတ်မှောက်နေစဉ်အတွင်း လမ်းတလျှောက်တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ငြိမ်းချမ်းစွာစုဝေးခြင်းအတွက် ဦးသန်းမင်းထွန်း ဦးဆောင်သော တန်းပြန်ဆန္ဒပြမှုများ ခွင့်ပြုခဲ့သည်။

    သပိတ်မှောက် ကျောင်းသားများကို အကာအကွယ်ပေးဝန်းရံပေးသော မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်မောင်ဇော်ထွန်းက တန်းပြန်ဆန္ဒပြသော သူများကို တရားဝင်ဆန္ဒပြခြင်း ခွင့်အပြုမိန့်ကို တောင်းကြည့်ခဲ့သည်ဟု ၎င်းက ပြောသည်။

    “ကျနော်က ခွင့်ပြုမိန့်ကို တောင်းကြည့်တယ် တရားဝင်ဖြစ်နေတဲ့အတွက် ကန့်ကွက်ဖို့မရှိဘူး တရားဝင်မဟုတ်ရင်တော့ ကျနော်တို့ ကန့်ကွက်ဖို့အဆင်သင့်ပဲ ကျနော်တို့ပြည်သူတွေ ကျောင်းသားတွေကို ဝန်းရံပေးတာက သူတို့လုံခြုံဖို့အတွက်ပါပဲ” ဟု ဦးမောင်မောင်ဇော်ထွန်းက ပြောသည်။

    ဇန်နဝါရီ ၈ရက်တွင် ထားဝယ်ကျောင်းသားများသမဂ္ဂနှင့် မွန်ပြည်နယ်ကျောင်းသားသမဂ္ဂပါဝင်သော အင်အား ၁၅၀ ဖြင့် သပိတ်မှောက် ဆန္ဒပြ ခွင့်ပြုမိန့်ရရှိခဲ့ပြီး ဇန်နဝါရီ ၉ ရက်တွင် မော်လမြိုင်မြို့ သာသနာ့ဗိမာန်တော်ကြီးမှ အစပြု၍ မော်လမြိုင်တက္ကသိုလ်အရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့သည်။

    ထိုသပိတ်မှောက် ဆန္ဒပြမှုတွင် တိုင်းရင်းသားစာပေများ လွတ်လပ်စွာသင်ကြားခွင့်ရရှိရေး၊ ကျောင်းသားပြည်သူ အခြေမခံသော ပညာရေးဥပဒေအလိုမရှိ၊ ဒီမိုကရေစီပညာရေး ဒို့အရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်မှုကို ညနေ ၅ နာရီကျော်၌ ရပ်ဆိုင်းခဲ့သည်။

    ဆန္ဒပြကျောင်းသားများတောင်းဆိုထားသည့် ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks