spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းသပိတ်မှောက်ကျောင်းသားများ မော်လမြိုင်တက္ကသိုလ်ဝင်းသို့ ဝင်ခွင့်မရ

    သပိတ်မှောက်ကျောင်းသားများ မော်လမြိုင်တက္ကသိုလ်ဝင်းသို့ ဝင်ခွင့်မရ

    -

    မွန်ပြည်နယ်မော်လမြိုင်မြို့ ဇန်နဝါရီ ၉ရက်တွင် အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြသော ထားဝယ်ကျောင်းသားများ သမဂ္ဂနှင့် မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့တို့သည် မော်လမြိုင်တက္ကသိုလ် အတွင်းသို့ ဝင်ရောက်လှည့်လည်ရန် လုံခြုံရေးတာဝန်ရှိသူများနှင့် တက္ကသိုလ်ပါမောက္ခချုပ်တို့က ဝင်ရောက်ခွင့် မပြုဟု မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂအဖွဲ့မှ ဖုန်းမြတ်မိုးကပြောသည်။

    မော်လမြိုင် သာသနာ့ဗိမာန်မှအစပြု၍ သပိတ်မှောက်ကျောင်းသားများအင်အား ၆၀ ခန့်တို့သည် သပိတ်မှောက်စစ်ကြောင်းအတိုင်း အခက်အခဲမရှိသော်လည်း မော်လမြိုင်တက္ကသိုလ်အရောက်တွင်မူ တက္ကသိုလ်ကျောင်းသားများ ဝင်ခွင့်မရှိဘဲ ယူနီဖောင်းဝတ်ဆင်ထားသူ များသာ နေရာယူနေထားသည်ကို တွေ့ရသည်ဟု ၄င်းကဆက်ပြောသည်။

    “တက္ကသိုလ်ဆိုတာ အသိပညာဗဟုသုတတွေကို အမြဲလေ့လာနိုင်အောင်ဖွင့်လှစ်ပေးတဲ့နေရာတစ်ခု၊ ဒါပေမယ့် ကျနော်တို့ကို တံခါးကြီး ပိတ်ပြီးအကျဉ်းထောင်လိုမျိုးကြိုဆိုတယ်” ဟု ဖုန်းမြတ်မိုးက ပြောသည်။

    ထို့နောက် မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက သပိတ်မှောက်ဆန္ဒပြသောနေရာတွင် ပါဝင်လျှင် ကျောင်းထုတ်ခံရမည်ဟု ဖိအားပေးခြင်းများရှိသည်ကို ပြောသည်။

    “ဒီနေ့ဆို ကျောင်းဝင်းထဲကိုဝင်ဖို့ အရင်ကထက်စစ်ဆေးမှုတွေ ပိုလုပ်တယ် ကျောင်းသားကတ်ပါမှ ဝင်ခွင့်ရတယ်၊ ထွက်ချင်ရင်လည်း အနောက်ပေါက်ကနေ ခိုးထွက်ရတယ်” ဟုပြောသည်။

    မော်လမြိုင်တက္ကသိုလ်ဝင်းသို့ ဝင်ခွင့်ရရန် သပိတ်မှောက်ကျောင်းသားတစ်ဦးက ဘူမိဗေဒဌာန ဒေါက်တာဇော်ဝင်းထံ ခွင့်ပြုချက်တောင်း ခဲ့သော်လည်း ၄င်းအနေဖြင့်တာဝန်အရ တားမြစ်ခြင်းဖြစ်ပြီး ကျောင်းဝင်းထဲတွင် ငြိမ်းချမ်းစွာ စာသင်နေသောကျောင်းသားများနှင့် တစ်နိုင်ငံလုံးအတွက် တက္ကသိုလ်ဝင်တန်းအောင် မေးခွန်းထုတ်နေသည့် စခန်းများအား အနှောက်အယှက် မပေးစေလိုသည့်အတွက် တားမြစ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    သပိတ်မှောက်ကျောင်းသားများသည် အစိုးရ၊ လွှတ်တော်၊ NNER (National Network Education Reform) နှင့် ကျောင်းသားများသမဂ္ဂ ပါဝင်သောတွေ့ဆုံဆွေးနွေးပွဲနှင့် ကျောင်းသားများတောင်းဆိုသော အချက် ၁၁ ချက်တို့ကိုလက်ခံပေးရန်အတွက် ဆန္ဒပြခဲ့သည်။

    ထို့အတူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပထောင်စုအစိုးရအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပညာရှင်များအား အမျိုးသား ပညာရေးဥပဒေပါ ပြဌာန်းချက်များအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် သဝဏ်လွှာပေးပို့ခဲ့သည်။

    သပိတ်မှောက်နေစဉ်အတွင်း ကျောင်းသားများတောင်းဆိုသော ၁၁ ချက်ကို အခြေခံပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဖေဖေါ်ဝါရီ ၉ ရက်တွင် အစိုးရ၊ လွှတ်တော်၊NNER ကိုယ်စားလှယ်များနှင့် ကျောင်းသားများပါဝင်သော ဒုတိယအကြိမ်အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ပြည်ထောင်စုသမ္မတ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဖေဖေါ်ဝါရီ ၉ ရက်ထုတ်ပြန်ချက်အရ သိရသည်။

    ထို့ကြောင့် ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်းကျောင်းသားများ တောင်းဆိုသော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပလုပ်ဆောင်သွားလျှက်ရှိသည်ဟု ဒုတိယအကြိမ်အကြိုဆွေးနွေးပွဲမှ သဘောတူညီချက် အရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts