spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမုတ္တမ-သံလွင်မြစ်အတွင်း ကမ်းပါးပြိုကျမှုများ

    မုတ္တမ-သံလွင်မြစ်အတွင်း ကမ်းပါးပြိုကျမှုများ

    -

    မွန်ပြည်နယ်၊ မုတ္တမ-သံလွင်မြစ်ဝအတွင်း သဲစုပ်ထုတ်မှုများပြုလုပ်လျက်ရှိရာ အနီးအနားဝန်းကျင် ကျွန်းပေါ်နေ ဒေသခံလယ်မြေများ ယခင်ကာလထက် ကမ်းပါးပြိုမှု ပိုမိုလာကြောင်း ဟင်္သာကျွန်းနေထိုင်သူတို့က ပြောသည်။

    ယခင်တစ်လကျော်အတွင်း ချောင်းဆုံမြို့နယ် ဟင်္သာကျွန်းအတွင်းရှိ လယ်မြေ ၂၀ ဧကခန့် ရေတိုက်စားမှုဖြစ်ပြီး ကမ်းပြိုသည့်အထဲ ပါဝင်သွာ သည်ဟု ဟင်္သာကျွန်း အပေါ်ဆိပ်ကျေးရွာ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။

    ဦးသန်းဝင်းက “ကျေးရွာက ကမ်းနားမှာရှိနေတော့ ကမ်းပြိုတော့ နေစရာခက်ခဲရှိလာတယ်၊ ရေတိုက်စားလို့ ကမ်းပြိုတာ၊ သဘာဝအရဆိုရင် မပြိုဘူး၊ အရင်တုန်းက သူ့ဟာသူပြိုတာကတစ်မျိုး၊ အခုဟာက မနှစ်က သဲစုပ်တာကစပြီး သူ့ရဲ့ဆွဲငင်အားက ကမ်းမှာရှိတဲ့ နှုံးတို့ သဲတို့ကို ဆွဲယူသွားတော့ မြေကြီးက ဟိုက်ပြီးတော့ ကမ်းတွေက ရုန်းဆင်းသွားတော့တာပေါ့” ဟု ပြောသည်။

    အဆိုပါ သဲစုပ်ထုတ်သည့် သင်္ဘောကြီးများသည် နေ့ဘက်ပိုင်းများတွင် အလုပ်မလုပ်ဘဲ ညပိုင်းနှင့် ရေတက်သည့်အချိန်တွင် စုပ်ထုတ်ကြောင်း၊ ညပိုင်းများတွင် ကမ်းဘက်သို့ကပ်ပြီး သဲများစုပ်ထုတ်ကြောင်း၊ သဲစုပ်သည့်တုန်ခါမှုနှင့် အသံတို့ကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ ညပိုင်းတွင် ကောင်းစွာအိပ်မရကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။

    “ကျနော်လယ်တည့်တည့်မှာ သဲစုပ်နေတယ်။ ညညဘက်ဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး” ဟု လယ်မြေ ၁၀ ဧကမှ ကမ်းပြိုကျမှုကြောင့် ၆ ဧကသာကျန်တော့သည့် လယ်သမား ဇော်မျိုးနိုင်က ပြောသည်။

    အလားတူ ချောင်းဆုံမြို့နယ်၊ ဟင်္သာကျွန်းကျေးရွာအုပ်စု ငဟစ်ကျွန်းတွင် ရေကြောင်းရှင်းလင်းခြင်းဟုဆိုကာ သင်္ဘောကြီးများဖြင့် သဲများစုပ်ယူခဲ့ရာတွင် ညအချိန်မှောင်လာလျှင် ကျွန်းအနီးသို့ လာရောက်စုပ်ယူလျှက်ရှိသည့်အတွက် ကမ်းပါးပြိုပြီး မွမ်းမံထားသည့် တာတမံနှင့် စပါးများ ပျက်စီးဆုံးရှုံးခဲ့ရသည့်ကိစ္စအား ကျွန်းနေလယ်သမား ၁၀ ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးသို့ တင်ပြထားသည်။

    “လက်ရှိကျနော်တို့လယ်သမားတွေအနေနဲ့ သဲမပေးစုပ်ထုတ်ချင်ပါဘူး၊ ကမ်းပြိုသွားလို့ ဒီမှာကျနော်တို့နဲ့ ကမ်းစပ်က တအားနီးကပ်နေပြီး။ အစက ကမ်းနဲ့အဝေးကြီးနော်၊ အခုလက်ရှိပြိုသွားလို့ရှိရင် ဘယ်သူကနေရာပြန်ချပေးမလဲ၊ နေစရာ နေရာလည်းမရှိဘူး” ဟု ဇော်မျိုးနိုင်က ပြောသည်။

    ဟင်္သာကျွန်းအပေါ်ဆိပ်တွင် အိမ်ခြေ ၅၀ ခန့်ရှိသော်လည်း ရွာသစ်ဖော်ဆောင်ပေးမှု မရှိသေးခြင်းကြောင်း အိမ်ခြေတစ်လုံးတွင် အိမ်ထောင်စု ၂ စု၊ ၃ စုခန့် စုပေါင်းနေထိုင်ကြောင် ဟင်္သာကျွန်းနေသူတို့က ပြောသည်။

    အဆိုပါ မြစ်ဝအတွင်း သဲစုပ်မှုကို ၂၀၁၄ ခုနှစ်တွင်၄င်း ယခုတဖန် ထပ်မံသဲစုပ်ထုတ်နေမှုကြောင့် ကမ်းပါးပြိုပြီး အိမ်ခြေများ ရေမျောပါမည့်အန္တရာယ်အတွက် စိုးရိမ်နေကြခြင်းသည်။မြစ်ဝရေစီးကြောင်းတိမ်ကောလာသည့်အတွက် ကုန်ပစ္စည်းစီးဆင်းမှု ပိုမိုကောင်းမွန်လာစေရန် စင်္ကာပူနိုင်ငံ Star Asia Pacific Company မှ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး မြစ်ကြောင်းအတွင်းရှိ သဲများကို စုပ်ထုတ်၍မြစ်ကြောင်းနက်အောင် ပြုလုပ်ပြီး ရရှိလာသော အခွန်ငွေကို သက်ဆိုင်ရာဆက်စပ်ဌာနသို့ ပေးဆောင်ရကြောင်း ပို့ဆောင်ရေးဌာန အရာရှိက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks