spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းစံချိန်မမီသည့်စာသင်ကျောင်း ပြန်လည်ပြုပြင်ရန် မုတ္တမဒေသခံအချို့တောင်းဆို

    စံချိန်မမီသည့်စာသင်ကျောင်း ပြန်လည်ပြုပြင်ရန် မုတ္တမဒေသခံအချို့တောင်းဆို

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာအုပ်စု ဇေတဝန် အခြေခံမူလတန်းကျောင်းဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်နှင့် မကိုက်ညီသည့်အတွက် ပြန်လည်ပြုပြင်ပေးစေလိုကြောင်း ကျောင်းအကျိုးတော်ဆောင်တို့က ပြောသည်။

    “သတ်မှတ်ထားတဲ့ အရည်အသွေးပြည့်မီအောင် ဆောက်လုပ်ပေးပါ၊ ကျနော်တို့က တွယ်ချင်လို့မဟုတ်ပါဘူး။ သတ်မှတ်ထား တဲ့စံနှုန်းအတိုင်းပဲ ပြင်ဆင်ပေးစေချင်တယ်” ဟု ဇေတဝန်ကျောင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

    ဇေတဝန်ကျောင်း ဆောက်လုပ်သည့် မုတ္တမဆောက်လုပ်ရေးအဖွဲ့သည် ကွန်ကရိဖျော်စပ်ရာတွင် အချိုးအစားမမှန်ခြင်း၊ ကွန်ကရိလောင်းတိုင်များအား ရေမလောင်းခြင်း၊ ကျောက်စရစ်ရေမဆေးခြင်းနှင့် Beam တည်ဆောက်ရာတွင် သံချောင်း အရွယ်အစား မမှန်ခြင်းတို့အား မြို့နယ်တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့မှ စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဦးဝင်းအောင်က ပြောသည်။

    အဆိုပါ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီတွင် ကျောင်းအကျိုးတော်ဆောင် ၇ ဦး၊ ပေါင်မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာဒေါ်သန်းသန်းအေး(AE) ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌတို့ ပါဝင်သည်ဟု သိရသည်။

    ၄င်းကျောင်းဆောက်လုပ်ရန် ဘတ်ဂျက်ခွင့်ပြုငွေကျပ်သိန်း ၄၈၆ ဖြစ်သော်လည်း ကျောင်းဆောင် အခင်းနေရာတွင် ကျောက်ထည့်ရမည့်အစား ချော်အုတ်များကို ထည့်သုံးခြင်း၊ သတ်မှတ်ထားသည့် သံချောင်းအရွယ်အစားများ အသုံးမပြု ကြောင်း ဦးဝင်းအောင်က ပြောသည်။

    အဆိုပါအရည်အသွေးမပြည့်မီခြင်းအား ပြန်လည်ပြုပြင်ပေးရန် ဆောက်လုပ်ရေးအဖွဲ့က အကြံပြုသော်လည်း ပြန်လည် မပြုပြင်ဘဲ ဆက်လက်ဆောက်လုပ်နေကြောင်း သူကဆက်ပြောသည်။

    သို့ရာတွင် မုတ္တမ ဆောက်လုပ်ရေးကုမ္မဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးစိုးမိုးက “အရည်အသွေးပြည်အောင်လုပ်ပေးနေပါတယ်။ ကောင်းအောင်လည်းလုပ်ထားပါတယ်။ သူတို့ (ကျောင်းအကျိုတောင်ဆောင်) တွေ ပြင်စေချင်တာကိုလည်း ပြီခဲ့တဲ့ ၇ ရက် အတွင်း ပြင်ထားပေးပါတယ်” ဟု ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၆၁ ကျောင်းကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်ဘဏ္ဍာ နှစ်တွင် ကျပ်သန်း ၃၀၁၃.၂၀ သန်းဖြင့် ကျောင်းဆောက်လုပ်ခွငြ့်ပုခဲ့ကြောင်း မွန်ပြည်နယ်ပညာရေးဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

    ဒေါက်တာလှဦးက “ဒီအတိုင်းဆက်ဆောက်နေရင် မြို့နယ်က စာတင်လေ။ ဆောက်လုပ်တာ မကောင်းပါဘူးဆိုတာကို စာတင် လိုက်ရင် လိုအပ်ရင် ကျနော်တို့ စစ်ဆေးတွေ့ရှိက ကျနော်တို့ပြည်နယ်ကလည်း ပြန်ပြင်ခိုင်းမှာပေါ့၊ မြပြင်ရင် မရေးယူမှာပေါ့” ဟု ဆက်ပြောသည်။

    အဆိုပါကျောင်းများဆောက်လုပ်ရန်အတွက် မွန်ပြည်နယ်အစိုးရမှ ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအရွေးချယ်ခံသည့်

    ဇေတဝန်စာသင်ကျောင်းဆောက်လုပ်ထားမှု(IMNA)
    ဇေတဝန်စာသင်ကျောင်းဆောက်လုပ်ထားမှု(IMNA)
    ကုမ္ပဏီများအား အစိုးရမှ စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks