spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံစတင်ကျင်းပ

    မွန်အမျိုးသားပါတီ ပထမအကြိမ် ညီလာခံစတင်ကျင်းပ

    -

    မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း အဖွင့်မိန့်ခွန်းပြောကြားစဉ်(MNP)
    မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း အဖွင့်မိန့်ခွန်းပြောကြားစဉ်(MNP)
    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချူပ်တွင် ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှ စ၍မွန်အမျိုးသားပါတီ Mon National Party ပထမအကြိမ် ညီလာခံကို ၃ ရက်ကြာ ကျင်းပသွားမည်ဟု သိရသည်။
    မွန်အမျိုးသားပါတီညီလာခံကိုယ်စားလှယ်များ(MNP)
    မွန်အမျိုးသားပါတီညီလာခံကိုယ်စားလှယ်များ(MNP)

    ညီလာခံဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး နိုင်လယီတမးက “ပြည်သူကို ကိုယ်စားပြုမဲ့ နိုင်ငံရေးပါတီ တစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားနိုင်ဖို့အတွက်၊ ခေါင်းဆောင် ကောင်း၊ နည်းလမ်းကောင်းတွေ ပေါ်ပေါက်လာဖို့အတွက်ကို ရည်ရွယ်ပြီး အခုလို ညီလာခံကို ပြုလုပ်ရတာပါ” ဟု ဆိုသည်။

    ဆက်လက်၍ ညီလာခံ ၃ ရက်တွင် ဗဟိုကော်မတီ၏ အစီရင်ခံစာအရပ်ရပ်ကို တင်ပြခြင်း၊ ပါတီ၏ အခြေခံဥပဒေ မူဝါဒများကို ပြန်လည်သုံးသပ်ခြင်း၊ ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ အသစ်ပြန်လည်ရွေးချယ်သွားမည် ဖြစ်သည်။

    အခမ်းအနားတွင် ဥက္ကဌ နိုင်ငွေသိမ်းက ညီလာခံအဖွင့် မိန့်ခွန်းပြောကြားခဲ့ပြီး ဆရာတော်ဘဒ္ဒန္တ ပါလိတမှာထေရ်၊ မွန်ပြည်သစ် ပါတီ ဥက္ကဌ နိုင်ထောမွန်၊ UNA ကိုယ်စားပြု ကရင်အမျိုးသားဒီမိုကရေစီကွန်ရက် ဥက္ကဌ စောဟဲရီ၊ UNFC ဒုတိယဥက္ကဌ (NCCT ခေါင်းဆောင်) နိုင်ဟံသာ၊ ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့မှ ခွန်စိန်ရွှေ တို့မှ အသီးသီးတက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

    မွန်အမျိုးသားပါတီ ညီလာခံအတွက် UNA မှ ပေးပို့သော သဝဏ်လွှာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ စိုင်းညွန့်လွင်က ဖတ်ကြားခဲ့ပြီး UNFC ဒုဥက္ကဌ နိုင်ဟံသာမှလည်း ယခုလက်ရှိ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေမှု အခြေအနေနှင့် ပတ်သက်၍ လင်းရှင်းပြောကြားခဲ့သည်။

    မွန်အမျိုးသားပါတီမှလည်း ၂၇ ရက်နေ့တွင် ကမာဝက်မြို့၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြတောင်းဆို၏ နောက်ကွယ်တွင် အစိုးရကို လိုလားသည့် နိုင်ငံရေးပါတီတစ်ချို့၏ လှုပ်ဆော်မှုများရှိနေကြောင်း၊ မွန်တိုင်းရင်းသားများကို ခုတုံးလုပ်၍ မွန်နိုင်ငံရေး ပါတီ များ ပါဝင်နေသကဲသို့ ထင်ယောင်ထင်မှားဖြစ်စေသည့် လုပ်ရပ်ဖြစ်ကြောင်း၊ မွန်အမျိုးသားပါတီသည် နိုင်ငံရေး အာမခံ ချက် ရှိသော အပစ်ရပ်သဘောတူညီချက်ကိုသာ လိုလားသဖြင့် ဆန္ဒဖော်ထုတ်ကိစ္စသည် မိမိတို့ပါတီနှင့် လုံးဝမပတ်သက်ကြောင်း ပါတီ၏ သတင်းထုတ်ပြန်ချက်ကို MNP ၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

    မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံတွင် မြို့နယ် (၁၇) မြို့နယ်မှ ပါတီကိုယ်စားလှယ် ၂၆၆ ဦး တက်ရောက်ခဲ့ပြီး လေ့လာ သူ ၃၃ ဦး တက်ရောက်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks