spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအမျိူးသားပညာရေးဥပဒေ မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ ဖြန့်ဝေ

    အမျိူးသားပညာရေးဥပဒေ မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ ဖြန့်ဝေ

    -

    Caption- ကျောင်းသားများသပိတ်မှောက်ဆန္ဒပြစဉ်(Internet)
    Caption- ကျောင်းသားများသပိတ်မှောက်ဆန္ဒပြစဉ်(Internet)

    မွန်ပြည်နယ်၊ ကျောင်းသားသမဂ္ဂ၏ ပထခြေလှမ်းအဖြစ် အမျိူးသားပညာရေး ဥပဒကို မွန်ပြည်နယ် တက္ကသိုလ် နှစ်ခုရှိ ကျောင်းသားများသို့ ဇန်နဝါရီလ ၂၇ ရက်နေ့မှစ၍ စတင်ဖြန်ဝေလျှက်ရှိကြောင်း သိရသည်။

    အဆိုပါ ဥပဒေ ဖြန့်ဝေမှုသည် ယခုလ ၃၀ ရက်နေ့ တွင် မွန်ပြည်နယ်၌ ပြုလုပ်မည့် တိုင်းရင်းသား စာပေသင်ကြားရေးနှင့်ပညာရေးစနစ် ဆွေးနွေးပွဲ၏ ပထမ ခြေလှမ်းဖြစ်ပြီး နည်းပညာ တက္ကသိုလ် (မော်လမြိုင်) နှင့် မော်လမြိုင်တက္ကသိုလ် ကျောင်းသားအချို့ကို ဖြန်ဝေနိုင်ခဲ့ကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ လုပ်ငန်းတာဝန်ခံ ကိုဘုန်းမြတ်မိုးက ပြောသည်။

    “တစ်ကျောင်းလုံး အတိုင်းအတာနဲ့တော့ မလုပ်ဖြစ်သေးပါဘူး၊ ပညာရေးဥပဒေကို ကျောင်းသားတွေ လက်ထဲထည့်ပေးဖို့ရည်ရွယ်တာပါ၊ အမှန်က ဒါတွေကို အစိုးရကလုပ်ပေးရမယ့် တာဝန်ပါ”ဟု ကိုဘုန်းမြတ်မိုးက ပြောသည်။

    မွန်ပြည်နယ်မှ ဆရာများနှင့် ကျောင်းသားများ အမျိူးသား ပညာရေး ဥပဒေကို လေ့လာသိရှိမှု အားနည်းနေခြင်းကြောင့် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ အနေဖြင့် ယခုကဲ့သို့ ဖြန့်ဝေရသည်ဟု ဆိုသည်။

    ထို့အပြင် လက်ရှိအချိန်တွင် အဆိုပါ အမျိူးသားပညာရေး ဥပဒေနှင့် ပတ်သတ်၍ မြန်မာနိုင်ငံနေရာ အများအပြားရှိကျောင်းသားများ သပိတ်မှောက် ဆန့်ကျင် နေကြပြီး တိုင်းရင်းသားဒေသ အများအပြားတွင်လည်း ကျောင်းသားများက ပညာရေးစနစ် ဆွေးနွေးပွဲများပြုလုပ်လျှက်ရှိသည်။

    ပညာရေးဥပဒေနှင့် ပတ်သတ်သည့် အကြောင်း အရာများကို ကျောင်းသားများနှင့် ပြည်သူလူထုများ သိရှိနိုင်ရန်ဖြန်ဝေသင့်ကြောင်း ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲဝင် ဆရာ ဦးစိုးထွန်း ကပြောသည်။

    “ပညာရေးစနစ်က အရေးအကြီး ဆုံးပဲ၊ ပညာရေးက လူစွမ်းအားအရင်းအမြစ်နဲ့ ပတ်သက်ပြီး အရေးအကြီးဆုံး ရင်းနှီးမြုတ်နှံမှုပဲ၊ ကျောင်းသားအချင်းချင်း သိအောင် လူထုပါသိအောင် ကျယ်ကျယ်ပြန်ပြန်လုပ်တာ အကောင်းဆုံးပဲ” ဟု ဦးစိုးထွန်းက ပြောသည်။

    နိုင်ငံအနှံ ကျောင်းသားများ သပိတ်မှောက်မှုနှင့် ပတ်သတ်၍ မွန်ပြည်နယ်ကျောင်းသားသမဂ္ဂမှ မိခင်စာပေ သင်ကြားခွင့်ရရေးအတွက် သပိတ်မှောက် ကျောင်းသားများနှင့် ပူပေါင်းပါဝင်ကြရန် ဇန်နဝါရီလ ၂၃ ရက်နေ့က ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ကြေငြာခဲ့သည်။

    အလားတူ လာမည့် ဇန်နာဝါရီ ၃၁ ရက်နှင့် ဖေဖော်ဝါရီ ၁ ရက်နေ့များတွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပညာရေးစနစ်စိန်ခေါ်မှု ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks