spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အချိန်ဆွဲနေခြင်း မဟုတ်ဟု နိုင်ဟံသာပြော

    အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် အချိန်ဆွဲနေခြင်း မဟုတ်ဟု နိုင်ဟံသာပြော

    -

    ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဆုံးဖြစ်မြောက်စေရန် မွန်ပြည်နယ်၊ ကမာဝက်မြို့ ဒေသခံမွန်လူထု ဆန္ဒပြသည့်ကိစ္စအား အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရန် အချိန်ဆွဲနေခြင်းမဟုတ်ကြောင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်ဖြစ်သည့် မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ဟံသာက ပြောသည်။

    ယမန်နေ့တွင် မော်လမြိုင်မြို့၊ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်စဉ် နိုင်ဟံသာမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “တကယ်တမ်းကျတော့ ကျနော်တို့လက်မှတ် မထိုးချင်တာမဟုတ်ဘူး၊ ဒီအတိုင်းလက်မှတ်ထိုးပြီး အပစ်ရပ်ရုံသာ အမည်ခံတယ်ဆိုတာ အရင်က ကျနော်တို့ ခံထားရဖူးပြီးသားပါ၊ လက်မှတ်ထိုးပြီး ပစ်ခတ်နေတာတွေ မဖြစ်ပေါ်စေချင်ဘူး၊ မသေချာဘဲနဲ့တော့ ကျနော်တို့ လက်မှတ်မထိုးနိုင်ဘူး” ဟု ပြောသည်။

    ဇန်နဝါရီ ၂၇ ရက် ကမာဝက်မြို့လူထု ၅၀ဝ ခန့်တို့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံသောအားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ အပစ် အခတ်ရပ်စဲမှု အမြန်ဆုံးလက်မှတ်ထိုးရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သည်။

    ကမာဝက်မြို့ ဆန္ဒပြခေါင်းဆောင် ဦးမင်းထွန်းသောင်းက “ကျနော်တို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုအမြန်ဆုံးဖြစ်စေချင်တယ်၊ ဘာကြောင့်လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့လူထုတွေ စီးပွားရေးလုပ်ဖို့တစ်နေရာနဲ့တစ်နေရာသွားနေရတဲ့အခါ ငြိမ်းချမ်းရေးဖြစ်မှသာ အေးအေးဆေးဆေး လုပ်ကိုင် နိုင်မှာဖြစ်တယ်” ဟု ပြောသည်။

    လာမည့် ဖေဖေါ်ဝါရီ ၁၂ ရက်ပြည်ထောင်စုနေ့တွင် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတို့၏ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရဘက်မှ ကမ်းလှမ်းထားသော်လည်း ၇ ကြိမ်မြောက်ဆွေးနွေးပွဲ ဆက်လက် မကျင်းပနိုင်သေးသဖြင့် လက်မှတ်ထိုးရန် မဖြစ် နိုင်သေးဟု နိုင်ဟံသာက ဆိုသည်။

    သူက “ကျနော်တို့အခု အစိုးရနဲ့ပြေလည်အောင် လုပ်နေပါတယ်၊ တပ်မတော်ဘက်က အမြင်တွေထိုက်သင့်သလောက် ရမယ် ဆိုရင် ဆွေးနွေး ပွဲ ပြန်စ နိုင်ပါတယ်၊ ကျနော်တို့ဆွေးနွေးတာ သဘောတူညီချက် မရရင်တော့ မထိုးဖြစ်နိုင်”ဟု ဆက်ပြော သည်။

    ကမာဝက်မြို့ မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ဗညားချမ်းက အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတို့သဘောတူညီချက်မရသေးခင် ဆန္ဒပြခြင်းအားဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေသည့် မွန်ပြည်သစ်ပါတီအားမွန်လူထုများက လက်မှတ်ထိုးရန် ဖိအားပေးသကဲ့သို့ ဖြစ်နေသည်ဟု ဆိုသည်။

    “ဒီနေ့ဆန္ဒပြတဲ့လူတွေက ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း နာလည်တာမဟုတ်ဘူး၊ နိုင်ဟံသာ ခေါင်းဆောင်ပြီး ဒီနေ့ဆွေးနွေးပွဲလုပ်နေတာ အခက်အခဲ တွေဘယ်လိုရှိတယ်၊ တိုင်းရင်းသားအများစု တောင်းဆိုနေတဲ့ အချက်ကို အစိုးရဘက်က လိုက်လျှောမှုမရှိဘူးဆိုတာကို နားမလည်ပဲ ဆန္ဒပြနေကြတယ်” ဟု နိုင်ဗညာချမ်းက ဆက်ပြောသည်။

    ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင်တိုင်းရင်းသားဘက်မှ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ တို့သည် လွန်ခဲ့သောစက်တင်ဘာတွင် ၆ ကြိမ်မြောက်တွေ့ဆုံခဲ့ပြီး၊ ၇ ကြိမ်မြောက် တွေ့ဆုံနိုင်ရန် မြန်မာ့ငြိမ်းချမ်းရေး

    မွန်ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်၌ နိုင်ဟံသာမိန့်ခွန်းပြောကြားစဉ်(Facebook)
    မွန်ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်၌ နိုင်ဟံသာမိန့်ခွန်းပြောကြားစဉ်(Facebook)
    စင်တာ MPC မှ တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks