spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းကမာဝက်ဆန္ဒပြပွဲ ဒေသခံများဆန္ဒမဟုတ်ကြောင်း ငြင်းဆို

    ကမာဝက်ဆန္ဒပြပွဲ ဒေသခံများဆန္ဒမဟုတ်ကြောင်း ငြင်းဆို

    -

    မွန်ပြည်နယ်၊ ကမာဝက်မြို့၌ “ပြည်ထောင်စုနေ့အမှတ်တရ အပစ်အခတ်ရပ်စဲကြ-ပြည်သူ့ဆန္ဒ” ခေါင်းစဉ်ဖြင့် ယနေ့တွင် ပြုလုပ်ခဲ့သော စီတန်းလှည့်လည် ဆန္ဒပြပွဲသည် ဒေသခံလူထု၏ သဘောဆန္ဒမဟုတ်ကြောင်း ကမာဝက်မြို့ခံများက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

    ကမာဝက်မြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်မှ အုပ်ချုပ်ရေးမှုများ ဦးဆောင်၍ လူအင်းအာ ၅၀ဝ ခန့်ရှိသည့်ဆန္ဒပြပွဲတစ်ရပ်ကို နံနက် ၇ နာရီခွဲမှ ၈ နာရီခွဲအထိ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    ကမာဝက်ဆန္ဒပြချီတက်ပွဲ(Facebook)
    ကမာဝက်ဆန္ဒပြချီတက်ပွဲ(Facebook)

    ကမာဝက်မြို့ခံ အငြိမ်းစားကျောင်းဆရာ နိုင်အောင်ဂျနဲ့က “ကျနော်တို့ပြည်သူတွေရဲ့ ဆန္ဒနဲ့လုပ်တာမဟုတ်ဘူး၊ သူတို့ ခေါ်လို့ သွားရတယ်၊ ဟိုရောက်တော့ သူတို့အဆင်သင့်လုပ်ထားတဲ့ ပိုစတာတွေ ဆိုင်းပုဒ်တွေ ကိုင်ခိုင်းတယ်၊ အဲဒါကို မှတ်တမ်း တွေ ရိုက်ယူသွားတယ်” ဟု ပြောသည်။

    ဆန္ဒပြသူများ၏ သုံးပုံတစ်ပုံခန့်သာလျှင် ကမာဝက်မြို့ခံများပါဝင်ပြီး ကျန်သူများမှာ မုဒုံမြို့နယ်ရှိ အခြားသော ကျေးရွာများမှ ခေါ်ဆောင်လာကြောင်း ၎င်းက ဆက်ပြောသည်။

    ဆန္ဒပြအဖွဲ့သည် ကမာဝက်မြို့ ဓါတ်ပေါင်းစုံကျောင်းမှ စတင်ကာ အဝေးပြေးလမ်းမကြီးရှိ စာသင်ကျောင်းအထိ ကြွေးကျော်သံ များဖြင့် ဆန္ဒပြခြင်း ဖြစ်သည်။

    ကြွေးကျော်သံများမှာ “ပြည်ထောင်စုနေ့အမှတ်တရ အပစ်အခတ်ရပ်စဲကြ ပြည်သူ့ဆန္ဒ၊ ငြိမ်းချမ်းရေးကို လိုလားသည်၊ အပစ်အခတ်အမြန်ရပ်စဲပေးပါ၊ လူထုအားလုံး အေးချမ်းစွာနေလိုတယ်၊ အပစ်အခတ် ရပ်စဲပေးပါ” တို့ ဖြစ်သည်။

    ကမာဝက်မြို့ မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ဗညားချမ်းက “ဒီဆန္ဒပြပွဲမှာ မွန်အမျိုးသားပါတီ မပါဘူး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီလည်း မပါဘူး၊ ကမာဝက်စာပေးယဉ်ကျေးမှု အဖွဲ့လည်း မပါဝင်ဘူး၊ အုပ်ချုပ်ရေးမှူးတွေကပဲ ဦးဆောင် သွားတယ်” ဟု ဆိုသည်။

    ထိုလုပ်ဆောင်ချက်အပေါ် လက်မခံနိုင်သည့်အတွက် ကမာဝက်မြို့ရှိ မွန်အမျိုးသားပါတီမှ အချက် (၂) ချက်ပါ ပိုစတာများ ကပ်ခဲ့ကြောင်း နိုင်ဗညားချမ်းက ဆိုသည်။

    မွန်အမျိုးသားပါတီမှ ထုတ်ပြန်ထားသည့် ပို့စတာတွင် ခေါင်းစဉ်အဖြစ် “ပြည်ထောင်စုနေ့အမှတ်တရ ငြိမ်းချမ်းရေး အမြန် ဖော်ဆောင်ကြ” ဖြစ်ပြီး (၁) ပြည်ထောင်စု တိုင်းရင်းသားများကို အခြေခံသည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အာမခံချက် အပြည့်အဝပါရှိသည့် ထာဝရငြိမ်းချမ်းရေး လက်မှတ်ဝိုင်းဝန်းရေးထိုးရေး၊(၂) ပြည်ထောင်စု တိုင်းရင်းသားများ လိုလားသော ပြည်ထောင်စုဖက်ဒရယ် တပ်မတော်ဖော်ဆောင်ရေး တို့ပါဝင်ကြောင်းသိရသည်။

    ထို့အတူ ယနေ့တွင် ကမာဝက်မြို့ ခြင်္သေ့ကျောင်းဆရာတော်၏ အနှစ် ၁၁၀ မွေးနေ့ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးအုန်းမြင့် တက်ရောက်သည့်အချိန်နှင့် ဆန္ဒပြပွဲတိုက်ဆိုင်နေသည်ဟု ဒေသခံများက ဆိုသည်။

    တဖက်တွင်လည်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT ခေါင်းဆောင်ဖြစ်သူ မွန်ပြည်သစ်ပါတီဒုဥက္ကဌ နိုင်ဟံသာ သည်လည်း မော်လမြိုင် မြို့ ၊ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ယနေ့တွင်ပြုလုပ်သော “ငြိမ်းချမ်းရေးဖိုရမ်(မွန်ပြည်နယ်) Civil Societies Forum For Peace(Mon State)” သို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေနှင့်အတူ မိန့်ခွန်းတက်ရောက် ပြောကြားခဲ့သည်ဟု သိရသည်။

    ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် သေချာသောကတိကဝတ်များ၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ နှစ်ဖက် လိုက်နာရမည့် စည်းကမ်းချက် များ သဘောတူညီမှုမရရှိသေးသည့်အတွက် လာမည့်ပြည်ထောင်စုနေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်လိမ့်မည်မဟုတ်ကြောင်း နိုင်ဟံသာက IMNA သတင်းဌာနသို့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်သည်။

    ယခုအစိုးရသက်တမ်း၌ ကမာဝက်မြို့ဆန္ဒပြပွဲသည် ပထမဆုံးအကြိမ်ဖြစ်ပြီး လက်ရှိမွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်၏ မွေးရပ်ဇာတိမြေလည်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks