spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းသတ္တုများ စနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ဆို

    သတ္တုများ စနစ်တကျ ထုတ်လုပ်နိုင်ခြင်းမရှိဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ဆို

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများ စနစ်တကျ ထုတ်လုပ်နိုင်မှုမရှိဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံးတွင် ယမန်နေ့၌ ပြောကြားခဲ့သည်။

    သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ် အတွင်းရှိ သတ္တုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား တွင် ယင်းကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “ကရင်ပြည်နယ် ဇွဲကပင်ဒေသမှာ သတ္တုတွင်းထွက်တွေ အများကြီးထွက်တယ်၊ ဒါပေမယ့် အဲဒီဒေသကို ကျနော်တို့ ခုထိမသွားရောက်နိုင်သေးဘူး၊ ကျနော့်တို့ သတ္တုတွင်း ဝန်ကြီး သွားကြည့်မယ် လုပ်နေတယ် ဟိုဘက်(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း)က လက်မခံလို့ဆိုပြီး မရောက်ဘူး၊ လုပ်ငန်းရှင်တွေက လုပ်ကိုင်ခွင့်ရတယ်။ လုပ်လို့မရလို့ဆိုပြီး လုပ်ငန်းလိုင်စင်လာပြန်အပ်တာလည်းရှိတယ်။ တချို့နေရာ လုပ်မယ့်သူတော့ မရှိဘူးဆိုပေမယ့် ဘီးလင်းမြစ်ကြီး ကတော့ နီရဲနေတာကိုတော့ တွေ့ရတယ်။ အဖျားမှာ ဘာတွေလုပ်နေသလဲ ဆိုတာကို မှန်းဆလို့တော့ ရနေတယ်” ဟု ဦးဇော်မင်းက ပြောသည်။

    ကရင်ပြည်နယ်တွင် အကြီးစားသတ္တုလုပ်ငန်း ၁၂ ခု၊ အသေးစား ၄၃ ခု၊ လက်လုပ်လက်စား ၁၀ ခုနှင့် စမ်းသပ် ၄၃ ခု သတ္တုတွင်းစုစုပေါင်း ၁၀၈ ခုရှိပြီး ခနောက်စိမ်း၊ ထုံးကျောက်၊ ဂေါ်ဒန်၊ သွပ်၊ သံရိုင်းနှင့် ခရမ်းစွဲတို့ကိုလည်း ထုတ်လုပ်နေကြောင်း ၄င်းက ပြောသည်။

    “သဘာဝသယံဇာတနဲ့ စွမ်းအင်တွေကို အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်” ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်က ဆက်ပြောသည်။

    သတ္တုတွင်းတူးဖော်ထုတ်လုပ်ရာတွင် စီမံကွပ်ကဲမှုလုပ်ငန်းများ အရေးကြီးကြောင်း သံယံဇာတထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ကြိုးပမ်းဖော်ဆောင်ရေး (Extractive Industries Transparency Initiative EITI) ရုံးမှ မင်းဇာနည်လင်းက ပြောသည်။

    သတ္တုလုပ်ငန်းတွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သည် သယံဇာတ ပေါကြွယ်ဝသော ဒေသဖြစ်ကြောင်း ကရင်ပြည်နယ်တွင် ခနောက်စိမ်းနှင့် ထုံးကျောက် တို့ကို စီးပွားဖြစ်ထုတ်လုပ်နေသော်လည်း ဖာပွန်မြို့နယ်၊ဘားအံမြို့နယ်စပ်ကြား နယ်မြေတွင် သံရိုင်းများ ထုတ်ယူသုံးစွဲခြင်း မရှိသေးကြောင်း၊ ကျောက်မီးသွေးမှာ ဇမိမြစ်နှင့် ဝင်းယော်မြစ်အကြား ကျောက်ခက်ဒေသတွင် အနည်းငယ် ထုတ်ယူနေသည်ဟု ဦးဇော်မင်းက ပြောသည်။

    ဆက်လက်၍ ဦးဇော်မင်းက “ငြိမ်းချမ်းရေးတည်ဆောက်နေသည့် အချိန်မှာ မွန်ပြည်နယ်ရော ကရင်ပြည်နယ်ပါ ရလဒ်ကောင်းတွေ အများကြီး ရနေပြီ၊ လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်တော့မှာပါ၊ တချို့နေရာလေတွေမှာ ဥပဒေနှင့်အညီ အပြည့်အဝ မဖြစ်သေးပေးမဲ့လည်း နေရာတော်တော်များများ မှာတော့ ညှိနှိုင်းနေဆဲပါ၊ နိုင်ငံတော်သမ္မတကလည်း သယံဇာတနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ပဏာမ သဘောတူ

    သတ္တုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား(IMNA)
    သတ္တုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား(IMNA)
    လက်မှတ်ရေးထိုးပြီးသား ဖြစ်တဲ့အတွက် အခုအချိန်မှာ ညှိနှိုင်းမှုဆောင်ရွက်ရမဲ့ အချိန်ရောက်နေပြီ” ဟု ဆိုသည်။

    မြန်မာနိုင်ငံ၏သတ္တုတူးဖော်သည့်လုပ်ငန်းများသည် ပြည်တွင်းစစ်နှင့်အတူ ပေါက်ဖွားလာပြီး လက်နက်တိုင်အဖွဲ့များရှိ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ဝနယ်မြေ၊ ကိုးကန့်နယ်မြေနှင့် ကချင်ပြည်နယ်တို့တွင် တည်ရှိနေသည့်အတွက် အစိုးရအနေဖြင့် နယ်မြေအားလုံးကို မစိုးမိုးနိုင်ကြောင်း၊ အဆိုပါနေရာများတွင် တရားမဝင်အဖွဲ့မှ တရားမဝင်ခွင့်ပြုခဲ့သည်များလည်းရှိကြောင်း၊ သယံဇာတများကိုအကျိုးရှိရှိ အသုံးမချနိုင်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်က အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks