spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းအဓ္ဓမပြုကျင့်အသတ်ခံ ကချင်ဆရာမနှစ်ဦးအတွက် မွန်ပြည်နယ်တွင် မေတ္တာပို့ဆုတောင်းပွဲပြုလုပ်

    အဓ္ဓမပြုကျင့်အသတ်ခံ ကချင်ဆရာမနှစ်ဦးအတွက် မွန်ပြည်နယ်တွင် မေတ္တာပို့ဆုတောင်းပွဲပြုလုပ်

    -

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာ၌ ယခုလ ၁၉ ရက်နေ့တွင် ကချင်တိုင်းရင်းသူ စေတနာဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ်ရှိ လူငယ်များ၊ ၈၈ အဖွဲ့များ၊ မွန်အမျိုးသမီး အဖွဲ့ နှင့် CSO အဖွဲ့တို့ ပူပေါင်း၍ မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဆုတောင်းပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ မရမ်းကုန်ရပ်ရှိ ကျိုက်သုတ်စေတီတော်တွင် ယနေ့ညနေ ၆ နာရီတွင် လူအင်အား တစ်ရာခန့် ပြုလုပ်ခဲ့ကြောင်း မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲတွင် ပါဝင်သူ ကိုကြည်ဇော်လွင်က ပြောသည်။

    “အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုကို ကျနော်တို့ လက်မခံနိုင်ဘူး၊ အထူးသဖြစ် စစ်မြေပြင်မှာ ဒီလိုအကြမ်းဖက်မှုကို ပိုပြီး လက်မခံနိုင်ဘူး၊ ဒါကို ရှုံ့ချတယ်၊ ဒီနေ့မှာ ဆရာမနှစ်ဦးရဲ့ ဈာပန အခမ်းအနားလည်းရှိနေတဲ့အတွက် သူတို့နှစ်ယောက် ကောင်းရာမွန်ရာ ရောက်အောင် ဒီဆုတောင်းပွဲလေး လုပ်ဖြစ်တာပါ” ဟု ကိုကြည်ဇော်လွင်က ဆက်ပြောသည်။

    ဆက်လက်၍ ကချင်တိုင်းရင်းသူ စေတနာဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ အမှုမှန် မပေါ်ပေါက်ပါက မိမိတို့ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုမှတဆင့် ဆန္ဒပြပွဲပြုလုပ်ရန်အထိ စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ အမျိုးသမီးအဖွဲ့များကွန်ရက်၊ ကချင်ငြိမ်းချမ်းရေးကွန်ရက်နှင့် ကျားမတန်းတူညီမှုအဖွဲ့ တို့ကလည်း ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

    အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက “ ကျမတို့ အစိုးရကို တောင်းဆိုထားတာကတော့ အမှုမှန်တကယ် ပေါ်ပေါက်ဖို့အတွက် စစ်မှန်တဲ့ စုံစမ်းစစ်ဆေးရေးတွေ လုပ်ဖို့အတွက် အစိုးရက လက်ခံပေးဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့ စောင့်ကြည့်ရင်းနဲ့ အစိုးရကို ဆက်တိုက် တိုက်တွန်းသွားမယ်၊ အခုဖြစ်ရပ်မှာလည်း တခြားဖြစ်ရပ်တွေလိုပဲ တစ်ဖြည်းဖြည်း ပျောက်သွားတဲ့ဟာမျိုး မဖြစ်အောင် လေ့လာစောင့်ကြည့်သွားမယ်” ဟု ဆိုသည်။

    ဆက်လက်၍ ယခုဆရာမ နှစ်ဦးကိစ္စရပ်နှင့်ပတ်သက်၍ နေပြည်တော် အထူးဆုံးစမ်းစစ်ဆေးရေး ဌာနမှ လုပ်ဆောင်ချက်များကို အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ အယုံအကြည်မရှိကြောင်း မြန်မာနိုင်ငံ၏ တရားရေးစနစ်မှာ စစ်တပ်မှ ပစ်မှုကျူးလွန်ခဲ့သော် အမှုမှန်မပေါက်ရန် ဖုံကွယ်ထားတတ်ကြောင်း၊ ထိုသို့မဖြစ်ရန် နိုင်ငံတကာမှ ဖိအားကို ယူ၍ တိုက်တွန်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ဒေါ်တင်တင်ညိုက “ စစ်တပ်အနေနဲလည်း မြန်မာနိုင်ငံကို ကာကွယ်ပေးနေတဲ့ စစ်တပ်ဖြစ်ချင်တယ် ဆိုရင်တော့ ကိုယ့်တပ်ကဘယ်သူမဆို ကျူးလွန်တယ် ဆိုရင် ကျူးလွန်တဲ့သူကို ထိရောက်စွာ အရေးယူဖို့လိုတယ်၊ စစ်တပ်ဆိုင်ရာ တရားရေးစနစ်နဲ့ အရပ်ဖက်တရားရေးစနစ်ပူးပေါင်းပြီး ပွင့်လင်းမြင်သာမှုရှိရမယ်” ဟု ဆိုသည်။

    ထိုမျှမက အမေရိကန်အစိုးရမှလည်း ထိုဆရာမ နှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရန် မြန်မာအစိုးရကိုတောင်းဆို ထားကြောင်း သိရသည်။

    အဓမ္မပြုကျင့်ခံခဲ့ရသည့် ကချင်တိုင်းရင်းသူ ကျောင်းဆရာမ နှစ်ဦး၏ ဈာပနကို ယနေ့ မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ကြောင်း၊ အလားတူ ထိုဆရာမနှစ်ဦး

     မွန်ပြည်နယ်မှ ကချင်ဆရာမနှစ်ဦးအတွက်မေတ္တာပို့ဆုတောင်းပွဲ(Ko Zaw)
    မွန်ပြည်နယ်မှ ကချင်ဆရာမနှစ်ဦးအတွက်မေတ္တာပို့ဆုတောင်းပွဲ(Ko Zaw)
    အတွက် ရည်စူး၍ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံတွင်လည်း လွမ်းသူ့ပန်းခွေချ အခမ်းနားတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks