spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ဆုံးရှုံး

    ရေးမြို့ ဘုရင်မစားသောက်ဆိုင် မီးလောင်ဆုံးရှုံး

    -

    ကာလတန်းဖိုး သိန်းတစ်ထောင်ကျော် ပျက်စီးဆုံးရှုံးသည့် စားသောက်ဆိုင်၊ နေအိမ်နှင့် မော်တော်ကား မီးလောင်ကျွမ်းမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့၊ အဏ္ဏဝါရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မ စားသောက်ဆိုင်မှ စတင်ဖြစ်ပွားခဲ့သည်။

    သီရိနန္ဒာရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့မှ ဦးစီး (ပြန်/ဆက်) ဦးညာ က “၁၁ ခွဲလောက်မှာ မီးစလောင်တယ်။ လေကလည်း တအားကြမ်းတယ်။ ဆီဆိုင်ကလည်း လမ်းမတစ်ခုပဲ ခြားတယ်။ လေက အဲဒီဘက်မတိုက်လို့ ကံကောင်းသွားတာ” ဟု ပြောသည်။

    ဘုရင်မ စားသောက်ဆိုင်သည် ရတနာ စက်သုံးဆီ အရောင်းဆိုင်ကြီး (ယခင် ဘီအိုစီ) ၏ လမ်းတဖက်တွင် ရှိသော်လည်း ဆီဆိုင်သည် လေညာဘက်တွင် တည်ရှိခြင်း၊ အခြားလေအောက်ဖက်တွင်လည်း အဏ္ဏဝါချောင်း (ကွမ်တိုးချောင်း) နှင့် ဓနိတောတစ်ခု ခြားနေခြင်းတို့ကြောင့် မြို့တွင်းသို့ မီးများ မကူးစက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

    ရဲမှတ်တမ်း၏ အဆိုအရ စားဖိုဆောင်မှ စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး၊ အရန်မီးသတ် ၃၀ ဦး၊ မီးသတ်ကား ၃ စီး၊ ရေသယ်ကား ၃ စီးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း ၊ ည ၁၁ နာရီ၊ ၅၀ မိနစ်တွင် မီးညွတ် ကျိုးပြီး၊ သန်းခေါင်ကျော် ၁၂ နာရီ၊ ၁၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

    ယင်းမီးလောင်းကျွမ်းမှုကြောင့် စားသောက်ဆိုင် ပိုင်ရှင် ဦးထင်ကျော် နေအိမ် (၂၀x၄၀) ပေ သွပ်မိုး အုတ်ညှပ် နှစ်ထပ်တိုက် (၁) လုံး၊ အလျား (၁၅၀x၅၀) ပေ သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း စားသောက်ဆိုင်ခန်းကြီး (၁) လုံး၊ ဆိုင်ရှေ့ရှိ တိုယိုတာ ဖိုးဝီး (၂) ခန်းတွဲ အဖြူရောင် မော်တော်ကား (၁) စီး ပျက်စီးကာ ဆုံးရှုံးမှု တန်ဖိုး (၉၁၂၅၀ဝ၀ိ/-) ရှိသည်ဟုလည်း မှတ်တမ်းတွင် ဖော်ပြထားသည်။

    စားသောက်ဆိုင် အနီးတွင် နေထိုင်သူတစ်ဦးက “မီးစလောင်တာနဲ့ ကားပိုင်ရှင်က ကားဆီပြေးပြီး စက်နှိုးတာ နှိုးမရဘူး။ အနီးက လူတွေကို အကူအညီ

    ဘုရင်မစားသောက်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပုံ(IMNA)
    ဘုရင်မစားသောက်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပုံ(IMNA)
    တောင်းပြီးလည်း တွန်းသေးတယ်။ ဒါပေမဲ့ အပူဒဏ်ကို မခံနိုင်လို့ ထွက်ပြေးကြလို့ အဆုံးခံလိုက်ရတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။

    ယင်းလောင်းကျွမ်းမှုနှင့် ပတ်သက်၍ စားသောက်ဆိုင် ပိုင်ရှင် ဦးထင်ကျော် အား ဒုရဲအုပ် ဇော်မင်းထွန်းမှ တရားလို ပြုကာ ရေးမြို့နယ် ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    လွန်ခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဆက်သုံးဆီ သိုလှောင်ရုံနှင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာတို့၌ မီးလောင်းကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု သိန်းထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks