spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းတိုင်းရင်းစာပေသင်ကြားရေးနှင့် ငြိမ်ချမ်းရေးစိန်ခေါ်မှုခေါင်းစဉ်ဖြင့် မွန်ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲပြုလုပ်မည်

    တိုင်းရင်းစာပေသင်ကြားရေးနှင့် ငြိမ်ချမ်းရေးစိန်ခေါ်မှုခေါင်းစဉ်ဖြင့် မွန်ကျောင်းသားသမဂ္ဂ ဆွေးနွေးပွဲပြုလုပ်မည်

    -

    တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ငြိမ်းချမ်းရေး စိန်ခေါ်မှု ခေါင်းစဉ်ဖြင့် မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမှ မွန်ကျောင်းသား အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ခုကို လာမည့် ဇန်နဝါရီလ ၂၄ နှင့် ၂၅ ရက်နေ့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂမှ သိရသည်။

    အဆိုပါ ဆွေးနွေးပွဲ ပြုလုပ်မည်နေရာအား အစဉ်သင့် မဖြစ်သေး၍ ပြောကြား၍ မရသေးကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ လုပ်ငန်း တာဝန်ခံ ကိုဘုန်းမြတ်မိုးက ပြောသည်။

    ကိုဘုန်းမြတ်မိုးက “အဓိက က တော့ မွန်ပြည်နယ်က ကျောင်းသားတွေ အားလုံးပါဝင်အောင် လုပ်မယ်၊ ပြီးရင် ကျန်တဲ့ အဖွဲ့တွေဖိတ်မယ်၊ ပြည်မ က ကျောင်းသားတွေကိုတော့ ရွေးပြီးဖိတ်ကြားသွားမယ်” ဟု ပြောသည်။

    ထိုဆွေးနွေးပွဲမှ တစ်ဆင့် လက်ရှိပညာရေး စနစ်နှင့် လက်ရှိပညာရေးဥပဒေတို့အား မွန်ပြည်နယ် ကျောင်းသားများနှင့် ဆရာ၊ဆရာမ မျာအား ရှင်းပြသွားမည် ဖြစ်ကြောင်း ကိုဘုန်းမြတ်မိုး ပြောသည်။

    မွန်ပြည်နယ်မှ ကျောင်းသား များ စည်းလုံးညီညွတ်ရေးနှင့် ရိုင်းပင်းကူညီမှုများတိုးပွားစေရန် အတွက် မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ အား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လ ၂၆ ရက်နေ့ ဖွဲ့စည်းလိုက်ကြောင်း တက္ကသိုလ်ကျောင်းသားများထံက သတင်းရရှိသည်။

    လက်ရှိအချိန်တွင် မွန်ပြည်နယ်နည်းပညာတက္ကသိုလ်(မော်လမြိုင်)နှင့်မော်လမြိုင် တက္ကသိုလ်တို့မှ ကျောင်သား အယောက် ၃၀ ဖြင့် အဆိုပါကျောင်းသားသမဂ္ဂဖွဲ့စည်းထားပြီး ၁၀ဦး ပါဝင်သော လုပ်ငန်းအဖွဲ့ပါ ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ အနာဂတ်တွင် မွန်ပြည်နယ်ရှိ တက္ကသိုလ်ကျောင်း အားလုံးမှ ကျောင်းသားများပါဝင်လာနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

    မွန်ကျောင်းသား သမဂ္ဂသည် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ဖွဲ့စည်းခဲ့သော်လည်း ယခု ဇန်နဝါရီလ ၁၃ ရက်နေ့မှ သမဂ္ဂအား ဖွဲစည်းပြီးကြောင်း ကြေညာခဲ့သည်။

    မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းအား ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့(ဗကသ) မှ ကြိုဆိုကြောင်း ဗကသ ကျောင်းသား ကိုရဲရင့်ကျော်က ပြောသည်။

    “အဲဒါက အရင်ယာယီမှာလုပ်ကတည်းကိုယ်က ကျွန်တော်တို့နဲ့ အဆက်အသွယ်ရှိပါတယ်၊ ဒီခေတ်အနေအထားအရ ဗကသ အနေနဲ့ ဒီလို ပြည်နယ်က ကျောင်းသားသမဂ္ဂတွေနဲ့ မပာမိတ် အသွင် သဏ္ဍန်နဲ့ ပေါင်းလုပ်နေ ပါတယ်၊ သူတို့ ပြည်နယ်သူတို့ လူမျိူးအတွက် ပိုပြီး ထိရောက်စွာလုပ်နိုင်တဲ့ အဖွဲ့ အဖြစ်နဲ့ အခုလို ပေါ်လာတာ ဖြစ်ပါတယ်”ဟု ကိုရဲရင့်ကျော်က ပြောသည်။

    မွန်ပြည်နယ် ကျောင်းသားသမဂ္ဂမဖွဲ့စည်းခင်အချိန်မှစ၍ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး အဖွဲ့အနေဖြင့် ကျောင်းသား
    များ၏ အခွင့်အရေးနှင့် မိခင်ဘာသာစကား သင်ကြားခွင့် ရရေးစသည့် လှုပ်ရှာုးမှုများပြုလုပ်ခဲ့သည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ အတွင်း ရန်ကုန်တွင် ကျောင်းသားထုအရေးပေါ်အစည်းအဝေး ၃ ရက်ကြာပြုလုပ်၍ ပညာရေးဥပဒေအား ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ရာ မွန်ကျောင်းသား အချို့လည်းပါဝင် ချီတက်ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks