spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်နယ်အစိုးရနှင့် CSO, NGOs များ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

    ပြည်နယ်အစိုးရနှင့် CSO, NGOs များ လုပ်ငန်းပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

    -

    မွန်ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှု ထိရောက်စေရန်အတွက် အစိုးရမဟုတ်သော အဖွဲ့စည်းများ၊ ပြည်နယ်တွင်း အဖွဲ့အစည်းများနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ဇန်နာဝါရီလ ၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်အစိုးရရုံးရှိ အောင်ဆန်းခန်းမတွင်ကျင်းပသော အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ၊ ပြည်နယ်ဥပဒေချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂလက်အောက် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးကြသည်။

    ဝန်ကြီးချုပ် ဦးအုန်းမြင့်က “တူရာတူရာ ပေါင်းပြီးလုပ်တာ ပိုပြီးအကျိုးရှိတယ်၊ အန်ဂျီအို မပြောနဲ့ ကျနော်တို့ အစိုးရနဲ့
    တိုက်ရိုက်ထိတွေ့နေတာတောင် မသိဘူးလို့ ပြောတဲ့အခါကျတော့ တော်တော်လေးကို အားနည်းချက် ရှိနေတယ်” ဟု ပြောသည်။

    အဆိုပါအဖွဲ့အစည်းများမှ သက်ဆိုင်ရာမြို့နယ်များတွင် လုပ်ငန်းဆောင်ရွက်ရန်၊ အချက်အလက်များရရှိရန် သက်ဆိုင်ရာမြို့နယ် ထောက်ကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မြေယာစီမံခန့်ခွဲမှု ကော်မတီတို့နှင့် ဆက်သွယ်ပူးပေါင်းကြရန်
    ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှ မွန်ပြည်နယ်တာဝန်ခံ ဦးကျော်ကျော်စိုးက အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ပိုမိုထိရောက်စေရန်အတွက် အစိုးရအဖွဲ့ကိုယ်စား အဆင့်မြင့်အရာရှိတစ်ဦးထားရှိရန် အဖွဲ့အစည်းအားလုံးကိုယ်စား အကြုံပြုခဲ့သည်။

    မွန်ပြည်နယ်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအကြား ဆက်သွယ်နိုင်ရန် မွန်ပြည်နယ် ဝန်ကြီးချုပ်မှ အဆင့်မြင့်အရာရှိတစ်ဦးကို ခန့်အပ်ခဲ့သည်။

    အဆိုပါအဆင့်မြင့်အရာရှိကို စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ စီမံကိန်းညွန်မှူး အရာရှိတစ်ဦးကို မွန်ပြည်နယ်ဝန်ကြီးချုပ်
    ဦးအုန်းမြင့်က ထိုဆွေးနွေးပွဲတွင် တိုက်ရိုက်ခန့်ခဲ့သည်။

    ယခုကဲ့သို့ မွန်ပြည်နယ်အစိုးရမှ Focal Person တစ်ဦး သတ်မှတ်ပေးထားခြင်းသည် NGOs နှင့် INGOs တို့ ရှေ့ဆက်
    ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ရှေ့အလားအလာကောင်းမွန်ပြီး NGOs နှင့် INGOs Agencies တို့၏ အစည်းအဝေးများတွင်လည်း အဆိုပါ အဆင့်မြင့်အရာရှိကို ဖိတ်ကြားသွားမညဟု ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မှ မွန်ပြည်နယ်
    တာဝန်ခံ ဦးကျော်ကျော်စိုးက ဆိုပါသည်။

    ရပ်/ကျေးအဆင့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် လိုအပ်သော စာရင်းဇယားကောက်ယူရာတွင် အဆင်ပြေစေရန် နိုင်ငံတော်မှ
    စနစ်တကျဖွဲ့စည်းထားသော စီမံခန့်ခွဲရေးကော်မတီဝင်၊ စည်ပင်သာယာရေးကော်မတီဝင်၊ ဖွံ့ဖြိုးရေးကော်မတီဝင်များကို
    အဖွဲ့စည်းနှင့်ပတ်သက်ပြီး အကျွမ်းတဝင် သိရှိထားစေလိုကြောင်း လုပ်ငန်းဆောင်ရွက်မှုအဆင်ပြေစေရန် ပုံမှန်ထိတွေ့မှု ရှိစေလိုကြောင်း၊ လက်ရှိဆောင်ရွက်နေသော နိုင်ငံတော်အစိုးရ၏ ဖွံ့ဖြိူးတိုးတက်မှု စီမံကိန်းများကို သိစေလိုကြောင်း ဦးကျော်ကျော်စိုးမှ မေးမြန်းခဲ့သည်။

    NGOs နှင့် INGOs အဖွဲ့အစည်းအသီးသီးမှ ၄င်းတို့၏လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြကြသည့်အတွက် လွှတ်တော်၊ အစိုးရအဖွဲ့များ၊ တက်ရောက်တဲ့ ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့ အားလုံးမှ မည်သည့်နေရာတွင် အားနည်းချက်များရှိနေသည်ကို သိရှိပြီး အချင်းချင်း အပြန်အလှန် ချိတ်ဆက်ရန် လိုအပ်နေသည်ကို တွေ့မြင်သွားမည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

    “မြင်ရတာတော့ အပေါင်းလက္ခဏာဆောင်ပါတယ်၊ အစည်းအဝေးမလုပ်ခင်ကတည်းက မျှော်မှန် ရလဒ်တွေ ရခဲ့ပါတယ်၊ ဝန်ကြီးချုပ်ကလည်း သူဆုံးဖြတ်ပေး ရမယ့်အပိုင်းကို တစ်ခါတည်းဖြတ်ပေးခဲ့ပါတယ်” ဟု ဦးကျော်ကျော်စိုးက ပြောသည်။

    သို့သော် ယခုတွေ့ဆုံပွဲကြောင့် ရှေ့ဆက်ပြီး ပြည်နယ်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာလည်း ပိုပြီးထိရောက်အောင်မြင်နိုင်ကြောင်း Gap မဖြစ်နိုင်တော့ကြောင်း၊ ယခုကဲ့သို့သော တွေ့ဆုံမှုမျိုးကို ယခင်ကာလတွင်လည်း မလုပ်ဘူးကြောင်း၊ အဓိက
    မွန်ပြည်နယ်တွင် Coordination body တစ်ခုကို ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးရေး စနစ်တစ်ခုဖြစ်စေလိုကြောင်း
    ဦးကျော်ကျော်စိုးက ဆိုပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks