Wednesday, March 25, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့ပေါ် သေနတ်ဖြင့်လုယက်သူ မည်သည့်အဖွဲ့အစည်းဝင်ဖြစ်သည်ကို စိစစ်ဆဲ

    မော်လမြိုင်မြို့ပေါ် သေနတ်ဖြင့်လုယက်သူ မည်သည့်အဖွဲ့အစည်းဝင်ဖြစ်သည်ကို စိစစ်ဆဲ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြီးအနီးရှိ ပဲဆီရုံလမ်းတွင် ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ့ ၄ နာရီခန့်က သေနတ်ဖြင့်လုယက်မှု ကျူးလွန်ခဲ့သူအား မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းဝင်ဖြစ်သည်ကို စိစစ်နေဆဲဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ကျအရာရှိတစ်ဦးက IMNA သို့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖုန်းဖြင့် ပြောကြားခဲ့သည်။

    အောင်ထွေးမိုး ကိုင်ဆောင်သောပစ္စတို(Mawlamyine Time)
    အောင်ထွေးမိုး ကိုင်ဆောင်သောပစ္စတို(Mawlamyine Time)
    တာဝန်ကျအရာရှိတစ်ဦးက “သူက မြဝတီဘက်ကလာတာပါ၊ ဘယ်အဖွဲအစည်းကလဲဆိုတာ စစ်ဆေးနေပါတယ်၊ လောလောဆယ်တော့ မော်လမြိုင်မြို့မ ရဲစခန်းမှာ စခန်းမှူးကိုယ်တိုင် စစ်ဆေးနေပါတယ်” ဟု ပြောသည်။

    အခင်းဖြစ်ပွားရာနေအိမ်သို့ အောင်ထွေးမိုး(အသက် ၄၀ နှစ်) ကိုင်ဆောင်သော ပစ္စတိုတစ်လက်ဖြင့် ဝင်ရောက်ကာ သေနတ်ဖောက်၍ အိမ်ရှင်ထံငွလုယက်ရာ ရပ်ကွက်လူထုများ ရောက်လာရာပြီး လုံးထွေးရင်းဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်ပွားခဲ့သော ပတ်ဝန်းကျင်မှ သိရသည်။

    “ဓါးပြလို့ အော်သံကြားတယ်၊ သေနတ်ဖောက်သံကြားတယ်၊ အဲဒီလိုကြားတော့ မိန်းမကော ယောကျာ်းတွေကော အဲဒီအိမ်သွားတယ်၊ အဲတော့မှ အိမ်နားက လူတွေက အောင်ထွေမိုးကို ဝင်လုံးကြတယ်၊ ဝင်လုံးပြီးတော့ ဖမ်းကြတယ်၊ အောင်ထွေးမိုးလည်း ဒဏ်ရာရတယ်၊ ပြီးတော့ ကြိုးတုတ်ပြီးရဲကို ဖုန်းဆက်တယ်”ပာု အခင်းဖြစ်ပွားချိန်တွင် ၎င်းအိမ်အနီးရှိသူတစ်ဦးက ပြောသည်။

    ယင်းသို့ အခင်းဖြစ်ပွားနေစဉ် လမ်းထိပ်တွင်စောင့်နေသော အောင်ထွေးမိုး၏ အဖေါ် ၂ ဦးသည်လည်း ၄င်းတို့စီးနင်းလာသော လိုင်စင်မဲ့ ကိုရိုလာဘန်မော်တော်ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားသည်ဟု ဆိုသည်။

    ကျည်ဆံ ၁၀ တောင့်အပါအဝင် တရုပ်လုပ် ၉ မမ ပစ္စတိုတစ်လက်၊ ထိုင်းနိုင်ငံယဉ်မောင်းလိုင်စင်တစ်ခုနှင့် ငွေလုယက်သူအား ယခုအခါ မြို့ရဲစခန်းတွင် ဖမ်းဆီးထားပြီးကြောင်း၊ အောင်ထွေးမိုး၏ မြန်မာနိုင်ငံသားမှတ်ပုံတင်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာသားဟု သိရသည်။

    လက်ရှိတွင် အောင်ထွေးမိုးအား လုယက်မှုပုဒ်မ ၃၉၄၊ လက်နက်မှုပုဒ်မ ၁၉(စ)နှင့် သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မော်လမြိုင်မြိုမ ရဲစခန်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks