spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြန်မာပြည်တွင် ဒီမိုကရေစီခေတ်ဆိုသော်လည်း သတင်းလွတ်လပ်ခွင့်မရှိသေးဟုပြော

    မြန်မာပြည်တွင် ဒီမိုကရေစီခေတ်ဆိုသော်လည်း သတင်းလွတ်လပ်ခွင့်မရှိသေးဟုပြော

    -

    ယနေ့မြန်မာနိုင်၏ အခြေအနေသည် ဒီမိုကရေစီစနစ်သို့ တိုးတက်ပြောင်းလဲလာသည်ဟု ဆိုသော်လည်း သတင်းလွတ်လပ်ခွင့် မရှိသေးကြောင်း နိုင်ငံတကာ မြန်မာ့သတင်း BNI က ဦးစီးပြုလုပ်သည့် Online Media For Peace Cross Cultural Dialogue Among Myanmar Ethnic Media Group ၏ Editorial Training ဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒု-ဥက္ကဌဦးခင်မောင်လေးက ပြောကြားသည်။

    BNI Editorial Training (IMNA)
    BNI Editorial Training (IMNA)
    UNESCO ကူညီထောက်ပံ့မှုဖြင့် ၅ ရက်တာကြာမြင့်မည့် အဆိုပါသင်တန်းကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ Fame ဟိုတယ်၌ ယမန်နေ့တွင် စတင်ဖွင့်လှစ်ခြင်း ဖြစ်သည်။

    ဦးခင်မောင်လေးက “ မြန်မာနိုင်ငံသတင်းစာသမိုင်းက သိပ်ကိုလှပါတယ်၊ မင်းတုန်းမင်းခေတ်မှာဆိုရင် သတင်းစာလွတ်လပ်ခွင့် အပြည့်အဝရရှိတယ်၊ အခုဒီမိုကရေစီခေတ်မှာ ဘာလို့သတင်းစာ လွတ်လပ်ခွင့် မပေးနိုင်ရတာလဲ” ဟု ဆိုသည်။

    နှစ်ပေါင်းများစွာ လွတ်လပ်ခွင့် ပိတ်ပင်ခံထားရသည့် မီဒီယာလောက ပွင့်လင်းလာသည့်နှင့်အမျှ သတင်းမီဒီယာ စစ်စစ်သာလျှင်အရေးကြီးကြောင်း၊ တိုင်းပြည်တိုးတက်မှုအတွက် စီမံကိန်ကြီးများ အကောင်အထည်ဖော်ရာတွင် မှန်ကန်သည့်အချက်အလက်ပေါ်တွင် မူတည်၍ အကောင်အထည်ဖော်မှသာလျှင် တိုင်ပြည်တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ တိုးတက်မှုကို လိုလားပါက ပြည်သူလူထုကို သတင်းအမှန်၊ အချက်အလက်မှန်များကိုသာ ပေးသင့်ကြောင်း ဦးခင်မောင်လေးက ဆက်ပြောသည်။

    BNI Editorial Training (IMNA)
    BNI Editorial Training (IMNA)

    “ဒီလိုပဲ တိုင်းရင်းသားမီဒီယာတွေ တိုးတက်ခြင်းက နိုင်ငံတိုးတက်ရေးအတွက် အထောက်အကူတစ်ရပ် ဖြစ်နေတယ်၊နောက်ပြီး ပြည်သူတွေကို အချက်အလက်မှန်၊ အသိအမြင်မှန်၊ လမ်းမှန်ပေးဖို့ဆိုတာ သတင်းသမားတွေသာလျှင်ဖြစ်တယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။

    အဆိုပါသင်တန်းဖွဲ့ပွဲသို့ BNI Board of Director များဖြစ်ကြသော နန်းဖောဂေ၊ နိုင်ကဆော့မွန်၊ ကိုခိုင်မြကျော်၊ ပြည်တွင်းမီဒီယာများမှ ကိုမြင့်ကျော်(MJN)၊ ဒေါ်မေသင်္ကြန်ဟိန်(မြစ်မခ)၊ မင်းချမ်းထိုက်(MJI)နှင့် BNI အဖွဲ့ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

    BNI အဖွဲ့ဝင်ဖြစ်သော ပြည်ပအခြေစိုက် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း သတင်းဌာနများနှင့် ပြည်တွင်းရှိတိုင်းရင်းသားမီဒီယာအဖွဲ့များမှ စုစုပေါင်း သင်တန်းသား ၁၆ ဦးတက်ရောက်လျက်ရှိသည်။

    အလားတူ UNESCO Myanmar မှ Mis.Raheela K.Chaudhry ကလည်း လက်ရှိမီဒီယာအားလုံးအနက် တိုင်းရင်းမီဒီယာသည် ၁၀ ရာခိုင်နှုန်းခန့် သာရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိမှသာလျှင် တိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံငြိမ်းချမ်းရန်အတွက် သတင်းသမားများသည်လည်း အရေး ကြီးသည့်အခန်ကဏ္ဍတစ်ခုတွင်ပါဝင်ကြောင်း ပြောဆိုခဲ့သည်။

    သင်တန်းရည်ရွယ်ချက်မှာ တိုင်းရင်းသားဒေသတွင်းရှိသတင်းများအား ပင်မ Main Stream Media ထဲသို့ ရောက်ရှိလာစေရန်၊ တိုင်းရင်းသားမီဒီယာအဖွဲ့များအကြား ကွန်ယက်တည်ဆောက်နိုင်ရန်၊ Main Stream Media များနှင့်အပြိုင် တိုင်းရင်းမီဒီယာများအနေဖြင့် အရည်အသွေးရှိသည့် သတင်းများ ထုတ်လုပ်နိုင်ရန် ဖြစ်သည်။

    လက်ရှိသမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ပုဂ္ဂလိကတိုင်းရင်းမီဒီယာများအနေဖြင့် သတင်းစာ၊ ဂျာနယ်များ တရားဝင်ထုတ်ဝေခွင့်ရရှိသော်လည်း ရေဒီယိုနှင့် ရုပ်သံများ ထုတ်လွှင့်ခွင့်လိုင်စင်မရှိသေးပေ။

    ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်က အစိုးရအဖွဲ့အာဏာရရှိချိန်မှ စတုတ္ထမဏ္ဍိုင်မီဒီယာအား လွတ်လပ်ခွင့်ပြုနေသည်ဟု မိန့်ခွန်းများတွင် မကြာခဏပြောကြားခဲ့သော်လည်း သတင်းထောက်များကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။

    အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW က ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် သမ္မတဦးသိန်းစိန်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် မြန်မာအစိုးရအနေဖြင့် စာနယ်ဇင်းများ၏ ဝေဖန်ထောက်ပြမှုကိုလက်ခံရန်နှင့် စာနယ်ဇင်းသမားများအား ရာဇဝတ်မှုဆိုင်ရာပုဒ်မများဖြင့် အရေးယူခြင်းမပြုရန်၊ စာနယ်ဇင်းများအပေါ် သည်းခံရန် HRW အမှုဆောင် ဒါရိုက်တာ Kenneth Roth က တောင်းဆိုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks