spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်း ကန့်ကွက်လက်မှတ်ကောက်ခံ

    အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်း ကန့်ကွက်လက်မှတ်ကောက်ခံ

    -

    ကန့်ကွက်လက်မှတ်များ(AK)
    ကန့်ကွက်လက်မှတ်များ(AK)
    မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တည်ဆောက်ရန်လျာထားသည့် အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အား စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်သည့်လက်မှတ်များကို ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့က ဦးဆောင်ကာ စတင်ကောက်ခံနေကြောင်း အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုက်အုပ်ဆရာတော် အရှင်နန္ဒက မိန့်သည်။

    အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်း ရေးမြို့တွင်ဆန္ဒပြစဉ်(Facebook)
    အံဒင်ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်း ရေးမြို့တွင်ဆန္ဒပြစဉ်(Facebook)
    ဖာလိန်ဒေသ ဆရာတော်များက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့နှင့် တွေ့ဆုံကာ စက်ရုံစီမံကိန်းကို ရပ်တန့်ပေးရန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သွားရောက်တွေ့ဆုံ မေတ္တာရပ်ခံပြီး ထိုနေ့တွင်ပင် ကန့်ကွက်လက်မှတ် စတင်ကောက်ခံခြင်း ဖြစ်သည်။

    “လောလောဆယ် အံဒင်ရွာတစ်ရွာပဲ ပြီးသေးတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ မှတ်ပုံတင်ရှိတဲ့သူတွေမှာပဲ ကန့်ကွက်လက်မှတ်တွေကောက်ခံခဲ့တယ်” ဟု အရှင်နန္ဒ က မိန့်သည်။

    အံဒင်ကျေးရွာတွင် အိမ်ခြေ ၅၀ဝ ကျော်ခန့်ရှိပြီး ကန့်ကွက်လက်မှတ် မထိုးသည့်အိမ် ၁၅ ခန့်သာ ရှိကြောင်း၊ ကာယကံရှင်တို့၏ ဆန္ဒအမှန် ဖြစ်ကြောင်း သက်သေပြရန်အတွက် လက်မှတ်ထိုးစဉ်တွင် မှတ်တမ်းဓါတ်ပုံ ရယူထားကြောင်း ဆရာတော်က မိန့်သည်။

    လက်ရှိတွင် ကန့်ကွက်လက်မှတ် ၁၀ဝ၀ ကျော် ကောက်ခံရရှိထားပြီး၊ ဖာလိန်ဒေသ ကျေးရွာဝင်များ ဖြစ်သည့် နှီးနှူ၊ သာဂရံ၊ နှီးကရုတ်၊ ပလိုင်သီ၊ ရွာသစ်ဓမင်းဆိပ် စသည့် ကျေးရွာများတွင်လည်း ကန့်ကွက်လက်မှတ်များကို ဆက်လက်ကောက်ခံသွားမည် ဖြစ်သည်ဟု ယနေ့ (ဒီဇင်ဘာ ၁၉ ရက်နေ့) တွင် နှီုးနှူကျေးရွာ ဘုန်းတော်ကျောင်းကြီး၌ ပြုလုပ်သည့် ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ အစည်းအဝေးမှ သိရသည်။

    ကန့်ကွက်လက်မှတ် ထိုးရေးသူ ဦးမင်းကြည်ရှိန် က “ကျွန်တော်တို့က ဒီစီမံကိန်းကို လုံးဝ မလိုလားဘူး။ ကျွန်တော်တို့ ဒေသ ပျက်စီးသွားမှာကိုလည်း လုံးဝ မလိုလားဘူး။ ဒါ့ကြောင့် ကန့်ကွက်လက်မှတ်ရေးထိုးလိုက်တာ” ဟု ပြောသည်။

    ကောက်ခံ ရရှိသည့် လက်မှတ်များကို ပြည်နယ် အစိုးရ၊ ပြည်ထောင်စု အစိုးရ အပါအဝင် သက်ဆိုင်သည့် ဌာနများသို့ ပေးပို့သွားမည်ဟု ဆရာတော်က မိန့်သည်။

    အလားတူ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) ကလည်း အံဒင်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့် လက်မှတ် ၅၀ဝ၀ ကို သြဂုတ်လကုန်ပိုင်းမှစ၍ စီမံကိန်းဝန်းကျင်ဒေသများ၌ ဖြန့်ဝေ ကောက်ခံထားသည်။

    ၎င်းပြင် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် YSS က ဦးဆောင်ပြီး ၎င်း၏အဖွဲ့ဝင်များ၊ စီမံကိန်းဒေသဝန်းကျင်မှ ဒေသခံများ၊ တက်ကြွလှုပ်ရှားသူများ စုစုပေါင်း ၄၀ဝ ကျော်က စက်ရုံစီမံကိန်း ကန့်ကွက်ကြောင်း ရေးမြို့တွင် စီတန်းလှည့်လည် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

    ဖာလိန်ဒေသ စည်းလုံးညီညွတ်ရေးအဖွဲ့ကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဒေသတွင်း စည်းလုံးညီညွတ်ရေးနှင့် ဒေသတွင် ဖြစ်ပေါ်လာမည့် အန္တရာယ်ကို စုပေါင်းဖြေရှင်းရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လမကုန်မီ ဗုဒ္ဓဘာသာအဖိတ်နေ့များတွင် လစဉ်တွေ့ဆုံဆွေးနွေးလျက်ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks