spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့ပေါ်တွင် ဓမ္မသရွာကျောင်းသားမိဘများ ဆန္ဒပြ

    ကျိုက်မရောမြို့ပေါ်တွင် ဓမ္မသရွာကျောင်းသားမိဘများ ဆန္ဒပြ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ အစိုးရ မူလတန်းကျောင်းမြေ ကျူးကျော်နေထိုင်မှုအား ကျောင်းသားမိဘ ၃၀ဝ က ယမန်နေ့ (ဒီဇင်ဘာ ၁၇ ရက်)တွင် ကျိူက်မရောမြို့ပေါ်သို့ သွားရောက်ဆန္ဒပြခဲ့သည်။

     ကျိုက်မရောမြို့တွင် ဆန္ဒပြနေပုံ(MA)
    ကျိုက်မရောမြို့တွင် ဆန္ဒပြနေပုံ(MA)
     ကျိုက်မရောမြို့တွင် ဆန္ဒပြနေပုံ(MA)
    ကျိုက်မရောမြို့တွင် ဆန္ဒပြနေပုံ(MA)
    “ဓမ္မသ ကျေးရွာမူလတန်းကျောင်းမြေပေါ် မကျူးကျော်စေရေး”၊ “ထိုကျောင်းမြေကျူးကျော်သူများအား အစိုးရမှ အရေးယူပေးရေး”၊ “ကျောင်းအဆောက်အအုံများ ပြန်လည်တည်ဆောက်ပေးရေး” စသည့် အချက် ၃ ချက်အား နံနက် ၁၁ နာရီ မှ မွန်းလွဲ ၃ နာရီ အထိ လှဲ့လည်တောင်းဆိုခဲ့ကြောင်း ဆန္ဒပြသူများထံက သိရသည်။

    “ဒီကိစ္စကို ဖြေရှင်းပေးဖို့ အာဏာပိုင်ကို ကျနော်တို့ စာတင်ထားပြီးပြီ။ ဖြေရှင်းပေးတာ မရှိသေးဘူး၊ အာဏာပိုင်တွေ ဘာမှမလုပ်ပေးလို့ အခုလို ပေါက်ကွဲပြီး ဆန္ဒပြရတာပါ။”ဟု ဆန္ဒပြသူ ကိုခင်ဇော်ဦးက ပြောသည်။

    မြေဧရိယာ ၁.၃၈ ဧက ကျယ်ဝန်းရှိ အဆိုပါမူလတန်းကျောင်း မြေနေရာကို ယခင်ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ရှိနေထိုင်သူများအား ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ အတည်မပြုနိုင်သည့် ပြောစကားများအရ သိရသည်။

    ထိုသို့ ကျူးကျော်နေထိုင်မှုများကြောင့် စာသင်ကျောင်းပိတ်ထားရပြီး ကျောင်းသားများသည်လည်း အခြားစာသင်ကျောင်းများတွင် သွားရောက်ပညာသင်ကြားနေရသဖြင့် အခက်အခဲများရှိနေကြောင်း ဦးဆောင် ဆန္ဒပြသူ ကိုမင်းအေးစိုး က ပြောသည်။

    “အထက ကျောင်းမှာ ကျောင်းသားက များတယ်၊ ဒီကကျောင်းသားတွေ အထကကျောင်းကိုသွားတက်နေရတော့ ခလေးတွေ နေထိုင်ရတာ ကြပ်တည်းနေတယ်” ဟု ကိုမင်းအေးစိုးကပြောသည်။

    အဆိုပါ ဆန္ဒပြမှုအတွက် လူအင်အား ၈၀ဝ ဆန္ဒဖော်ထုတ်ဖြင့် ခွင့်ပြုချက်တောင်းခံခဲ့ရာတွင် အာဏာပိုင်များက လူအင်အား ၃၀ဝ ခန့်သာ ခွင့်ပြုသဖြင့် လူ၃၀ဝ ဖြင့်သာ ဆန္ဒပြခွင့်ပြုကြောင်း ဦးဆောင်သူများထံက သိရသည်။

    ကျိူက်မရောက်မြို ့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအား IMNA က တယ်လီဖုန်းဖြင့်မေးမြန်းရာတွင် “ ဒီကိစ္စကျွန်တော်တို့ မသိပါဘူး၊ ဒီနေ့ ဆန္ဒပြမှ ဒီကိစ္စကို သိရတာပါ”ပာု အမည်မဖေါ်ပြသော တာဝန်ကျ အရာရှိက ဖြေကြားခဲ့သည်။

    ယင်းစာသင်ကျောင်းမြေ ကျူးကျော်နေထိုင်သူများကိစ္စအား နိုဝင်ဘာလ ၂၉ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးအဆင့်ထိတိုင်ကြားခဲ့ကြောင်း၊ လွန်ခဲ့သည့် ၃ နှစ်ခန့်ကလည်း မော်လမြိုင်ခရိုင်တရာရုံးရှေ့တွင် ဒေသခံများဆန္ဒပြခဲ့ကြကြောင်း ဦးဆောင်သူများပြောပြချက်အရ သိရသည်။

    အဆိုပါမူလတန်းကျောင်းမြေနေရာအချို့အား ယခင်ကျေးရွာအာဏာပိုင်များဖြစ်ကြသည့် ရွာဥက္ကဌဟောင်းနှင့် ကျောင်းကော်မတီဝင်များ အိမ်မြေကွက်အဖြစ်ခွဲဝေရောင်းချသည်ဟု သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks