spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းဆွေးနွေးပွဲပြန်လည်စတင်မည်ဆိုသော်လည်း ရက်မသတ်မှတ်နိုင်သေး

    ဆွေးနွေးပွဲပြန်လည်စတင်မည်ဆိုသော်လည်း ရက်မသတ်မှတ်နိုင်သေး

    -

    ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်ရေးအဖွဲ့ NCCT တို့၏ ရပ်တန့်နေသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ပြန်လည်စတင်မည်ဟု ပြောဆိုနေသော်လည်း ရက်အတိအကျ မသိမှတ်နိုင်သေးဟု နှစ်ဖက်ပြောခွင့်ရပုဂ္ဂိုလ်များနှင့် IMNA ယနေ့ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    NCCT နှင့် MPC တို့ ချင်းမိုင်တွင် ဒီဇင်ဘာလဆန်းပိုင်းအတွင်း တွေ့ဆုံခဲ့စဉ်(Nyo Ohn Myint Facebook)
    NCCT နှင့် MPC တို့ ချင်းမိုင်တွင် ဒီဇင်ဘာလဆန်းပိုင်းအတွင်း တွေ့ဆုံခဲ့စဉ်(Nyo Ohn Myint Facebook)
    အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို မဖြစ်မနေ ပြန်လည် လုပ်ဆောင်သွားမည်ဟု NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “တွေ့ဆုံဆွေးနွေးပွဲကိုတော့ မဖြစ်မနေပြန်ပြီးတွေ့ရပါမယ်၊ ဒါပေမဲ့ ဘယ်နေ့ ပြန်တွေ့မလည်း ဆိုတာကိုတော့ အတိအကျမပြောနိုင်ဘူး၊ ကျနော်တို့ တင်ပြထားတဲ့ လိုင်ဇာကိစ္စကို တစ်ဖက်က အကြောင်းပြန်တဲ့အပေါ်မှာ ကျနော်တို့ပြန်ဆွေးနွေးပြီး တွေ့မယ့်ရက်ကို သတ်မှတ်ပါ့မယ်” ဟု ဆိုသည်။

    လိုင်ဇာပစ်ခတ်မှုနှင့်ပတ်သက်၍ အစိုးရဘက်မှ သဘောထားအပေါ် ပြန်လည်ဆွေးနွေးရမည်ဖြစ်ကြောင်း၊ လိုင်ဇာပစ်ခတ်မှုကြောင့် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့၏ ယုံကြည်မှုကို ပြန်လည်ပြုပြင်ရမည့် အနေအထားရှိနေကြောင်း၊ အစိုးရဘက်မှလည်း ဝိုင်းဝန်းပြုပြင်ပေးသင့်သည့် တောင်းဆိုမှုများရှိကြောင်း နိုင်ဟံသာက ဆိုသည်။

    သူက“မြန်မာတပ်ချထားတဲ့နေရာ၊ လက်နက်ကြီးတွေ ပြန်ရုပ်သိမ်းပေးဖို့ အတွက်နဲ့ ရှေ့ဆက်ပြီး အခုလိုအဖြစ်မျိုး မဖြစ်ရအောင်ကိုလည်း KIO တောင်းဆိုထားပါတယ်” ဟု ဆက်ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန်အတွက် လာမည့် ၁၅ ရက်နေ့တွင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC မှ တာဝန်ရှိသူများ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCCT အဖွဲ့နှင့် သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း MPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။
    သည်။

    သူက“ဒီတစ်ခေါက် NCCT နဲ့တွေ့လို့ရှိရင် သူတို့ဘက်က တွေ့နိုင်မယ့်ရက်ချိန်းနဲ့ တက်ရောက်မယ့် လူဦးရေ စာရင်းကို ရမယ်လို့ထင်ပါတယ်၊ တကယ်လို့ ဒီခရစ္စမတ်မတိုင်ခင် တွေ့ဆုံပွဲမဖြစ်ခဲ့ဘူ့ဆိုရင် နောက်နှစ်ဆန်းပိုင်း ဇန်နာဝါရီလမှာ ဖြစ်သွားမှာပါ” ဟု ပြောသည်။

    ထို့အတူ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဥက္ကဌ ဝန်ကြီး ဦးအောင်မင်းအနေဖြင့် NCCT နှင့် UPWC တွေ့ဆုံမှုကို ယခုလ ၁၈ ရက်နေ့တွင် တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထားကြောင်း၊ NCCT တောင်းဆိုသည့် အချက်များကို ဝန်ကြီးဦးအောင်မင်းမှ ယခုအခါ ပြန်လည်အကြောင်းပြန်ထားပြီးဖြစ်ကြောင်း၊ အကြောင်းပြန်ချက်များသည် အလားအလာကောင်းများစွာ ရှိနေကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

    “ဆွေးနွေးပွဲကတော့ ဖြစ်ကိုဖြစ်မယ်လို့ ကျနော်ထင်ပါတယ်၊ တရားဝင်ကိုတော့ ဒီဇင်ဘာ ၁၅ ရက်နေ့မှ သိရပါလိမ့်မယ်” ဟု သူက ဆက်ပြောသည်။

    UPWC နှင့် NCCT တို့၏ ၆ ကြိမ်မြောက်တွေ့ဆုံမှုအပြီး အောက်တိုဘာလ၍ ထပ်မံတွေ့ဆုံရန် သဘောတူထားသော်လည်း တိုင်းရင်းသားဒေသများတွင် အစိုးရတပ်မတော် ထိုးစစ်ပိုမိုပြင်းထန်လာသည့်အပြင် နိုဝင်ဘာ ၁၉ ရက်နေ့၌ တပ်မတော်လက်နက်ကြီးပစ်ခတ်မှုကြောင့် KIA စစ်သင်တန်းကျောင်း၌ တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ခြင်းကြောင့် ဆွေးနွေးပွဲများ ဆက်လက်ရပ်တန့် နေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks