spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ကေလာသတောင်ခြေတဝိုက်ကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ရန်မရှိသေး

    မွန်ပြည်နယ် ကေလာသတောင်ခြေတဝိုက်ကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ရန်မရှိသေး

    -

    ကေလာသတောင်ခြေတဝိုက်ရှိ နယ်မြေကို ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ရန် အစီအစဉ် မရှိသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့က လွန်ခဲ့သည့် သီတင်းပတ်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

    မွန်သမိုင်းအမွေအနှစ်ကျန်ရှိရာ ကေလာသဒေသ(U San Win Facebook)
    မွန်သမိုင်းအမွေအနှစ်ကျန်ရှိရာ ကေလာသဒေသ(U San Win Facebook)

    ဒီဇင်ဘာလ ၂၊ ၄၊ ၅ ရက်နေ့များတွင် ကျင်းပသည့် ပထမအကြိမ် ပြည်နယ်လွှတ်တော် ဒဿမပုံမှန် အစည်းအဝေး ပထမနေ့တွင် ကျိုက်မရောမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နိုင်စံတင် ၏ မေးခွန်းကို ယဉ်ကျေးမှု တာဝန်ခံ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ဖြေကြားခြင်း ဖြစ်သည်။

    “ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ဖို့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို အသေးစိတ် ထပ်ပြီးလေ့လာဖို့ လိုသေးတယ်။ အခုလောလောဆယ်ကတော့ ရှေးဟောင်းယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ဖို့ အစီစဉ် မရှိသေးပါဘူး” ဟု ဝန်ကြီး က ပြောသည်။

    ထိုနယ်မြေသည် သစ်တောဝန်ကြီးဌာနမှ သဘာဝထိန်းသိမ်း သစ်တောနယ်မြေအဖြစ် သတ်မှတ်ထားပြီး၊ ကျူးကျော်မှုများ ရှိလာနိုင်သဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးသွားနိုင်သည့်အတွက် ရှေးဟောင်း ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ နိုင်စံတင် က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၅၊ ၂၆ ရက်နေ့များတွင် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ဦးစီးကျင်းပသည့် စာတမ်းဖတ်ပွဲတွင် သုဝဏ္ဏဘူမိ မြို့ဟောင်းနေရာများ သတ်မှတ်ရွေးချယ်ရာ၌ ဘီးလင်းမြို့နယ်၊ ကေလာသတောင်ခြေတစ်ဝိုက်လည်း ပါဝင်သည်။

    ကေလာသ သဘာဝထိန်းသိမ်းရေး နယ်မြေသည် လက်ရှိဧရိယာ (၅၅၉၆ ဒသမ ဝ၆၃) ဧက ရှိပြီး ပုံစံအမျိုးမျိုးဖြင့် မြေအသုံးချမှုများ ရှိခြင်းကြောင့် သဘာဝသစ်တောသည် စုစုပေါင်း (၁၄၂၁ ဒသမ ၃၃၃) ဧကသာ ကျန်ရှိတော့ကြောင်း သိရသည်။

    လက်ရှိတွင် သုဝဏ္ဏဘူမိမြို့ဟောင်းကို တူးဖော်လျက် ရှိပြီး တူးဖော်တွေ့ရှိမှု အနေအထားအရ ဗိဿနိုးမြို့ဟောင်းထက် စောသော အထောက်အထားများကို တွေ့ရှိရကြောင်း နိုင်စံတင် က ပြောသည်။

    မွန်ပြည်နယ် လွှတ်တော်အနေနှင့် “မွန်ပြည်နယ် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ” ကို ပြဌာန်းထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks