spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းအံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကန့်ကွက်လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်မည်

    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကန့်ကွက်လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်မည်

    -

    ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် Toyo Thai ကုမ္ပဏီ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ကန့်ကွက်သည့် ပထမဆုံးအကြိမ် လမ်းလျှောက်ဆန္ဒပြပွဲကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။

    ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံနေရာလျာထားချက်(IMNA)
    ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံနေရာလျာထားချက်(IMNA)

    ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုကန့်ကွက် လမ်းလျှောက်ဆန္ဒပြပွဲကို ရေးမြို့နယ် လူမှုအကျိုးဆောင် အဖွဲ့ (YSS) က ဦးဆောင်ပြုလုပ်သွားမည်ဟု ဆိုသည်။

    ဦးအောင်နိုင်ဝင်းက “ကျနော်တို့ ခွင့်ပြုစာတော့ တင်ထားပြီးပါပြီး၊ ခွင့်ပြုမိန့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်တို့လုပ်စရာရှိတာကိုတော့ လုပ်သွားမှာပဲ၊ ခွင့်ပြုမိန့်မရလည်း ဆန္ဒပြပွဲကို ကျနော်တို့လုပ်မှာပဲ” ဟု ပြောသည်။

    ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ကို ဦးတည်ဆန္ဒပြမည် ဖြစ်ကြောင်း၊ ပြည်တွင်းလျှပ်စစ်လိုအပ်ချက် စီမံကိန်းများကို ပြည်ထောင်စုအစိုးရမှ ချမှတ်၍ ပြည်နယ်အစိုးရက အကောင်အထည်ဖော်လုပ်ဆောင်သည့်အတွက် ထိုအစိုးရ နှစ်ရပ်လုံးကို ဦးတည် တောင်းဆိုမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    “ကနော်တို့ ဆန္ဒပြသွားမယ့်လမ်းကြောင်းတွေ၊ လူအင်အားတွေ၊ ကြွေးကျော်သံတွေ၊ ဆိုင်းပုဒ်တွေအားလုံး လုပ်ဆောင်မယ့် အစီအစဉ်တွေကိုနှုတ်အားဖြစ် သူတို့ အတည်ပြုပေးပြီးပါပြီ၊ ပြည်နယ်နဲ့ခရိုင် ရဲတပ်ဖွဲမှူးရုံးကို တင်ပြထားပါတယ်၊ ရဲကတော့နှုတ်နဲ့ သဘောတူ ခွင့်ပြုမိန့် ပေးထားပြီးပါပြီး” ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

    ၄င်းတို့၏တောင်းဆိုချက် ကြွေးကျော်သံများမှာ “အံင်ဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းဖျက်သိမ်းပေး ဖျက်သိမ်း ပေး” “ရေးဒေသမှာ အခြားကျောက်မီးသွေးစက်ရုံ စီမံကိန်းအလိုမရှိ အလိုမရှိ” “အနာဂါတ် ပတ်ဝန်ကျင်း သန့်ရှင်းဖို့ Toyo Thaiထွက်သွား ထွက်သွား” “ခြေခံဥပဒေ ၄၅ နှင့် ၃၉၀ (ခ) ကို လိုက်နာရေး တို့အရေး” တို့ဖြစ်သည်ဟု ဆိုသည်။

    လမ်းလျှောက်ဆန္ဒပြပွဲကို ရေးမြို့ရှိ ရွှေဆံတော်ဘုရား ပြည်သူ့ရင်ပြင်မှ စတင်မည်ဖြစ်ပြီး မြို့ထဲရှိ ရပ်ကွက် ၆ ရပ်ကွက်ကို လမ်းလျှောက် ဆန္ဒပြ၍ ပညာပေး ဟောပြောမှုအစီအစဉ်ကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ဆန္ဒပြသူများသည် No Coal တံဆိပ်ပါ အင်္ကျီဆင်တူများ ဝတ်ဆင်ကြမည်ဖြစ်ကြောင်း သိရသည်။

    ထိုသို့ လမ်းလျှောက်ဆန္ဒပြရာတွင် “အခြေခံဥပဒေပုဒ်မ ၄၅ အရ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရမည်၊ အခြေခံဥပဒေ ပုဒ်မ ၃၉၀ (ခ) အရ နိုင်ငံသားတိုင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းဆောက်ရှောက်ရန်အတွက် တာဝန်ရှိသည်၊ တို့ရဲ့ဝန်းကျင်မပျက်စီးစေဖို့ ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်စို့၊ အံဒင်ဒေသတွင်ဆောက်လုပ်မည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်အား ပြင်ထန်စွာ ကန့်ကွက်ပါသည်၊ ရေးမြို့နယ်တွင် တည်ဆောက်မည့် အခြားကျောက်မီးသွေးစက်ရုံ စီမံကိန်းများ အားလည်း ပြင်းထန်စွာ ကန့်ကွက်ပါသည်၊ သဘာဝပတ်ဝန်ကျင် သန့်ရှင်းဖို့ ကျောက်မီးသွေးစက်ရုံ ဆန့်ကျင်စို့” စသည့် စာတမ်းပါ ဗီနိုင်းပိုစတာများကို ကိုင်ဆောင်သွားမည်ဖြစ်သည်။

    အဆိုပါဆန္ဒပြသူများကို ရေးမြို့၊ အုပ်ချူပ်ရေးမှူးရုံတည်ရှိရာ ပတ်ဝန်ကျင်နှင့် ကိုက် (၈၀ဝ) အတွင်း ဖြတ်သန်းခွင့် တောင်းခံမှုကို ခွင့်ပြုချက်မပေးဟု ဆိုသည်။

    Toyo Thai ကုမ္ပဏီမှ ဒေါ်လာသန်း ၂၇၀ဝ ခန့် ရင်းနှီးမြှပ်နှံမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် ဒေသခံပြည်သူများအတွက် ဆိုးကျိုးများစွာ ကျရောက်လာမည်ဖြစ်သောကြောင့် စီမံကိန်းရပ်တန့်သွားသည့်အထိ YSS မှ အဆင့်ဆင့် ပြုလုပ်သွားမည်ဟု ဆိုသည်။

    ၂၀၁၈ ခုနှစ် ဇွန်လတွင် စက်ရုံစတင်လည်ပတ်နိုင်ရန်အတွက် Toyo Thai က BOT စနစ်ဖြင့် အနှစ် ၃၀ လည်ပတ်မည့် ထိုကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံတည်ဆောက်ရန် စီမံကိန်းကာလကို ၄၈ လ သတ်မှတ်ထားသည်ဟု ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts