Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွေးစာရင်းမရှိသည့်ကလေး ၁၁% ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    မွေးစာရင်းမရှိသည့်ကလေး ၁၁% ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    -

    မွန်ပြည်နယ်အတွင်း မွေးစာရင်းမရှိသည့် ကလေးသူငယ် များအတွက် ရက်သတ္တပတ် လှုပ်ရှားမှုပြုလုပ်ပြီးနောက် မွေးစရင်မရှိသည့် ၅ နှစ်အောက် ကလေး ၁၁ ရာခိုင်နှုန်းရှိကြောင်း ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ယမန်နေ့က ပြောဆိုခဲ့သည်။

    မွေးဖွာမှု မှတ်ပုံမတင်နိုင်သည့် ကလေးများမှာ ရွေ့ပြောင်းလုပ်သား မိသားစုမှ ကလေးများ၊ မိဘနှင့် အတူမနေသည့် ကလေးသူငယ်များ ဖြစ်ကြောင်း သိရသည်။

    လွန်ခဲ့သည့် အောက်တိုဘာလတွင် ၂၀-၂၄ ရက်နေ့အထိ နိုင်ငံတော်အမှ မွေးစာရင်းမှတ်ပုံတင် မရှိသေးသည့် ကလေးငယ်များကို “မွေးဖွာမှု မှတ်ပုံတင်ခြင်း ရက်သတ္တပတ် လှုပ်ရှားမှု အစီအစဉ်” ပြုလုပ်ပေးသည့် တိုင်းနှင့် ပြည်နယ် ၃ ခုတွင် မွန်ပြည်နယ်သည် တစ်ခုအပါအဝင်ဖြစ်သည်။

    မွေးဖွား၊ သေဆုံးစာရင်း နှင့်ပတ်သက်ပြီး ကျေးရွှာအုပ်ချုပ်ရေး ဥပဒေအရ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျန်းမာရေးတို့တွင် တာဝန်ရှိသော်လည်း တိကျမှန်ကန်သည့် မွေးသေစာရင်း မရရှိခြင်း ရှိနေရသည့်အတွက် မည်သည့်ဌာန၊ အဖွဲ့အစည်းများက တာဝန်ယူ ဆောင်ရွက်ကြရန်နှင့် အဆိုပါတာဝန်ယူနေကြသော ဌာနများအနေဖြင့် မည်သို့ ပူးပေါင်း ဆောင်ရွက်သည်ကို ပေါင်မြို့နယ် မဲဆန္ဒအမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လန်းက ပထမအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမအကြိမ် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

    မွေးဖွာခြင်း၊ သေဆုံးခြင်းစာရင်းများ တိကျမှန်ကန်ရေးသည် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအပါအဝင် မွေးဖွာ/သေဆုံးခြင်းနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာများတွင်သာ တာဝန်ရှိသည်မဟုတ်ဘဲ ရပ်ကွက်/ ကျေးရွာအုပ်စုတွင် နေထိုင်ကြသော ပြည်သူများတွင်လည်း အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေအခန်း (၆) ရပ်ကွက်(သို့) ကျေးရွာအတွင်း နေထိုင်သူများ၏ တာဝန်ဝတ္တရားများ တွင် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ပြောင်းရွှေ့ထွက်ခွာခြင်းတို့ကို သတင်းပေးပို့ခြင်းတို့ကို အပြည့်အဝ လိုက်နာဆောင်ရွက်ရမည်ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင်က ဖြေကြားခဲ့သည်။

    ရပ်ကွက်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနတို့သည် စာရင်းဇယား ကိန်းဂဏန်း မှန်ကန်စွာဖြင့် ပြည်နယ်သို့ လစဉ်တင်ပြနိုင်ရေးကို ဆောင်ရွက်လျှက်ရှိသည်ဟု ဗိုလ်မှူးကြီး ဋ္ဌေးမြင့်အောင်က ဖြေကြားခဲ့သည်။

    နိုင်ငံတော်တွင်ဖြစ်စေ၊ မွန်ပြည်နယ်တွင်ဖြစ်စေ စာရင်းအင် ကိန်းဂဏန်း တိကျသေချာမှုသည် အရေးကြီးကြောင်း၊ စာရင်းအင်း ဖောင်ပွမှုဖြစ်နေခြင်း၊ တိကျသေချာမှု မရှိခြင်းသည့် မိမိအခြေအနေမှန်ကို မသိရှိခြင်းဖြစ်ပြီး ရှေ့ဆက် အနာဂတ်အတွက် အောင်မြင်မှု ကို အားလျော့စေသည်ဟု ဦးမောင်လန်းက ဆိုသည်။

    ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမအကြိမ်အစည်းအဝေးတွင် ကိုယ်စားလှယ်တို့၏ မေးမြန်းချက် ၁၈ ခု၊ အဆို ၃ ခုနှင့် ဥပဒေကြမ်း ၂ ခု တင်သွင်းခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks