spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ် သေမင်းတမန်မီးရထားပြတိုက်တင်ဒါ တလမွန်ကုမ္ပဏီရွေးချယ်ခံရ

    သံဖြူဇရပ် သေမင်းတမန်မီးရထားပြတိုက်တင်ဒါ တလမွန်ကုမ္ပဏီရွေးချယ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ သေမင်းတမန် မီးရထားပြတိုက်နှင့် ပန်းခြံတည်ဆောက်ရန် မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီမှ တင်ဒါခေါ်ယူရာ၌ တလမွန်ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ပြည်နယ်စည်ပင်သာယာရေးမှ သိရသည်။

     သေမင်းတမန်မီးရထားမြေနေရာ(Internet)
    သေမင်းတမန်မီးရထားမြေနေရာ(Internet)
    မီးရထားပြတိုက်တည်ဆောက်ခြင်း၊ အမှတ်တရပစ္စည်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ကားရပ်နားရန် နေရာ၊ ဟိုတယ်၊ ရေကူးကန်နှင့် မင်္ဂလာခန်းမတည်ဆောက်ခြင်းတင်ဒါကို တလမွန်ကုမ္ပဏီတစ်ခုသာလျှင် တင်ဒါတင်သွင်းခဲ့ပြီး အဆိုပါကုမ္ပဏီကိုသာ ရွေးချယ်ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်ဝန်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    “သူတို့နဲ့ အခုမှ ပြန်ညှိရမှာ၊ ဒါကို သူတို့လုပ်နိုင်တဲ့ proposal မှာက ဒါကိုလုပ်နိုင်လား၊ တန်ဖိုးငွေ ဘယ်လောက်ဆိုတာက ခေါ်တာပဲရှိသေးတယ်၊ ခဏက Time Schedule ကမပါဘူး၊ Time Schedule ကို ထည့်မခေါ်ထားဘူး” ဟု ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မီးရထားပြတိုက်နှင့် ပန်းခြံမြေကို အဆောက်အဦးများ၊ ဆိုင်ခန်းနှင့် ပြတိုက်တည်ဆောက်ရန်အတွက် မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီမှ အောက်တိုဘာလ ၁၅ ရက်နေ့မှ အိတ်ဖွင်တင်ဒါ စတင်ခေါ်ယူထားပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တင်ဒါစိစစ်ရေးအဖွဲ့မှ ကုမ္ပဏီသို့ ပြန်လည် အကြောင်းပြန်ထားကြောင်း ဝန်ကြီးက ပြောသည်။

    “အစိုးရကနေ မြေတန်ဖိုးရှယ်ယာထည့်မယ်၊ ကျနော်တို့က ကုန်ကျမှုတန်ဖိုးထည့်ဝင်မယ်လို့ ခွဲလိုက်မယ်ဆိုရင် ကျနော်တို့က ဘယ်နှစ်ရာခိုင်နှုန်း၊ အစိုးရက ဘယ်နှစ်ရာခိုင်နှုန်း၊ အဲအတိုင်း ကျနော်တို့လုပ်သွားမယ်” ဟု တလမွန်ကုမ္ပဏီ ဥက္ကဋ္ဌ မင်းဗညားစန်းက ပြောသည်။

    တင်ဒါရရှိသွားသည့် ကုမ္ပဏီသည် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့လျင် သံဖြူဇရပ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြေတန်ဖိုးရှယ်ယာထည့်ဝင်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု အိတ်ဖွင့်တင်ဒါကြော်ငြာတွင် ဖော်ပြထားသည်။

    “နှစ်ပိုင်းခွဲထားတယ်၊ တစ်ပိုင်က မီးရထားရှိတဲ့နေရာ မီးရထားလမ်း၊ ပြတိုက် Facility အပြည့်နဲ့လုပ်မယ်၊ သူနဲ့ ကပ်ရပ်နေရာကတော့ အဆင့်မြင့်ဟိုတယ်ပေါ့ Shop House တို့ပုံစံပေါ့၊ တစ်ခုထဲမှာပဲ နှစ်ပိုင်းခွဲလိုက်တဲ့ပုံစံပါ တစ်ပိုင်းက ပြတိုက် Facility နဲ့ တစ်ပိုင်းကတော့ Shopping Center ပုံစံလိုမျိုးပေါ့၊ အဓိက ဦးစားပေးကတော့ ပြတိုက်ကို ဦးစားပေးပြီးလုပ်တယ် ကျန်တာကတော့ ဒုတိယအဆင့်ပေါ့” ဟု ဒေါက်တာတိုးတိုးအောင်က ပြောပါသည်။

    မီးရထားပြတိုက်နှင့် ပန်းခြံမြေ ဧရိယာ (၆.၆၁) ဧကရှိသည့်အနက် ဧရိယာ (၂.၅) ဧကတွင် မီးရထားပြတိုက်တည်ဆောက်ခြင်း၊ ဧရိယာ (၁.၆၆) ဧကတွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ ကားရပ်နားရန်နေရာများတည်ဆောက်ခြင်း၊ ဧရိယာ (၂.၄၅) ဧကတွင် ဟိုတယ်၊ ရေကူးကန်နှင့် မင်္ဂလာခန်းမတည်ဆောက်ခြင်းလုပ်ငန်းတို့အား တည်ဆောက်မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks