spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းစွာဖော်ဆောင်သော ငြိမ်းချမ်းရေး ဖြစ်စေလိုဟု ဘာသာပေါင်းစုံမှ လူငယ်အချို့ပြောကြား

    ငြိမ်းချမ်းစွာဖော်ဆောင်သော ငြိမ်းချမ်းရေး ဖြစ်စေလိုဟု ဘာသာပေါင်းစုံမှ လူငယ်အချို့ပြောကြား

    -

    ပြည်တွင်း ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် အစိုးရမှဖော်ဆောင် နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ငြိမ်းချမ်းစွာဖြင့် ဖော်ဆောင်သော လုပ်ငန်းစဉ်များသာ ဖြစ်စေလိုကြောင်း ဘာသာပေါင်းစုံမှ လူငယ်အချို့က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်ချိန်တွင် မတရားမှုများ၊ မမျှတမှုများ မရှိစေလိုကြောင်း ပြည်သူတိုင်း သူ့အခွင့်အရေးနှင့်သူ ရှိစေလို ကြောင်း အစ္စလာမ် ဘာသာဝင် မစုရတနာမြင့်က ပြောသည်။

    “ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မတရားတာတွေ မမျှတ တာတွေ မရှိစေချင်ဘူး၊ လူတိုင်းကို သူ့အခွင့်အရေး နဲ့သူ ရှိစေချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ငြိမ်းချမ်းရေးကို ဖော်ဆောင်စေချင်တယ်၊ လက်နက်နဲ့ ငြိမ်းချမ်းရေးကို မဖော်ဆောင် စေချင်ဘူး” ဟု ၎င်း က ပြောသည်။

    မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်သည် လက်တလော၌ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု အဆင့်သာ ရှိနေပြီး ထိုအဆင့်တွင်ပင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခြင်းမရှိတော့သည်မှာ အချိန်ကာလအားဖြင့် နှစ်လ ခန့်ရှိပြီ ဖြစ်သည်။

    ထို့အပြင် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကချင်ပြည်နယ် လိုင်ဇာရှိ KIO ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရတပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင် ဗိုလ်လောင်းအများအပြား သေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့သည်။

    အလားတူ မြန်မာနိုင်ငံပြည်သူများ အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများအား ကျယ်ပြန့်မသွားရန် နှင့် အစိုးရနှင့် လက်နက် ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဘက်သို့ ပြန်လည်ဦးတည်သွားရန် တွန်းအား ပေးသင့်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ခရစ်ယာန် ဘာသာဝင် ဒေါ်ခွန်ဂျာက ပြောသည်။

    “မြန်မာနိုင်ငံသားအားလုံးအတွက် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးဖြစ်ရပါမယ်၊ တစ်စုံ တစ်ယောက် တစ်နေရာ အတွက်ဘဲ ငြိမ်းချမ်းတာ မျိူး မဖြစ်စေရဘူး၊ ကျွန်မတိုပြည်သူတွေက ပဋိပက္ခကို ကျယ်ပြန့်အောင် မလုပ်ဆောင်ကြဘဲနဲ့ ငြိမ်းချမ်းရေးဘက်ကို သွားနိုင်အောင် ပြန်တိုက်တွန်းရမယ်၊ မြန်နိုင်သမျှ မြန်အောင် စားပွဲပေါ် အမြန်ဆုံးရောက်အောင် ပြန်တိုက်တွန်းရမယ်” ဟု ဒေါ်ခွန်ဂျာက ပြောသည်။

    လက်ရှိ အချိန်သည် မြန်မာတစ်နိုင်ငံလုံး မည်သည့်ဒေသမှ မငြိမ်းချမ်းသေးကြောင်း ကချင်ပြည်နယ်တွင် နိုဝင်ဘာလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုသည် ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို ပျက်စီးစေနိုင်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း ဒေါ်ခွန်ဂျာက သုံးသပ်သည်။

    အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးမဖော်ဆောင်နိုင်ခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်စေကြောင်း ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်သူ ကိုကျော်ကိုကို က ပြောသည်။

    ဘာသာပေါင်းစုံမှလူငယ်များ၏ ငြိမ်းချမ်းရေးဆုတောင်းပွဲကို နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့် က ရန်ကုန်မြို့ရှိ မပာဗန္တုလ ပန်းခြံတွင် ပြုလုပ်သော တွင် ပြုလုပ်ခဲ့သည်။

    အဆိုပါပွဲတွင် ဘာသာပေါင်းစုံမှ လူငယ် ၅၀ ခန့် တက်ရောက်ခဲ့ကြပြီး လိုင်ဇာဗိ်ုလ်လောင်းသင်တန်းတွင် ကျဆုံးခဲ့ကြသော ဗိုလ်လောင်းများအတွက် ဆုတောင်းခြင်းနှင့် ဖယောင်းတိုင်များထွန်းကာ ငြိမ်းချမ်းရေး ပုံရိပ်များ ပုံဖော်ခြင်း၊ ငြိမ်းချမ်းရေး သီချင်းသံပြိုင်သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks