Homeသတင်းဖက်ဒရယ်မူဖြစ်ပေါ်လာပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြန်ဆန်လာမည်ဟု အမေရိကန်သမ္မတအား မွန်အမတ်ပြော

ဖက်ဒရယ်မူဖြစ်ပေါ်လာပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မြန်ဆန်လာမည်ဟု အမေရိကန်သမ္မတအား မွန်အမတ်ပြော

-

သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်(Internet)
သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်(Internet)

လွှတ်တော်တွင်း လက်ရှိပြင်ဆင်နေသော ဥပဒေများသည် တိုင်းရင်းသားလူမျိုးအားလုံး၏ တန်းတူရေးကို အခြေခံသော ဖက်ဒရယ်မူနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာပါက လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြန်ဆန်စွာ ပြီးမြောက်လိမ့်မည်ဟု အမေရိကန်သမ္မတအိုဘားမားနှင့် တွေ့ဆုံခဲ့စဉ်ပြောကြားကြောင်း အမျိုးသားလွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးက IMNA သို့ ယနေ့တွင် ပြောသည်။

ဒေါက်တာဗညားအောင်မိုးက “ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်မူနဲ့ကိုက်ညီအောင် ကြိုးစားပြီး ပြင်ဆင်နေပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်လို့့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအပြည့်အဝရှိပြီး တန်းတူရေးကိုဖော်ဆောင်တဲ့့ ဖက်ဒရယ်မူနဲ့ကိုက်ညီမယ်ဆိုရင် လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာလည်း မြန်မြန်ဆန်ဆန်နဲ့ ခရီးရောက်ပါလိမ့်မယ်လို့ သမ္မတကြီးကို ကျနော််ပြောလိုက်တယ်” ဟု ဆိုသည်။

၉ ကြိမ်မြောက်၊ အရှေ့တောင်အာရှထိပ်သီး အစည်းအဝေးသို့ တက်ရောက်နေစဉ် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်သမ္မတ အိုဘားမားနှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်အချို့အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ်များတို့ နိုဝင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၌တွေ့ဆုံ၍ မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သမ္မတ အိုဘားမားအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတချို့ရှိခဲ့သည်ကို အသိအမှတ်ပြုကြောင်း၊ တိုင်းရင်းသားအခွင့်အရေး အပြည့်အဝပေးရန် အရေးကြီးကြောင်း၊ အားနည်းသော တိုင်းရင်းသားကို ပိုမိုအခွင့်အရေးပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေါက်တာဗညားအောင်မိုးက ဆိုသည်။559591_1007937082555026_7046337795259992810_n

အလားတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ အမေရိကန် သမ္မတအိုဘားမားထံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ကလည်း တိုင်းရင်းသားများဘက်မှ ဆောင်ရွက်နေသောအချက်အလက်များ၊ ကြုံတွေ့နေသောအခက်အခဲများနှင့် ညှိနှိုင်းရန်ခက်ခဲနေသောတပ်ပိုင်းဆိုင်ရာကိစ္စများကို စာရေးသားပို့ခဲ့သည်ဟု NCCT နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ဆိုသည်။

နိုင်ဟံသာက “တပ်မတော်အနေနဲ့ စစ်အာဏာကို အနှစ် ၅၀ ကျော်ချုပ်ကိုင်လာခဲ့တော့ အာဏာကိုလက်လွှတ်လိုတဲ့ ဆန္ဒရှိပုံမပေါ်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံကလည်း သူတို့အာဏာကို လုံးဝအကာအကွယ် ပေးထားပြန်တယ်၊ သူတို့(တပ်မတောာ်)လက်မခံရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုမှပြင်လို့ရမှာ မဟုတ်ဘူး” ဟု ယနေ့တွင် IMNA သို့ပြောသည်။

သို့ရာတွင် တပ်မတော်က တင်ပြသည့် “လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်း” နှင့် NCCT တင်ပြထားသည့် “ပြည်ထောင်စုတပ်မတော်” စသည့် တပ်ပိုင်းဆိုင်ရာကိစ္စများကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဆက်လက်ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးပြီးမှသာ နောက်ဆုံးအကောင်အထည်ဖေါ်သွားမည့်အစီအစဉ်အား သမ္မတဦးသိန်းစိန် သဘောတူလက်ခံထားသည်ဟု သူက ဆက်ပြောသည်။

ထို့ကြောင့် စက်တင်ဘာလကုန်ပိုင်းတွင်ကျင်းပခဲ့သော UPWC နှင့် NCCT တို့၏ ၆ ကြိမ်မြောက်ဆွေးနွေးပွဲတွင် တစ်ဆို့မှုများဖြစ်ပေါ်ခဲ့သော်လည်း ယခုလအတွင်း နှစ်ဖက်ခေါင်းဆောင်များ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံံမှုပြုလုပ်ခဲ့ပြီးနောက် ယခုလကုန်ပိုင်းတွင် ရ ကြိမ်မြောက်ဆွေးနွေးပွဲ ဆက်လက်ကျင်းပမည်ဟု သိရသည်။

တဖက်တွင်လည်း မြန်မာ့ပြုပြင်ပြောင်းလဲရေးတွင် အောက်ခြေအထိ နားလည်သဘောပေါက်၍ နက်နက် ရှိုင်းရှိုင်း ထောက်ပံ့ကူညီနိုင်ရန် အမေရိကန်ပြည်ထောင်စု၏ မြန်မာပြည်ငြိမ်းချမ်းရေးအစီအစဉ် Peace Crops ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက နေပြည်တော်၌ နိုဝင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts