spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလက်ရှိအစိုးရသက်တမ်းတွင် အပစ်ရပ်ရေးအပြီးသတ် ဖြစ်လာနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲအလားအလာမရှိဟု နိုင်ဟံသာပြော

    လက်ရှိအစိုးရသက်တမ်းတွင် အပစ်ရပ်ရေးအပြီးသတ် ဖြစ်လာနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲအလားအလာမရှိဟု နိုင်ဟံသာပြော

    -

    လက်ရှိ အစိုးရသက်တမ်းတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ် ဖြစ်လာနိုင်သော်လည်း နိုင်ငံရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ရန် အလားအလာမရှိကြောင်း မွန်ပြည်သစ်ပါတီဒုဥက္ကဌနှင့် NCCT အဖွဲ့ခေါင်းဆောင် နိုင်ပာံသာက IMNA သို့ ပြောသည်။

    ထိုသိုဆိုလိုရခြင်းမှာ အပစ်ရပ်စဲပြီးနောက်ပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် အချိန်များစွာလိုအပ်၍ ဖြစ်ကြောင်း နိုင်ပာံသာက ပြောသည်။

    သူက “ဒီအစိုးရလက်ထက်မှာ အပြီးသတ် အပစ်အခတ်ရပ်စဲဖြစ်ဖို့ အလားအလာ ရှိပါတယ်၊ နောက်နိုင်ငံရေးဆွေးနွေးတယ်ဆိုတဲ့ပာက တော့ အချိန်အများကြီး လိုတယ်၊ တစ်နှစ်နဲ့လည်းပြီးချင်မှ ပြီးမယ်၊ အစိုးရက ၂၀၁၅ ပြီးရင်သက်တမ်းကုန်မယ်ပေါ့၊ ၂၀၁၅ ရဲ့ နှစ် တစ်ဝက်ပြီးရင် ရွေးကောက်ပွဲ အလုပ်တွေရှုပ်လာမယ်၊ အဲတော့ ဒီအစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲက အပြီးသတ်ဖြစ်ဖို့အလားအလာမရှိဘူး” ဟု ပြောသည်။

    နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းတွင် ဦးခွန်ထွန်းဦး နေအိမ်တွင်ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှို့နှိုင်းရေးအဖွဲ NCCT နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမပာမိတ်အဖွဲ့ UNA တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    NCCT နှင့် UNA အဖွဲ့တို့ တွေဆုံရခြင်းအကြောင်းမှာ နှစ်ဖက်တွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအခြေအနေများအား အမြင်ဖလှယ်ခြင်းသာ ဖြစ်ကြောင်း အဖွဲ့ UNA အဖွဲ့ဥက္ကဌ SNLD ပါတီ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကပြောသည်။

    “ကျွန်တော်တို့ သမ္မတ နဲ့ တွေခဲ့တဲ့ အတွေ့အကြုံ ပြောဖြစ်ခဲ့တဲ့ ကိစ္စကို ရှင်းပြတာပါ၊ သိပ်တော့အထွေ အထူးတော့ မရှိပါဘူး၊ သူတို့(NCCT)အခြေအနေတွေ ဘယ်လိုရှိလဲဆိုတာ ပြောပြပါတယ်။သိပ်တော့ အရေးကြီးတာ မရှိပါဘူး” ဟု ဦခွန်ထွန်းဦးက ပြောသည်။

    နိုဝင်ဘာလ ၁၀ရက်နေ့ကလည်း နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် နိုင်ဟံသာ ဦးဆောင်သော NCCT တို့ အလွတ်သဘောတွေဆုံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအား နိုဝင်ဘာလကုန်ပိုင်းအတွင်း ဆက်လက်ပြုလုပ်ရန် ညှိနှိုင်းခဲ့ကြသည်။

    ငြိမ်းချမ်းရေးဆွေနွေးပွဲသည် ပြီးခဲ့သည့် စက်တင်ဘာလအထိ ၆ ကြိမ်မြောက်ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် နှောင့်နှေးနေရခြင်းသည် အစိုးရတပ်မတော်ပိုင်းနှင့်လည်း သက်ဆိုင်မှုများရှိကြောင်း နိုင်ပာံသာက ဝေဖန်လိုက်သည်။

    သူက “ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နှောင့်နှေးတယ်ဆိုတာ အဓိက အားဖြင့် တပ်မတော်ပိုင်းနဲ့ ဆိုင်တယ်၊ တပ်မတော်ဘက်က ဖက်ဒရယ်ပိုင်းကို သိပ်ကျေကျေညက်ညက် လက်ခံထားတဲ့ပုံ မရှိဘူး၊ အဲဒါကြောင့် တစ်စို့ ဖို့အကြောင်းရှာလာတဲ့ သဘောလို ဖြစ်နေတယ်” ဟုပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းပြုလုပ်ခဲ့သော NCCT နှင့် UPWC တို့၏ ၆ ကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး မူကြမ်း အပြီးသတ် မလုပ်နိုင်ခဲ့ကြဘဲ အဆင်မပြေမှုများနှင့် ချုပ်ငြိမ်းခဲ့သည်။

    မကြာမီပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေနွေးပွဲသည်လည်း အပြီးသတ် ဆွေးနွေးနိုင်ခြင်းရှိမရှိဆိုသည်မှာ နှစ်ဘက်တင်ပြလာသည် ဆွေးနွေးချက်၊ ရပ်တည်ချက်များအပေါ်တွင်သာမူတည်လျှက်ရှိကြောင်း NCCT ၏ ပြောကြားချက်များသိရသည်။

    UNA အနေဖြင့်လည်း အပစ်အခတ်ရပ်စဲရေးရရှိရန် လုပ်ဆောင်နိုင်သည့် အပိုင်းမှ ကြိုးစားလုပ်ဆောင်လျှက်ကြောင်း UNA ခေါင်းဆောင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောသည်။

    “အပစ်အခတ်မရပ်စဲဘဲနဲ ့ ငြိမ်းချမ်းရေးမရဘဲနဲ့ တိုင်းပြည်ဆင်းရဲတွင်းက လွတ်ဖို့ဆိုတာ၊ ဆောင်ရွက်ဖိုဆိုတာမဖြစ်နိုင်ဘူး၊ ဒါကြောင့် အန်ကယ်တို့လည်း ချင်းမိုင်သွားပြီး ဆွေးနွေတာတွေလုပ်ခဲ့ပါတယ် ” ဟု ဦးအေးသာအောင်က IMNA သို့ ပြောသည်။

    အဆိုပါ UNA နှင့် NCCT တို့ တွေဆုံဆွေးနွေးပွဲတွင် UNA ဘက်မှ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင်၊ MNP ဥက္ကဌနိုင်ငွေသိန်း တို့ တက်ရောက်ခဲ့ကြပြီး NCCT အဖွဲ့တွင် နိုင်ဟံသာ၊ ခွန်ဥက္ကာ၊ ဆလိုင်းထာဟေးနှင့် ဦးထွန်းဇော်တို့ ပါဝင်ပြီး ခွန်ဥက္ကာ၊ ဆလိုင်းထာဟေး နှင့် ဦးထွန်းဇော်တို့ ပါဝင်ပြီး တက်ရောက်ခဲ့ကြသည်။

    နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့တို့သည် နိုဝင်ဘာ ၁၀ ရက်နေ့က နေပြည်တော်ရှိ သမ္မတရုံးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် UPWC အဖွဲ့နှင့် အလွတ်သဘောလာရောက် တွေ့ဆုံခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks