spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အခါလွန်မိုးရွာ၊ စပါးပျက်စီးမှုရှိ

    မွန်ပြည်နယ်တွင် အခါလွန်မိုးရွာ၊ စပါးပျက်စီးမှုရှိ

    -

    မြန်မာနိုင်ငံအောက်ပိုင်းတွင် နိုဝင်ဘာလ ၄ ရက်နေ့မှစ၍ တစ်ပတ်ကြာအထထိ အချိန်အခါမဟုတ် အခါလွန်မိုးရွာသွန်းခြင်းကြောင့် မွန်ပြည်နယ်အတွင်းရှိ လယ်မြေဧကအများအပြား စပါးပင်များရေနစ်မြုပ်မှု ကြုံနေရပြီး ပျက်စီးဆုံးရှုံးမှုလည်း ရှိနေကြောင်းဒေသခံများပြောပြချက်အရ သိရသည်။

    စပါးရိတ်သိမ်းချိန်ဖြစ်သည့် တန်ဆောင်မုန်းလမှာ ကောက်စောစပါးများ ရိတ်သိမ်းပြီးခါစရှိသေး၍ ကောက်ကြီး စပါးများ မှည့်ကာစ ရိတ်သိမ်းရန်ပြင်ဆင်နေချိန်တွင် အချိန်အခါလွန်မိုးကြောင့် ရိတ်သိမ်းရန် အခက် အခဲနှင့်ကြုံတွေ့နေရသည်ဟု ကမာဝက်မြို့မှ လယ်ပိုင်ရှင် မိထောက ပြောသည်။

    မိထောက “ကျမတို့မှာ စပါးတွေ ဒီနှစ်ပိုးစားတာနည်းတဲ့အတွက် သီးလဲသီးတယ်၊ မိုးရွာတော့ ဘယ်လောက် ဆုံးရှုံးမှာကိုမပြောနိုင် သေးဘူး၊ လောလောဆယ် စပါးရိတ်ဖို့က ရေမကျသေးဘူး ၊အခု ရေ အရင် ကျ အောင် မြောင်းဖောက်လုပ် နေရတယ်၊ ရေကျပြီးမှ ရိတ်လို့ရမှာပါ” ဟု ပြောသည်။

    အလားတူ မွန်ပြည်နယ် ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်တစ်ဝိုက်ရှိ လယ်ကွက်များတွင်လည်း အခါလွန်မိုးကြောင့် စပါးပင်များ အောက်သို့ကြိုးကျသွား၍ ပျက်စီးဆုံးရှုံးမှုရှိနေကြောင်း ကော့မုပွန်ရွာမှ လယ်ပိုင် ရှင်တစ်ဦးက သည်။

    သူက “မိုးရွာတော့ အပင်တွေရေနစ်ပြီးတော့ အသီးရဲ့အကိုင်း ထိပ်နေရာမှာ အောက်သို့ကြိုးကျ သွား တယ်၊ အဲဒါကြီးမားတဲ့ပြသနာ တစ်ခုပဲ ဘယ်လိုရိတ်ရမှန်းတောင်မသိဘူး၊ မိုးကလဲ ဒီနေ့ထိကွက် ကျား ရွာတုန်းပဲ၊ ကြာရင်အသီးတွေကြွေကျသွားမှာ ကိုစိုးရိမ်နေ ရတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းတွင် ဘင်္ဂလား ပင်လယ်အော်အတွင်း ပုံမှန်မဟုတ်သည့် မုန်တိုင်း ဝင်လာသည့်အရှိန်ကြောင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်၍ ယခုလို အချိန်အခါမဟုတ် မိုးရွာရခြင်းဖြစ်ပြီး လွန်ခဲ့သော ၂၀ဝ၆ ခုနှစ်ကလည်း ဖြစ်ပွားခဲ့ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

    အလားတူ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်း မှုများ ကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံး လျှက်ရှိသည်ဟု သတင်းမီဒီယာများ ဖော်ပြချက်အရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts