spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကိုပါကြီး ရုပ်အလောင်း ဂူသွင်းသဂြိုလ်ပြီးစီး

    ကိုပါကြီး ရုပ်အလောင်း ဂူသွင်းသဂြိုလ်ပြီးစီး

    -

    မွန်ပြည်နယ်တွင် မြန်မာ့တပ်မတော်၏ပစ်သတ်ခြင်းခံခဲ့ရသူ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်(ခ)ကိုပါကြီး၏ ကြွင်းကျန်ရုပ်အလောင်းအား နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်၌ ရန်ကုန်မြို့ ရေးဝေးသုဿန်တွင် ဈာပနအခန်းအနားပြုလုပ်၍ ဂူသွင်းသဂြိုလ်ခဲ့ကြသည်။

    ရွှေညဝါဆရာတော်ကြီးဦးဆောင်၍ ဗုဒ္ဓဘာသာထုံးဓမ်းနှင့်အညီ သံဃာတော်များထံမှ တရားတော်နာရေစက်ချခဲ့ရာ နိုင်င်ငံရေး အင်အားစု အသီးသီးပုဂ္ဂိုလ်များ ထောက်နှင့်ချီ တက်ရောက်ခဲ့ကြသည်ကို တွေ့ရှိရသည်။

    ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက “သုံရောင်ချယ်အဖွဲ့ဝင် အလွတ်သတင်းထောက် ကိုပါကြီးလို နိုင်ငံသားတစ်ယောက်အပေါ်မှာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေကို မျက်ကွယ်ပြုပြီးတော့ လူမသိသူမသိ အဆုံးစီရင်ခဲ့တဲ့ ကိုပါကြီး၊ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံသိသွားပြီ၊ ကိုပါကြီးရဲ့ ရုပ်အလောင်းကိုလည်း ကျွန်တော်တို့ ဒီနေရာကို ပြန်ယူနိုင်ခဲ့ပြီ၊ ဒီတော့ ကျွန်တော်တို့အားလုံး နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးအပြင် ကျွန်တော်တို့ ဆာလောင်မွတ်သိပ်နေတဲ့ ဒီမိုကရေစီ၊ ဖယ်ဒရယ်ပြည်ထောင်စု၊ တရားမျှတတဲ့ ဥပဒေကို ကျွန်တော်တို့ပာ အချိန်မရွေး ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဈပနအခမ်းအနားတွင် ပြောကြားခဲ့သည်။

    ကိုပါကြီးဈာပနသို့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိူးဆက်သစ်ကျောင်းသားများအဖွဲ့ ၊ABSDF ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအင်အားစုများနှင့် အရပ်ဖက်လူမှုဖွဲ့အစည်းများက လွမ်းသူ့ပန်းခွေများပေးပို့ခဲ့သည်။

    ထို့အပြင် ယင်းကဲ့သို့ မတရားဖမ်းဆီး သတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်ပေးရန် ဈာပနအခမ်းအနားရှေ့တွင် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေးအဖွဲ့က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာ ကိုပါကြီး အသတ်ခံရသည်ကိစ္စနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသော သမ္မတနှင့်ကာချုပ်တို့ လူထုထံ ဝန်ခံတောင်းပန်ပေးရန် တောင်းဆိုခဲ့ကြသည်။

    ဆန္ဒထုတ်ဖော်ခဲ့သူ ဦးဝင်းချို့က “ကိုပါကြီး အခုဈာပနပာ သူ့ဇနီးရဲ့ ဆန္ဒနဲ့အညီ အများစု စိတ်ကျေနပ်လောက်တဲ့ အခင်းအကျင်းမျိုးလို့ ယူဆတဲ့အတွက် ဒီအနေအထားမှာ ကျွန်တော်တို့ဘက်က ပြောစရာမရှိဘူး၊ ပြောစရာရှိတာက ထပ်ပြီး ဆောင်ရွက်ရမယ့် တရားဥပဒေစိုးမိုးရေးနဲ့ အမှန်တရားပေါ်ပေါက်ရေးပါဘဲ၊ ဒါက ဆက်လက်လုပ်ဆောင်ရဦးမယ့်ကိစ္စတွေပါ” ဟု IMNA သို့ ပြောသည်။

    ကိုပါကြီးသည် ယခင်ကသုံးရောင်ချယ်အဖွဲ့တွင် နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး မသေဆုံးမီအချိန်များတွင် မြန်မာနိုင်ငံနယ်စပ်၌ အလွတ်တန်း သတင်းထောက်တစ်ဦးအဖြစ် ငြိမ်းချမ်းရေး သတင်းများရေသားခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းအတွင်း ကိုပါကြီးအား မြန်မာတပ်မတော် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေနတ်လုယူ ထွက်ပြေး သဖြင့် ပစ်ခတ်သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာမှသတင်းထုတ်ပြန်ခဲ့ရာ အငြင်းပွားစရာမှုခင်းဖြစ်သောကြောင့် အလောင်းပြန်လည် တူးဖော်ကာ မှုခင်းဆရာဝန်များ သေမှုသေခင်း စစ်ဆေးခဲ့ပြီး သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော် လည်း သက်ဆိုင်ရာမှအတည်ပြုချက်မရရှိသေးပေ။

    ကိုပါကြီး ရုပ်အလောင်းအား စစ်ဆေးအပြီး သက်ဆိုင်ရာ မြိုနယ်တွင် ၂၄ နာရီအတွင်း မီးသဂြိုလ်ရန် မော်လမြိုင်မြို့နယ် စည်ပင်သာယာ ရေးကော်မတီက နိုဝင်ဘာလ ၆ ရက်နေ့စွဲဖြင့် အမိန့် စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့သို့ အလောင်းသယ်လာ၍ ဂူသွင်းသဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks