spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသတင်းသမားတို့၏ လုံခြုံရေးအန္တရယ်ပိုများလာနိုင်ကြောင်း MJN ပြော

    သတင်းသမားတို့၏ လုံခြုံရေးအန္တရယ်ပိုများလာနိုင်ကြောင်း MJN ပြော

    -

    မြန်မာနိုင်ငံတွင် သတင်းသမားများ၏ လုံခြုံရေးအန္တရယ်ပိုများ လာနိုင်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) အတွင်းရေးမှူး ဦးမြင့်ကျော်က ယမန်နေ့က ပြုလုပ်သည့် World Impunity Day အထိန်းအမှတ် ငြိမ်းချမ်းစွာလမ်းလျှေက်ဆန္ဒပြ ဆုတောင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    “သတင်းသမားတွေက သာမန်ပြည်သူတွေထက်ပိုပြီး ပြစ်မှတ်ထားခံရတယ်၊ ဘာလို့လဲဆိုတော့ သတင်းသမားတွေက မတရားမှုတွေကို ဖော်ထုတ်နေလို့ပဲ၊ လာမယ့် ရွေးကောက်ပွဲမှာလည်း ကျွန်တော်တို့ သတင်းယူတဲ့ အခါမှာ အသက်အန္တရယ်ခြိမ်းခြောက်လာနိုင်တဲ့ အလားအလာတွေရှိနေပါတယ်” ပာု ဦးမြင့်ကျော်က ပြောသည်။

    တရားဥပဒေစိုးမိုးမှု မရှိခြင်းနှင့် သတင်းသမားများအပေါ် ပြစ်မှုကျူးလွန်ခဲ့သူများအား ထိထိရောက်ရာက် အရေးယူပေးရန် ဆန္ဒပြခေါင်းဆောင်များက သတင်းမီဒီယာများမှတစ်ဆင့် တောင်းဆိုခဲ့သည်။

    “သတင်းသမားတွေကို အသက်အန္တရယ်အထိ ခြိမ်းခြောက်မှုတွေရှိပါတယ်၊ သူတိုကို အရေးယူတယ်ဆိုပြီး အသံတွေ ကျွန်တော်တို့ အခုထိ မကြားသေးဘူး၊ သူတို့ကို အရေးမယူတဲ့အတွက် နောက်လဲ ကျူးလွန်ဖို အခွင့်အလမ်းတွေရှိပါတယ်” ပာု ဦးမြင့်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

    အဆိုပါ ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်မြို့ မပာဗန္ဒုလ ပန်းခြံရှေ့မှစကာ မြန်မာဂျာနယ်လစ် ကွန်ယက်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့တို့ ပူးပေါင်းကာ သတင်းသမားများ အကျဉ်းချ၊ သတ်ဖြတ်ခံနေရခြင်းများနှင့် သတင်းသမားများ ခြိမ်းခြောက်ခံရမှု များအား ဆက်ဖြစ်မလာစေရန် World Impunity Day တံဆိပ်ပါ ဆင်တူအကျီများ ဝတ်ဆင်ကာ လူအင်အားတစ်ရာဝန်းကျင်ခန့် ဆူးလေ ဘုရား တစ်ပတ် ပတ်ကာလမ်းလျှောက်ခဲ့ကြပြီး ဆူးလေဘုရား တနင်္ဂနွေထောင့်တွင် ဖယောင်းတိုင်မီးများ ထွန်းညှိ့ ဆုတောင်းကာ ၅ နာရီ ဝန်းကျင် အချိန်တွင်ပြီးဆုံးခဲ့သည်။

    World Impunity Day ဆုတောင်းဆန္ဒပြပွဲကို ခွင့်ပြုမိန့်ဖြင့် ကျင်းပခဲ့သော်လည်း အာဏာပိုင်များနှင့် တင်းကျပ်မှုများလည်း ရှိခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်သူ သတင်းထောက် မရွှေမှုန်က ပြောသည်။

    “ကျွန်မတို့ ဆူးလေ ပန်းခြံရှေ့ကနေ ဘုရားပေါ်တက်ပြီး ဝတ်ပြုဆုတောင်းဖိုအတွက် ဆူးလေပန်းခြံမှာ ခွင့်ပြုမိန့်တင်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ကို သွားလာခွင့်မပေးပါဘူး” ပာု မရွှေမှုန်က ပြောသည်။

    World Impunity Day ဖြစ်လာရခြင်းမှာ ၂၀ဝ၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံတွင် သတင်းသမားများ အသက်ခံရခြင်းအား အခြေခံကာ ကမ္ဘာ ကုလသမဂ္ဂ မှ သက်မှတ်ခဲ့ခြင်းဖြစ်သည်။အလားတူ မြန်မာနိုင်ငံတွင်လည်း သတင်းသမားအချို့ သတ်ဖြတ်ခံရခြင်းနှင့် ဖမ်းဆီးထောင် ချခံရခြင်းများ အသက်အန္တရယ် ခြိမ်းခြောက်ခံရမှုများ ယခုအစိုးရသစ်လက်ထက်တွင် ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks