spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းအခြားနိုင်ငံရေးမဟာမိတ်တွင်ပါဝင်နေပါက EAPP သို့ဝင်ခွင့်မပြု

    အခြားနိုင်ငံရေးမဟာမိတ်တွင်ပါဝင်နေပါက EAPP သို့ဝင်ခွင့်မပြု

    -

    တိုင်းရင်းသားမပာမိတ် နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ EAPP တွင် ပါဝင်မည့် နိုင်ငံရေးပါတီသည် အခြားသော နိုင်ငံရေးမပာမိတ်အဖွဲ့များတွင် ပါဝင်နေပါက အဆိုပါ ပါတီသို့ ပါဝင်ခွင့်ပြုမည် မပာုတ်ကြောင်းနိုဝင်ဘာ ၁ ရက်နေ့တွင် အမျိူးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးတွင် ပြုလုပ်သော EAPP အစည်းအဝေးတွင် အဖွဲ့ဝင် ပါတီခေါင်းဆောင်များက ဆုံးဖြတ်လိုက်သည်။

    တိုင်းရင်သားမပာမိတ် နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ (EAPP) မှ အဖွဲဝင် ၁၂ ပါတီတို့၏ ထိပ်ပိုင်းခေါင်းဆောင်များက ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

    အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးကြည်တိုး “အခုပာက မပာမိတ်အဖွဲ့အစည်းဆိုတဲ့ခေါင်းစဉ်တွေနဲ့အများကြီး ရှိနေကြတယ်၊ တချို့ ပါတီတွေက မပာမိတ်အဖွဲ့အစည်း တစ်ခုတည်းမှာဘဲ သီးသန့်ရှိနေကြတယ်၊ ဥပမာပြောရရင် UNA ဒီအဖွဲ့မှာပါတဲ့ ပါတီတွေပာ တခြား အဖွဲ့တွေထဲမှာ ပါလေ့ပါထသိပ်မရှိဘူး၊ တချိုအဖွဲ့တွေကျတော့ ဘယ်ပါတီပါပါ အကုန်လက်ခံထားတဲ့ ပုံစံတွေရှိတယ်” ဟု ပြောသည်။

    သိုသော် အခြား မပာမိတ်အဖွဲ့များမှ ပါတီများ ပါဝင်ခွင့်မရှိသော်လည်း မပာမိတ် အဖွဲအစည်းတစ်ခုလုံး ပါဝင်မည်ဆိုပါက လက်ခံ ကြောင်း သိရသည်။

    EAPP အဖွဲ့သည် ညီညွတ်သော တိုင်းရင်းသား မပာမိတ်နိုင်ငံရေး ပါတီများ UNA ၁၂ ပါတီနှင့် ၁၉၉၃ ခုနှစ်တွင် ဖွင့်စည်းခဲ့သော ပြည်သူ့လွတ်တော် ကိုယ်စားပြုပါတီ CRPP ၁၀ ပါတီ တို့ဖြင့် အခြေခံကာ ပြီးခဲ့သည့် အောက်တိုဘာလ အတွင်း NLD မှ ဦးဆောင်ကာ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားပါတီများဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုအစည်းအဝေးမှ သိရသည်။

    ယခုကဲ့သို့ ခိုင်မာသော မပာမိတ်အဖွဲ့တစ်ခုဖွဲ့ရခြင်းမှာ ဆုံးဖြတ်ချက် တစ်ခုပေါ်တွင် အခြေခံ၍ မပာမိတ်ဖွဲရခြင်း မပာုတ်ကြောင်း ဖယ်ဒရယ်ပြည်ထောင်စု ရရှိရေး၊ တိုင်းပြည်၏ ဒီမိုကရေစီ အကူအပြောင်းတွင် ကောင်းမွန်အောင်ဆောင်ရွက်နိုင်ရေးနှင့် ပါတီတစ်ခုနှင့် တစ်ခု နားလည်မှု ရရှိရေးတို့ ဖြစ်ကြောင်း ချင်းဒီမိုကရေစီ အဖွဲ့ချုပ်မှ ဥက္ကဌ ဦးငိုင်ဆာ့ခ်က ပြောသည်။

    ဆက်လက်၍ ဦးငိုင်ဆာ့ခ် က “မြန်မာနိုင်ငံရေးမှာ ပါတီတွေ အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်၊ EAPP အနေနဲ့အခြားသော မပာမိတ်ပါတီအဖွဲ့အစည်း အသီးသီးနဲ့လည်း ဆက်လက်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ရမှာဖြစ်တယ်၊ အခြားသော မပာမိတ်အဖွဲ့ တစ်ခုခုက ကျွန်တော်တို့ EAPP နဲ့ လာပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လည်း ကျွန်တော်တို့ လက်ခံမှာပါ” ပာု ပြောသည်။

    တိုင်းရင်သားမပာမိတ် နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ (EAPP) ကော်မတီဝင် များအား လာမည့် အပတ်များအတွင်းရွေးချယ်သွားမည် ဖြစ်ပြီး EAPP အဖွဲ့ဝင်ပါတီများမှာ ရှမ်းပြည်ကိုးကန်ဒီမိုကရက်တစ်ပါတီ၊ “ဝ”အမျိုးသာစည်းလုံးညီညွတ်ရေးပါတီ၊ ချင်းဒီမိုကရေစီ အဖွဲ့ချုပ်၊ ကယန်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကယန်းအမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရေစီ နှင့်လူအခွင့်အရေးပါတီ၊ မွန်ဒီမိုရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks