Homeသတင်းကိုပါကြီးရုပ်အလောင်းပျက်စီးနေပါက DNA စစ်ဆေးခွင့်တောင်းမည်

ကိုပါကြီးရုပ်အလောင်းပျက်စီးနေပါက DNA စစ်ဆေးခွင့်တောင်းမည်

-

လွန်ခဲ့သည့်လက အာဏာပိုင်တို့မြေမြှုပ်သင်္ဂြိုလ်ထားသည်ဆိုသည့် ကိုပါကြီးရုပ် အလောင်းအား ပြန်လည်တူးဖော်ပြီး ပျက်စီးနေပါက အစစ်ပာုတ်မပာုတ် အစိုးရထံသို့ DNA စစ်ဆေးခွင့် တောင်းဆိုမည်ပာုကိုပါကြီးဇနီး မသန္တာက IMNA သို့ပြောသည်။

“ကိုပါကြီးရုပ်အလောင်း ပာုတ်မပာုတ် ဆိုတာ ကျွန်မတို့ဘက်က စောင့်ကြည့်ရုံဘဲရမယ်၊ဥပဒေအရ ကျွန်မတို့ ကိုင်တွယ် စစ်ဆေး ခွင့်မရှိဘူး၊ကျွန်မဘက်မှာ ပညာရှင်တွေ မရှိဘူး၊ဒီတော့ သူတို့ ထုတ်ပြောတဲ့ အဖြေဘဲရှိမယ်၊ကိုပါကြီးရုတ်အလောင်း ပာုတ်မပာုတ် ဆိုတာကို သူခန္တာကိုယ်ထွားကြိုင်းမှုနဲ့ သူ့အချိုးအဆစ်ထွားကြိုင်းမှုကိုကြည့်ရင် တော်ယုံတန်ယုံ သိနိုင်တယ်၊ပြီးတော့ သူ့ရုပ်အလောင်း ပာုတ်မပာုတ်ဆိုတာ DNA စစ်ခွင့်တောင်းမယ်”ပာု မသန္တာက ပြောသည်။

ကိုပါကြီး၏ ရုပ်အလောင်းအား နိုဝင်ဘာလ ၅ ရက် နေ့တွင် တူးဖော်မည်ပာု ကျိုက်မရောရဲစခန်း က သတင်းထုတ်ပြန်ထားပြီး ကိုပါကြီး မိသားစုအား အကြောင်းကြားထားသည်ဟု ဆိုသည်။

မသန္တာ အနေဖြင့် နိုဝင်ဘာလ ၄ ရက်နေ့မှ အဆိုပါ ကျိုက်မရောသို့ သွားရောက်မည်ဖြစ်ကြောင်း သိရပြီး မည်သူတို့ လိုက်ပါမည်ဆို သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ကိုပါကြီး၏ ရုပ်အလောင်းထွက်လာပါက ကိုပါကြီးမိသားစုဘက်မှ လက်ခံကျေနပ်နိုင်သည်အထိ အာဏာပိုင်တို့ သက်သေများ ပြသရန်လိုအပ်ကြောင်း၊ အကယ်၍ ကိုပါကြီးမိသားစုဘက်က လက်မခံပါက DNA စစ်ဆေးပေးရန် ဥပဒေအရ တောင်းဆိုပိုင်ခွင့်ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုး(လူမှုထူးချွန်)က ပြောသည်။

“အလောင်းက ရုပ်လုံးမပေါ်ရင် ကိုပါကြီးဇနီးဘက်က DNA စစ်ဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်။မူလ DNA ပြစရာ ရှိဖို့လည်းလိုမယ်။ဒါမှ DNA စစ် လိုရနိုင်မှာ”ပာု တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောသည်။
ကိုပါကြီးရုပ်အလောင်း ပြန်လည်ပေါ်ထွက်လာပါက နောက်ထပ် ဖြေရှင်းရန် ပြဿနာများပေါ်ထွက်လာနိုင်ကြောင်း တရားဥပဒေပညာရှင် အချို့က သုံးသပ်နေကြသည်။

အလောင်းကို ပြန်ဖော်ရန် ကျိုက်မရောမြိုနယ် ရဲတပ်ဖွဲမှ မြို့နယ်တရားသူကြီးနှင့် မှုခင်း ဆရာဝန်တို့ထံ စာတင်ထားပြီး အလောင်းဖော်ချိန်တွင်လည်း တရားသူကြီး၊ မှုခင်းဆရာဝန်၊ မိသားစုဝင်များနှင့် အသိသက်သေများ ရှေ့တွင် တူးဖော်မည်ဖြစ်ကြောင်း ကျိုက်မရောရဲစခန်းမှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

ကိုပါကြီးသည် ယခင်သုံးရောင်ခြယ်အဖွဲ့ဝင်ဖြစ်ပြီး အလွတ်တန်းသတင်းထောက်အဖြစ် ရပ်တည်နေသူပာု ၎င်းမိသားစု အသိုင်း အဝိုင်းက ပြောဆိုနေကြပြီး တပ်မတော်က မှု KKO အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင်ဟု သတ်မှတ်ထားကာ ဖမ်းဆီးစဉ် သေနတ်လုယူထွက်ပြေးမှုကြောင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့သည်ပာု သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts