spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းဝါခရူမွန်မြို့ဟောင်းဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပမည်

    ဝါခရူမွန်မြို့ဟောင်းဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပမည်

    -

    လာမည့်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွန်ရှေးဟောင်း ဝါခရူမြို့ဟောင်းနှင့် ပတ်သက်သော စာတမ်းဖတ်ပွဲ တစ်ရပ်ကျင်းပပြုလုပ်သွားမည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးကျင်ဖေက လွတ်လပ် သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    “ရည်ရွယ်ချက်ကတော့ တို့မွန်ပြည်နယ်ဒေသတွင်းမှာရှိတဲ့ မြို့ဟောင်းတစ်ခုရဲ့အထိမ်းအမှတ်အနေနဲ့ ကျန်ခဲ့တဲ့ဟာတွေကို မပျောက် ပျက်သွားအောင်လို့ပါ၊ မြိ့ရိုးရှိတယ်၊ တိုင်တစ်ရာကျောင်းရှိတယ်၊ ခေါင်းလောင်းရှိတယ်” ဟု ဦးကျင်ဖေက ဆိုသည်။

    ယင်းစာတမ်းဖတ်ပွဲကို လက်ရှိ မြို့ဟောင်းလေ့လာနေသူနှင့် သုတေသနပြုလုပ်ထားသော ပညာရှင်တို့၏ စာတမ်း ၅ စောင်ခန့် ဖတ်ကြား မည်ဖြစ်ကြောင်း၊ ထိုသူများသည် မော်လမြိုင် တက္ကသိုလ်မှ အများစု ဖြစ်ကြောင်း သိရသည်။

    ဆက်လက်၍ ဦးကျင်ဖေက “လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ တွေ့လိုက်ကြတယ်၊ ဝါခရူမြို့ဟောင်းနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲ တခုလုပ်ဖို့အတွက်ပေါ့နော်၊ မြို့ဟောင်းနဲ့ပတ်သက်ပြီး စုဆောင်းရရှိထားတဲ့ အချက်အလက် ထောက်အထားတွေကို တစ်စုတစ်စည်းတည်းထားရှိဖို့ ခိုင်မာမှုရှိမရှိ စိစစ်နိုင်ဖို့၊ အဲဒီအတွက် စာတမ်းဖတ်ပွဲ လုပ်မှာ” ဟု ဆိုသည်။

    မွန်ရှေးဟောင်း သုတေသနပညာရှင် နိုင်မောင်တိုးက “နိုင်ငံတော်ကနေပြီး Archaeology နည်းအတိုင်း ဒီမြို့ဟောင်းကို ပြုပြင်ထိမ်းသိမ်း လိုက်မယ်ဆိုရင် ရှေးဟောင်းသုတေသန ပညာရှင်တွေရော နိုင်ငံခြားခရီးသွားတွေပါ စိတ်ဝင်စားမဲ့ နေရာတစ်ခုဖြစ်လာမှာပါ” ဟု ပြောသည်။

    ဝါခရူမွန်မြို့ဟောင်းသည် မုတ္တမ ၃၂ မြို့တွင် တစ်မြို့အပါအဝင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ဝ ကျော်ကတည်းက တည်ရှိခဲ့ကြောင်း၊ မွန်မြို့ဟောင်းများအနက် ဝါခရူမြို့တစ်ခုတည်သာလျှင် ယခင်ပကတိအတိုင်း ကျန်ရှိနေသေးကြောင်း နိုင်မောင်တိုးက ဆက်ပြောသည်။

    “ရှေးဟောင်းပစ္စည်းတွေ မကျန်တော့ပေမဲ့ တံတိုင်းတို့၊ ကျုံးတို့၊ သိမ်ကျောင်းတွေရှိနေသေတယ်၊ သိမ်ကျောင်းကဆိုရင် တကယ်မွန် ရှေးဟောင်း လက်ရာအတိုင်း တည်ရှိနေသေးတယ်” ဟု ဆိုသည်။

    လက်ရှိဝါခရူမြို့ဟောင်းသည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအလယ်တွင်တည်ရှိရာ အကျယ် ၆၄ ဧကခန့်ရှိပြီး အဝိုင်း မကျ လေးထောင့်မမည်သော ဆနွင်းမကင်း ပုံသဏ္ဍာန်ရှိသည်ဟု တိုင်းရင်းသား မွန်လူမျိုးများအကြောင်း၏ သမိုင်းကောက်နုတ်ချက် ဆောင်းပါးစာတန်းပေါင်းချုပ်တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks