spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးပွဲ နှောင့်နှေးနိုင်ဟုဆို

    တိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးပွဲ နှောင့်နှေးနိုင်ဟုဆို

    -

    အစိုးရတပ်ဖွဲ့နှင့် ဒီကေဘီအေတို့ကြား လက်ရှိဖြစ်ပေါ်နေသောတိုက်ပွဲများကြောင့် လာမည့် နိုင်ငံရေး တွေ့ဆုံပွဲ နှောင့်နှေးနိုင်သည်ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “ဒီလိုပဋိပက္ခဖြစ်လာတဲ့အတွက် ဆွေးနွေးမှုအပေါ် အနည်းနဲ့အများရိုက် ခတ်လာနိုင်တယ်၊ ယုံကြည်မှုတွေ အားနည်း လာမယ်၊ ဘာပဲဖြစ်ဖြစ် အပစ်ခတ်ရပ်စဲရေးအတွက်အဖြေရှာနေစဉ်မှာ ရရှိပြီးတဲ့ရလာဒ်တွေ မဆုံးရှုံးစေချင်ဘူး၊ မပျက် အောင်လဲ နှစ်ဖက်ညှိ နှိုင်းရေးအဖွဲ့က ကြိုးပမ်းထိန်းသိန်းသွားဖို့လိုတယ်”ဟု IMNA သို့ ပြောသည်။

    ပြီးခဲ့သည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များတွင် တပ်နေရာချထားရေးနှင့် လိုက်နာ ရမည့်စည်းမျဉ်းစည်းကမ်းများ တိတိကျကျမပါရှိသည့်အတွက် ယခုကဲ့သို့ ပဋိပက္ခများ ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။

    တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ UPWC တို့ ယခုလကုန်ပိုင်းတွင် တွေ့ဆုံရန် ပြီးခဲ့သည့် ဆဌမအကြိမ်ဆွေးနွေးပွဲ၌ သဘောတူညီခဲ့သည်။

    ရှေ့လာမည့်ဆွေးနွေးပွဲတွင် သက်ဆိုင်ရာတပ်ဖွဲ့ တည်နေရာများ၊ လိုက်နာရမည့်စည်းကမ်းချက်များအပြင် စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းရန်တို့ အသေးစိတ်ထည့်သွင်းဆွေးနွေးသွားမည်ဟု နိုင်ဟံသာက ဆက် ပြောသည်။

    “ကျနော်တို့ UNFC ကလည်း တပ်နေရာချထားရေးနဲ့ပတ်သက်ပြီး တင်ပြချက်တွေ စုစည်းရေးဆွဲနေတဲ့တွက် ဒီလာမယ့်တွေ့ဆုံပွဲဟာ နောက်ကျရင်လဲနောက်ကျမယ် နောက်လကိုလည်း ရွေ့သွားနိုင်တယ်” ဟု သူက ထောက်ပြသည်။

    ယခုအခါ အစိုးရတပ်ဖွဲ့နှင့် တိုင်းရင်းသားလက်နက်တပ်ဖွဲ့တို့ကြား တိုက်ပွဲများဆက် လက်ဖြစ်ပေါ် နေခြင်းသည် လက်ရှိပြုလုပ်လျှက် ရှိသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် ကောင်းသောလက္ခဏာမဟုတ်သကဲ့သို့ ရှေ့တိုးသွားသည့်အခြေအနေ မဟုတ်ဘဲ နောက်ပြန်ဆုတ် နေကြောင်း NCCT အဖွဲ့ခေါင်းဆောင်များက သုံးသပ်ပြောဆိုနေကြသည်။

    ယခုအခါ ကရင်ပြည်နယ်အပြင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွင်းလည်း ဒေသခံတိုင်းရင်း သားတပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တစ်နိုင်ငံလုံးဆွေးနွေးပွဲ အနှုတ်လက္ခဏာသို့ ရောက်ရှိသွားမည်ကို NCCT အဖွဲ့ခေါင်းဆောင် များအနေနှင့် စိုးရိမ်နေကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ဝင် ဦးညိုအုန်းမြင့်က ပြောသည်။

    သူက “အဖွဲ့ခေါင်းဆောင်တစ်ချို့က ဆွေးနွေးပွဲအတွက်တအားစိုးရိမ်နေကြတယ်၊ ဆုတ်ယုတ်သွား ဖို့တော့မဖြစ်နိုင်ဘူး ဘာလိုလဲဆို တော့ နှစ်ဖက်ခေါင်းဆောင်တွေက တစ်နိုင်ငံလုံးငြိမ်း ချမ်းရေး ရအောင် လိုလားနေတဲ့အတွက်ကြောင့် ဒီဆွေးနွေးပွဲပျက်ပြားဖို့လဲ မဖြစ်နိုင်ဘူး၊ ဒါနဲ့ ဒီလ မကုန်ခင် ကျနော်တို့တွေ့ဆုံဖို့ရှိတယ်၊ ရက်ကိုတော့မသတ်မှတ်ရသေးဘူး၊ တွေ့တဲ့အခါ ပဋိပက္ခကိစ္စကို အရင် ညှိနှိုင်းဖြေရှင်းပြီးမှ တစ်နိုင်ငံ လုံးဆွေး နွေးပွဲအတွက် ရှေ့ဆက်ဆွေးနွေးသွားဦးမယ်” ဟု ပြောသည်။

    NCCT နှင့် UPWC တို့ ၆ ကြိမ်မြောက်ဆွေးနွေးပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်မှ ၂၆ ရက် အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်း ချမ်းရေး ပြည်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန Myanmar Peace Center ၌ နောက်ဆုံးအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks