spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့တွင် လုံခြုံမှုမရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

    ခေါဇာမြို့တွင် လုံခြုံမှုမရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော

    -

    မွန်ပြည်နယ်တောင်ပိုင်းအစွန်ဖြစ်သော ခေါဇာမြို့၌ ဌာနဆိုင်ရာရုံးများရှိပြီး ရဲစခန်းနှင့် ခလရ ၃၁ တပ်ရင်း အခြေစိုက်ရာမြို့ ဖြစ်သော်လည်း လုံခြုံမှုမရှိဟုရေးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် မိမြင့်သန်းက လွတ်လပ်သောမွန် သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    အဆိုပါ ခေါဇာမြို့သည် ရေးမြို့ တောင်ဘက် ၂၄ မိုင်အကွာတွင်တည်ရှိရာ ၂၀ဝဝ ခုနှစ်နောက်ပိုင်းတွင် ခလရ ၃၁ တပ်ရင်းလာရောက် အခြေစိုက်ပြီးနောက် ကျေးရွာအုပ်စုမှ မြို့နယ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ကာ ရဲစခန်းနှင့် အစိုးရရုံးများ ထားရှိခဲ့ခြင်းဖြစ်သည်။

    မိမြင့်သန်းက “စစ်တပ်ရင်းနဲ့ ရဲစခန်းလည်းရှိတယ်၊ ဒါပေမယ့် ဒီမြို့နယ်မှာ ပြန်ပေးမှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်၊ ဘယ်အဖွဲ့မှ အကာအကွယ်မပေးနိုင်ခဲ့ဘူး၊ မြို့အတွက် လုံခြုံမှုမရှိပါ” ဟု ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ခေါဇာမြို့ခံ ၄ ဦးကို မြို့ပေါ်မှ ပြန်ပေးဆွဲခဲ့ပြီး ငွေကျပ်သိန်း ၇၅၀ တောင်းခံခဲ့သည်။

    သို့ရာတွင် ပြန်ပေးဆွဲခြင်းခံခဲ့ရသူ သက်ဆိုင်သူမိသားစုများကလည်း ရဲစခန်းသို့တိုက်ရိုက်တိုင်ကြားခြင်း မရှိခဲ့ပေ။

    ပြန်ပေးဆွဲခံရသူမိသားစုဝင်တစ်ဦးက “ ရဲစခန်းကခေါ်မေးတာ ၃ ခါရှိပြီး၊ အခြေအအနေဘာထူးလဲလို့ မေးတယ်၊ နောက် ဒီပြန်ပေးဆွဲ ခံရတဲ့အကြောင်း အပြင်ကိုမပေါက်ကြားစေဖို့ မီဒီယာတွေကိုအသိမပေးဖို့ ရဲကပြောတယ်” ဟု ဆိုသည်။

    အဆိုပါပြန်ပေးအဖွဲ့သည် ရေးမြို့နယ်တောင်ပိုင်းနှင့်ဆက်စပ်လျက်ရှိသော ရေဖြူမြို့နယ်(တနင်္သာရီတိုင်း) တွင် လှုပ်ရှားလျက်ရှိရာ ကျေးရွာအလိုက် နှစ်စဉ်ဆက်ကြေးငွေတောင်းခံနေကြောင်း၊ ဆက်ကြေးငွေမပေးပါက ကျေးရွာရှိအထင်ကပုဂ္ဂိုလ်များအား ပြန်ပေးဆွဲလေ့ရှိသည်ဟု ဒေသခံ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

    ယင်းအရာရှိက “ ဒီဒေသမှာ ကျနော်တို့မွန်ပြည်သစ်အနေနဲ့ အစိုးရဌာနကို ကျော်ပြီးလုပ်လို့မရပါဘူး၊ ပြန်ပေးဆွဲတဲ့အဖွဲ့က လက်နက် ကိုင်ပြီး ကျနော်တို့က တိုက်ပုံနဲ့ ဦးတိုက်နေလို့ကတော့ မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ကျနော်တို့အနေနုဲ့ ဒီဒေသရဲ့လုံခြုံရေးကို တိုက်ရိုက် ဝင်ရောက်ကိုင်တွယ်ခွင့်မရှိပါဘူး” ဟုပြောသည်။

    အဆိုပါခေါဇာမြို့နှင့်အနီးဝန်းကျင်းရှိဒေသသည် ယခင်ကမွန်ပြည်သစ်ပါတီအမာခံနယ်မြေအဖြစ်မှ ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ နှင့် နဝတစစ်အစိုးရသဘောတူညီချက်အရ အစိုးရထိန်းချုပ်မှုအောက်သို့ လွှဲအပ်လိုက်ရပြီးနောက် မွန်ခွဲထွက်အမည်ခံပြန်ပေးအဖွဲ့များ လှုပ်ရှားလာသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မွန်ပြည်သစ်ပါတီအနေနဲ ့အဲဒီဒေသမှာရှိတဲ့ စစ်တပ်အာဏါပိုင်တွေနဲ ့ဆွေးနွေးပါသလား အဲဒီဒေသမှာရှိတဲ့ မွန်ပြည်သူတွေကို သူတို့့ အကာအကွယ်မပေးနိုင်ရင် မွန်စစ်တပ်က ဝင်ရောက်လှုတ်ရှားရမယ် အဲဒီအချိန်အခါကြရင် အထင်မှားပြစ်ခတ်မူု မရှိရအောင် ဝေးဝေးနေပါ စသည်ဖြင့် မလုပ်နိုင်ဘူးလား အဲလိုဆွေးနွေးတာ စာရေးအကြောင်းတာတွေကိုလဲ မီဒီယာကို အသိပေး ဒေသလု့ခြုံရေးမရှိဘဲ ဖွံ ့ဖြိုးရေးတွေလုပ်နိုင်တယ် ဆိုတာ လူရီစရာ ဖြစ်နေတယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks