spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း NCCT ပြော

    အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှု နောက်ပြန်ဆုတ်နေကြောင်း NCCT ပြော

    -

    ယခုလက်ရှိ ပြုလုပ်လျှက်ရှိသည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် ရှေ့တိုးသွားသည့် အခြေအနေမဟုတ်ဘဲ နောက်ပြန်ဆုတ်နေကြောင်းအရပ်ဘက်လူမှုအဖွဲ့အစည်း CSO များတွေ့ဆုံပွဲ တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    နိုင်ဟံသာက “ဒီတစ်ခေါက်တွေ့ဆုံပွဲက တစ်ဆို့မှုနည်းနည်းတော့ ရှိနေတယ်၊ ဒီလိုဖြစ်ရတာကလည်း တပ်မတော်ဘက်က ကျနော်တို့ကို အဆိုးမြင်တာတွေ များနေတယ်၊ သူတို့ဘက်ကလည်း UNFC အပေါ် ဝေဖန်မှုတွေလည်း ရှိနေတယ်” ဟု ဆိုသည်။

    ဆက်လက်၍ ယခင်ဆွေးနွေးပွဲတွင် လွယ်ကူသည့် အချက်များကို သဘောတူခဲ့ကြပြီး ခက်ခဲသည့် အချက်များကို ချန်လှပ်ထားခဲ့သည့် အတွက် ယခုအကြိမ် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲသည် တိုးတက်မှုနည်း၍ အခက်အခဲများနှင့် ကြုံနေရပြီး နောက်ပြန်ဆုတ် နေသည့်သဘောဖြစ်ကြောင်း သူကဆက်ပြောသည်။

    နိုင်ဟံသာက “ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်အနေနဲ့ကလည်း ကျနော်တို့ ဆွေးနွေးလိုက်တဲ့ အချက် တွေတိုင်းကို ဘာဆုံးဖြတ်ချက်မှ မချနိုင်ဘူး၊ သူတို့အထက်ကို တင်ပြရမယ် ပြန်ပြီး ဆွေးနွေးရမယ်ဆိုတာပဲ” ဟု ဆိုသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ NCCT နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း CSO တို့ တွေ့ဆုံပွဲကို စက်တင်ဘာလ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ Freen Hill ဟိုတယ်၌ လူမှုကွန်ယက်အဖွဲ့အပါအဝင် ၂၉ ဖွဲ့ တက်ရောက်ခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှု ဖြစ်သည်။

    NCCT နှင့် CSO အဖွဲ့များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် မွန်ပြည်နယ်အရပ်သား အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီ အတွင်းရေးမှူး ကိုအောင်ထူးက “NCCT ဘက်က ရှင်းလင်းချက်မှာ နောက်ဆုံးဆွေးနွေးပွဲ ရလဒ်ကတော့ အစိုးရ တပ် မတော်ဘက်အနေနဲ့ နည်းနည်းနောက်ပြန်ဆုတ်သွားတဲ့ အခြေအနေမှာ ရှိနေတယ်လို့ NCCT ဘက်က ဖွင့်ချခဲ့တယ်” ဟု ပြောသည်။

    ထို့အပြင် တွေ့ဆုံဆွေးနွေးပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းမှ တင်ပြချက်များမှာ ငြိမ်းချမ်းရေးနှင့် အမျိုးသမီးကဏ္ဍ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လူငယ်များပါဝင်ရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းဆိုင်ရာ ပညာပေးရေးကဏ္ဍ၊ အရပ်သားအပစ်အခတ်ရပ်စဲရေး စောင့်ကြည့် လေ့လာရေးအခန်းကဏ္ဍ၊ တိုင်းရင်းသားဒေသတွင်း စီမံကိန်းကြီးများ လာရောက်ရင်းနှီးမြှပ်နှံခြင်းနှင့် ပွင့်လင်းမြင်သာမှု၊ စစ်ပြေးဒုက္ခ သည် (IDP) များကို ပြန်လည်နေရာချရေးအခန်းကဏ္ဍ၊ Civil Society forum For Peace ရဲ့လှုပ်ရှားမှုကဏ္ဍများကို တင်းပြဆွေးနွေး သွားခဲ့ကြောင်း သိရသည်။

    ကိုအောင်ထူးက “NCCT ကတော့ သူတို့ရဲ့ ရပ်တည်မှုအတိုင်း အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားတယ်၊ ဒါပေမဲ့ အနာဂါတ်မှာရော Political Dialogue မှာပါ CSO, CBO တွေရဲ့ အခန်းကဏ္ဍပါဝင်ရမယ်ဆိုတာကို NCCT အနေနဲ့ လက်ခံထားပါတယ်၊ ဒါပေမယ့် တစ်ချို့ တင်ပြဆွေးနွေးမှုတွေမှာ အခက်အခဲနည်းနည်းတော့ ရှိနေတယ်” ဟု ပြောသည်။

    CBO, CSO လုပ်ငန်းများအားလုံးကို NCCT မှ အားလုံးသိရှိထားသည့်မဟုတ်သည့်အတွက် မိမိတို့ လုပ်ဆောင်နိုင်သည့် လုပ်ငန်းများကို အနှစ်ချုပ် Concept paper ရေးသားတင်ပြရန် NCCT က တောင်းဆိုထားသည်ဟု ကိုအောင်ထူးက ဆက်ပြောသည်။

    အလားတူ ယခုလ ၂၇ ရက်နေ့တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC၊ လက်နက်ကိုင် အဖွဲ့အစည်းများ၏နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ NCCT နှင့် နိုင်ငံရေးပါတီ ၆၀ ကျော်တို့ ဒုတိယအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံပွဲတစ်ရပ်ကိုလည်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts