spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းPassport လုပ်ရန် ခရီးသွားထောက်ခံစာထုတ်ပေးနေဟု မြန်မာသံရုံးကထုတ်ပြန်

    Passport လုပ်ရန် ခရီးသွားထောက်ခံစာထုတ်ပေးနေဟု မြန်မာသံရုံးကထုတ်ပြန်

    -

    ထိုင်းအစိုးရထုတ်ပေးထားသည့် ထော်ရော် ၃၈/၁ ခေါ် ပန်းရောင်ကတ် Smart Card ကိုင်ဆောင်ထားသူ မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့ပြန်၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာသံရုံးကခရီးသွားထောက်ခံစာ ထုတ်ပေးနေကြောင်း သံရုံးထုတ် ပြန်ချက်အရ သိရသည်။

    နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားမရှိသူများအနေဖြင့် ဓါတ်ပုံ(၂ပုံ) ပူးတွဲလျက် ဘန်ကောက်မြို့ တော်ရှိ မြန်မာသံရုံးကို ကာယကံရှင်(လူကိုယ်တိုင်) လာရောက်ဆက်သွယ်ပါက အဆိုပါ ခရီးသွားထောက်ခံစာအားထုတ်ယူကြောင်း လည်း ပြီးခဲ့သည့်ရက်ပိုင်း က သံရုံးထုတ်ပြန်ချက်တွင် တွေ့ရသည်။

    ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “ထိုင်း-မြန်မာ နှစ်ဖက်အစိုးရတွေညှိနှိုင်းပြီးတော့ တရားမဝင်အလုပ်သမားတွေကို တရားဝင်အောင်လုပ်ပေးထားတယ်၊ အဲ့ဒီလုပ်ပေးထားတဲ့အလုပ်သမားတွေအထဲမှာ မြန် မာမှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားမရှိတဲ့ အလုပ်သမားတွေက သူတို့အိမ်မှာသော်လည်းကောင်း၊ နယ်စပ်မှာ သော်လည်းကောင်း၊ ပြန်ပြီးလုပ်လို့ရအောင်အတွက် ခရီးသွားရင်း လမ်းမှာအဖမ်းမခံရအောင် သံရုံးက ထောက်ခံ စာထုတ်ပေးထားတာပါ၊” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ပြောသည်။

    အဆိုပါ ခရီးသွားထောက်ခံချက်လက်မှတ်သည် သံရုံး၏ ထောက်ခံချက်တစ်ခုမျှ သာမက ထိုင်းလဝက၏ ထောက်ခံချက်ကိုပါ လိုအပ်ကြောင်း၊ ထို ထိုင်းထောက်ခံချက်ကို သံရုံးမှတဆင့် ရယူနိုင်ကြောင်း၊ မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုဇယားရှိပြီးအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်ကို သံရုံး၌ တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သံအမတ်ကြီးက ဆက် ပြောသည်။

    ထိုင်းနိုင်ငံရွှေ့ပြောင်းမြန်မာအလုပ်သမားတစ်ဦးက "ကျနော်တို့လက်ရှိအလုပ်လုပ်နေတဲ့ခရိုင်နဲ့ သံရုံးနဲ့က တော်တော်လှမ်းပါတယ်၊ ကျနော်တို့တို့အနေနဲ့ သံရုံးကိုဘယ်လိုသွားပြီး နိုင်ငံကူးလက်မှတ်ကို ဘယ်လိုထုတ် ယူရမလဲ" ဟု ပြောသည်။

    ထို့အတူ ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်သမားများအတွက် ခရီးသွားထောက်ခံစာလက်မှတ်ကို တာ့ခ်ခရိုင် ၃ မြို့ နယ်အတွက် ဘန် ကောက်မြို့တော်ရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်းသွားလုပ်စရာမလိုပဲ နယ်စပ်ဒေသရှိ မဲဆောက်မြို့ တွင် ယမန်နေ့မှ စတင်၍ ပြုလုပ်ပေး နေပြီးဖြစ်သည်။

    ထိုသို့ထောက်ခံစာပြုလုပ်ရန်အတွက် တာ့ခ်ခရိုင်မဲဆောက်မြို့အပါအဝင် ဖုတ်ဖရနှင့် မယ်လမု စသည့်မြို့နယ် ၃ မြို့ နယ်ရှိ စက်ရုံ အလုပ်ရုံ အလုပ်သမားများနှင့် ကိုယ်ပိုင်အလုပ်လုပ်ကိုင်သည့် အထောက်အထားရှိသူ အားလုံး One Stop Service ရုံးသို့ အခကြေး ငွေမလိုပဲ သွားရောက်ပြုလုပ်နိုင်ပြီးဖြစ်ကြောင်း ကေအိုင်စီသတင်းဌာနက ဖေါ်ပြ ထားသည်။

    ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများအနေဖြင့် သာမန်နိုင်ငံကူးလက်မှတ်(စာအုပ်ကြီး) လျှောက် ထားလိုသူများအတွက် (၁)စတင် လျှောက်ထားစဉ် ၅၀ဝ ဘတ်၊ (၂) နိုင်ငံကူးလက်မှတ်ထုတ်ယူစဉ် ၁၀၃၀ ဘတ်၊ (၃) အလုပ်သမားသက်သေခံကတ်ပြား ထုတ်ယူစဉ် ၇၀ ဘတ်၊ စုစုပေါင်း ၁၆၀ဝ ဘတ်အား မြန်မာဘက်မှ ကောက်ခံမည်ဖြစ်ပြီး အဆိုပါစာအုပ်ကြီး ပျောက်ဆုံး/ပျက်စီးမည် ဆိုပါက ဒဏ်ကြေး ၂၇၀ဝ ဘတ်အား ပေး ဆောင်ရမည်ဟုလည်း သိရသည်။

    ထို့နောက် သာမန်နိုင်ငံကူးလက်မှတ် ရရှိသည့်အခါ အလုပ်ရှင်၏ အလုပ်ခေါ်စာနှင့်အတု လျှောက်တားစဉ်တင်ပြ ထားသည့် မယ်ဆိုင်/ မဲဆောက်/ ရနောင်းရှိ One Stop Service စခန်းသို့သွားရောက်၍ အလုပ်ရှင်နှင့် အလုပ် သမား အလန်ခန့်ထားမှုဆိုင်ရာ သဘောတူညီ ချက်စာချူပ် ချူပ်ဆိုပြီး ပြည်ပအလုပ်အကိုင် အလုပ်သမား သကေ် သခံကတ်ပြားထုတ်ယူရမည် ဖြစ်ပြီး မိမိအလုပ်လုပ်ကိုင်မည့် မြို့နယ် သို့သွားရောက်ပြီး အလုပ်လုပ်ခွင့်လက်မှတ် Work Permit ကို လျှောက်ထားရမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks