spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းမွန်ပြည်နယ် အရပ်သားအပစ်ရပ်စောင့်ကြည့်လေ့လာရေး အမြင်ဖွင့်သင်တန်းကျင်းပပြီးစီး

    မွန်ပြည်နယ် အရပ်သားအပစ်ရပ်စောင့်ကြည့်လေ့လာရေး အမြင်ဖွင့်သင်တန်းကျင်းပပြီးစီး

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ မွန်မြတ်သော အိမ်ထောင်စု ဘုရားရှိခိုးကျောင်း Holy family church တွင် ကျင်းပသည့် အရပ်သား အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေး အမြင်ဖွင့်သင် တန်း စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြီးမြောက်ပြီ ဖြစ်သည်။

    မွန်ပြည်နယ် အရပ်သား အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီက ဦးစီးကျင်းပသည့် ဒုတိယအကြိမ်မြောက် ၂ ရက်တာ သင်တန်းသို့ မြို့နယ် ၆ ခုမှ သင်တန်းသား ၂၇ ဦးနှင့် မော်လမြိုင်မြို့ပေါ်မှ လေ့လာသူ ၇ ဦး တက်ရောက်ကြသည်။

    သင်တန်းသားများမှာ အဓိကအားဖြင့် မွန်ပြည်သစ်ပါတီ လှုပ်ရှားရာဒေသဖြစ်သည့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်နှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်များမှ ဖြစ်ကြပြီး၊ နောင်တွင် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှ သင်တန်းသားများကိုလည်း ဖိတ်ကြားသွားမည်ဟု ကော်မတီ အတွင်းရေးမှူး နိုင်အောင်ထူး က ပြောသည်။

    သူက “ကျွန်တော်တို့က မွန်ပြည်သစ်ပါတီနဲ့ အစိုးရတပ်တွေ စစ်ရေးအရ ထိတွေ့လေ့ရှိတဲ့နေရာက သင်တန်းသားတွေကို ဦးစားပေး ဖိတ်ပါတယ်” ဟု ပြောသည်။

    သင်တန်းတွင် ကော်မတီ၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို နိုင်အောင်ထူးကလည်းကောင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး တည် ဆောက်ရေး လက်ရှိအခြေအနေကို ငြိမ်းဖောင်ဒေးရှင်းမှ ပရိုဂရမ် မန်နေဂျာ ကိုဂျော်ဂွန်းကလည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေး တည် ဆောက်ရေး ဖြစ်စဉ်ကို Nonviolent Peaceforce မှ ပရိုဂရမ် မန်နေဂျာ နယ်သာလန်နိုင်ငံသား Huibert Oldenhuis ကလည်း ကောင်း၊ စက်ဘက်ဆိုင်ရာ အကြံပေးခြင်းကို ဦးဘီလွမ်းဇေကလည်းကောင်း ပို့ချကြပြီး သင်တန်းသားများအနေနှင့် စိတ်ပါဝင်စားမှု ရှိကြောင်း တွေ့ရသည်။

    ရေးမြို့နယ်မှ သင်တန်းသားတစ်ဦးဖြစ်သူ ကိုဇော်ဝမ်း က “ကျွန်တော်တို့ဒေသမှာ ကျွန်တော်တို့ အေးအေးချမ်းချမ်း နေသွားချင်တယ်။ ဒီသင်တန်းက နည်းနာတွေနဲ့ ဒီအဖွဲ့ရဲ့လုပ်ငန်းတွေကို ဝိုင်းပြီးကူညီသွားမယ်” ဟု ပြောသည်။

    ကော်မတီ၏ လုပ်ငန်းစဉ်များ အကောင်အထည်ပေါ်နိုင်ရန်အတွက် ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီသို့ ချဉ်းကပ်ခြင်း၊ ကျေးလက် ဒေသသို့ သွားရောက်ကာ အမြင်ဖွင့်သင်တန်းများ ပို့ချခြင်းနှင့် မြို့နယ်အဆင့် ကျေးရွာအဆင့် ကော်မတီကို ဖွဲ့စည်းခြင်းများ ပြုလုပ်သွား မည်ဟုလည်း နိုင်အောင်ထူးက ပြောသည်။

    ပထမအကြိမ်သင်တန်းကို ဇူလိုင်လ ၂၁၊ ၂၂ ရက်နေ့များက မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ ကုန်စည်ဒိုင်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အထက်ပါ မြို့နယ် ၆ ခုမှ သင်တန်းသား ၃၆ ဦး တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်နယ် အရပ်သား အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများစသည်မှ ကိုယ်စားလှယ် ၁၁၈ ဦး တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ပြီး ၁၅ ဦး ပါဝင်သည့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေး ဖြစ်မြောက်ရေး ကော်မတီ ကို ဖွဲ့စည်းလှုပ်ရှားလာခဲ့ရာမှ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရန် နီးကပ်လာသည့်အတွက် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကော်မတီကို ဖွဲ့စည်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts