spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ဓမ္မစေတီခေါင်းလောင်းကြီးကို ဆက်လက်ရှာဖွေနေဦးမည်ဟုဆို

    မွန်ဓမ္မစေတီခေါင်းလောင်းကြီးကို ဆက်လက်ရှာဖွေနေဦးမည်ဟုဆို

    -

    မွန်ဓမ္မစေတီခေါင်းလောင်းကြီးကို မတွေ့မချင်းဆက်လက်ရှာဖွေနေဦးမည်ဟု ဦးစံလင်းနှင့်အလွန်နီးစပ်သူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မင်းမျိုးတင့်လွင်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ ပြောသည်။

    သူက “ ဦးစံလင်းက ဇွဲကြီးတယ်၊ အလှုရှင်တွေလည်း ဇွဲမလျှော့ဘူး၊ ခေါင်းလောင်းမတွေ့မချင်း ဆက်ရှာမယ်လို့ပြောတယ်” ဟု ဆိုသည်။

    စက်တင်ဘာလ ၁၂ ရက်နေ့တွင် အဆိုပါ မွန်ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေခွင့်သက်တမ်း ကုန်ဆုံးခဲ့သော်လည်း၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်နေ့အထိ၊ ၂၉ ရက်ကြာ သက်တမ်းထပ်မံတိုးထားသည်ဟု မင်းမျိုးတင့်လွင်က ဆက်ပြောသည်။

    သမိုင်းသုတေသီ ဦးမျိုးမြတ်သူ က “အခု လက်ရှိ ခေါင်းလောင်းရှာဖွေနေတာက ရိုးရာယုံကြည်မှု အစွဲအလမ်းတွေနဲ့ လုပ်နေတယ်၊ သိပ္ပံနည်းကျမဟုတ်တော့ ဘယ်လိုမှမအောင်မြင်နိုင်၊ မယုံကြည်နိုင်” ဟုပြောသည်။

    ထို့နောက် အစိုးရ၊ ရှေ့ဟောင်း သုတေသနပညာရှင်များ၊ သမိုင်းပညာရှင်များလက်တွဲပြီး သမိုင်းကြောင်း အထောက်အထားအခိုင်အမာဖြင့် သုတေသနပြုလုပ်ပြီးမှသာ ဆယ်ယူသင့်ကြောင်း ဆက်ပြောသည်။

    မွန်သမိုင်း သုတေသနအသင်း တွဲဖက်အတွင်းရေးမှူး နိုင်ရဲဇော် က “ရှေးဟောင်း ခေါင်းလောင်းအများကြီးထဲက တစ်လုံးပစ်ချမယ်၊ ပြီးတော့ ဆယ်ပြလိုက်မယ်၊ ဒါဟာ ဓမ္မစေတီခေါင်းလောင်းကြီးနှင့်အတူမြုပ်သွားတဲ့ ခေါင်းလောင်းဆိုပြီး ပြောမှာ စိတ်ပူတယ်၊ မွန်ဓမ္မစေတီခေါင်းလောင်းကြီးမဟုတ်ပဲ ခေါင်းလောင်းငယ် အတု တစ်လုံးထွက်ပေါ်လာမှာ စိုးရိမ်မိတယ်” ဟု ဆိုသည်။

    လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ဝ ကျော်က ရေအောက်နစ်မြုပ်ခဲ့သည့် ဓမ္မစေတီခေါင်းလောင်းကြီးရှာဖွေရေးအား ရန်ကုန်တိုင်း ဒေသကြီးအစိုးရက သြဂုတ်လ ၁၄ ရက်တွင် ခွင့်ပြုခဲ့သည်။

    ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး၌ ကမ္ဘာ့ အကြီးဆုံးသမိုင်းဝင် မွန်ဓမ္မစေတီခေါင်းလောင်းကြီး၊ ဉာဏ်တော်(၇)တောင်ရှိ ရွှေသားစစ်စစ် ရပ်တော်မူဘုရား နှစ်ဆူနှင့် တခြားခေါင်းလောင်းငယ် ၁ လုံးကို ဆယ်ယူရန် ဦးစံလင်းက အစိုးရထံ ခွင့်ပြု ချက်တောင်းခဲ့ခြင်း ဖြစ်သည်။

    ထို့နောက် ဆယ်ယူရေးလုပ်ငန်းများစတင်ခဲ့ရာ မွန်ဓမ္မစေတီခေါင်းလောင်းကြီးရှာဖွေ တွေ့ရှိပြီးဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ သြဂုတ်လ ၂၇ ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

    သို့ရာတွင် မွန်ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ရှိပြီဟု ဦးစံလင်း၏ သတင်းထုတ်ပြန်မှုမှာ ခေါင်းလောင်း မတွေ့ဘဲ သတင်းထုတ်ပြန်ခဲ့ကြောင်း၊ ရေအောက်ရှိခေါင်းလောင်းအား ကြိုးချည်နေသည်ဟုပြောဆိုနေသည်မှာ သင်္ဘောပျက်ကို ကြိုးချည်နေခြင်းသာ ဖြစ်ပြီး ခေါင်းလောင်းနှင့်ပတ်သက်၍ အရိပ်အရောင်မျှပင် မတွေ့ခဲ့ကြောင်း ရေငုပ်သမားအဖွဲ့ခေါင်းဆောင် ဦးသန်းညွှန့်က လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) သို့ စက်တင်ဘာ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks