spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးမူဘောင်ပေါ်ထွန်းရေး UNA နှင့် NLD သီးသန့်ဆွေးနွေးမည်

    နိုင်ငံရေးမူဘောင်ပေါ်ထွန်းရေး UNA နှင့် NLD သီးသန့်ဆွေးနွေးမည်

    -

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD တို့ လာမည့် ၁၇-၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် နိုင်ငံရေးမူဘောင်တရပ် ပေါ်ပေါက်ရေး သီးသန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

    UNA အဖွဲ့ဝင် မွန်အမျိုးသားပါတီ MNP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က “၁၇ – ၁၈ ရက်နေ့မှာဆိုရင် UNA ၊ NLD ရယ် ၈ လေးလုံးမျိုးဆက်ကျောင်းသားအဖွဲ့ရယ်၊ ၉၀ က အဖွဲ့တွေရယ် သီးသန့် ပြန်လုပ်သွားမယ်၊ အခု ၅၆ ပါတီရဲ့ နိုင်ငံရေးမူဘောင်နဲ့ မတူဘူး” ဟု လွှတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောသည်။

    မိမိတို့အနေဖြင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်လာစေရန် နိုင်ငံရေးမူဘောင်တစ်ခု ချမှတ်နိုင်ရေးနှင့် တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်စေရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ကြောင်း နိုင်စိုးမြင့်က ဆက်ပြောသည်။

    နိုင်စိုးမြင့်က “ကျနော်ကိုဆွေးနွေးပွဲကနေ ထွက်လာမည့် နိုင်ငံရေးမူဘောင်ကို UNFC နဲ့လည်း ဆက်ပြီး ဆွေးနွေးပါမယ်” ဟု ဆိုသည်။

    အလားတူ နိုင်ငံရေးပါတီ ၅၆ ခုတို့ကလည်း နိုင်ငံရေးမူဘောင်တရပ် ပေါ်ပေါက်လာရေး ရန်ကုန်မြို့ Green Hill ဟိုတယ်၌ ပြီးခဲ့သည့် စက်တင်ဘာ ၁၃-၁၄ ရက်နေ့များတွင် ဆွေးနွေးမှုတစ်ရပ်ကျင်းပခဲ့ပြီး ကိုယ်စားလှယ် ၁၅ ဦးပါ နိုင်ငံရေးမူဘောင်ရေးဆွဲရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

    ထိုဆွေးနွေးပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မတက်ရောက်ခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် မကြာမီတွင် UNA, NLD, ၈ လေးလုံးမျိုးဆက်နှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များတို့၏ ထွက်ရှိလာမည့်နိုင်ငံရေးမူဘောင်နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် ၅၆ ပါတီတို့၏ ဆွေးနွေးထားသည့် မူဘောင် ၂ ခု ထွက်ရှိလာမည် ဖြစ်သည်။

    ညီနောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း NBF ပြောရေးဆိုခွင့်ရှိသူ ပူးဇိုဇမ်က NLD အနေဖြင့် နိုင်ငံရေးမူဘောင်ရေးဆွဲရာတွင် မိမိတို့နှင့်ပူပေါင်းမည်မဟုတ်သော်လည်း ထွက်ပေါ်လာမည့်မူဘောင်အားလုံးကို ညှိနှိုင်းရမည်ဟု ဆိုသည်။

    လွန်ခဲ့သည့် သြဂုတ်လတွင် နိုင်ငံရေးပါတီများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်ကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိုနှိုင်းရေးအဖွဲ့ NCCT တို့ ပထမဆုံးအကြိမ် တွေ့ဆုံပြီးနောက် ယခုကဲ့သို့ နိုင်ငံရေးပါတီများမှ နိုင်ငံရေးမူဘောင်ရေးဆွဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ စတင်ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

    အကယ်၍ UPWC နှင့် NCCT တို့၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီချက် ရရှိထားသည့်အတွက် နိုင်ငံရေးပါတီများသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။
    UNA တွင် ယခင်က တိုင်းရင်းသားပါတီ ၁၂ ပါတီပါဝင်ခဲ့သော်လည်း စစ်အစိုးရလက်ထက် ပါတီများ ဖျက်သိမ်းခြင်း ခံခဲ့ရသောကြောင့် ယခုလက်ရှိ တရားဝင်မှတ်ပုံတင်ထားသော ၄ ပါတီဖြင့်သာ ၂၀၁၂ တွင် ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီ ပါတီနှင့် ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်တို့ ပါဝင်သည်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks