Homeသတင်းမွန်ပြည်နယ်သဘင်ပညာရှင်များကို ချေးငွေထုတ်ပေး

မွန်ပြည်နယ်သဘင်ပညာရှင်များကို ချေးငွေထုတ်ပေး

-

မွန်ပြည်နယ် သဘင်ပညာရှင်များအစည်းအရုံးဝင် ဇာတ်သဘင်တည်ထောင်သူများကို သမဝါယမဦးစီးဌာနက ယမန်နေ့တွင် မော်လမြိုင်မြို့၊ သဘင်ပညာရှင်များအစည်းအရုံး ရုံးခမ်းမ၌ ချေးငွေများထုတ်ပေးခဲ့သည်။

ဇာတ်သဘင်တည်ထောင်သူများကို ချေးငွေထုတ်ပေးရန်အတွက် မွန်ပြည်နယ် သဘင်ပညာရှင်များအစည်းအရုံး ငွေစုငွေချေးသမဝါယမအသင်းဖွဲ့စည်းပေးခဲ့ပြီး အသင်းဝင်များကို အာမခံချက်ဖြင့် ထုတ်ချေးပေးကြောင်း သိရသည်။

“မွန်ပြည်နယ်မှာ ဇာတ်သဘင်တည်ထောင်သူ ၃၅ ဦးရှိတယ်၊ တစ်ဦးကိုငွေကျပ် ၁၀ သိန်းနှုန်းနဲ့ ချေးပေးပါတယ်။ ကျန်အမှုဆောင် ၅ ဦးကိုတော့ တစ်ယောက်တစ်သိန်းနှုန်းနဲ့ ချေးပေးပါတယ်” ဟု သမဝါယမဦးစီးဌာနမှ ဒုညွန်ကြားရေးမှူး ဦးလှဟန်က ပြောသည်။

အဆိုပါအာမခံချက် ၃ ချက်မှာ ချေးငွေများကိုအလွဲသုံးစားမလုပ်ရန်၊ လုပ်ငန်းတွင် အကျိုးရှိစွာ သုံးစွဲရန်နှင့် သတ်မှတ်ထားသည့်ကာလအတွင်း အဆိုပါချေးငွေကို အတိုးရောအရင်းပါ ပြန်ပေးဆပ်ရန်တို့ဖြစ်ကြောင်း ဦးလှဟန်က ပြောသည်။

“နှစ်စဉ်နှစ်တိုင်း အတိုးအရင်းကြီးကြီးနဲ့ ဇာတ်တည်ထောင်သူတွေ့က အဖွဲ့သား ၃၇ ယောက်ရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတို့ကို တစ်မိုးတွင်းလုံး၊ တစ်နွေလုံး ရုန်းကန်ပေးခဲ့ကြရတာဖြစ်ပါတယ်” ဟု ဇာတ်သဘင်တည်ထောင်သူ မင်းနိုင်စိုးက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သမဝါယမအသင်းပေါင်း ၇၀၂ သင်း၊ အသင်းသား ၅၄၁၅၂ ဦးရှိပြီး အသေးစားအရင်းအနှီးချေးငွေလုပ်ငန်း ဆောင်ရွက်သောအသင်း ၄၀၇ သင်းက ချေးငွေလုပ်ငန်းဆောင်ရွက်လျှက်ရှိရာ ထုတ်ချေးငွေစုစုပေါင်း ကျပ်သိန်း ၇၁၁၄၃.၁၆ ထုတ်ချေးထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောကြားခဲ့သည်။

စိုးဇာတ်သဘင်တည်ထောင်သူတစ်ဦးဖြစ်သည့် ဦးလှဝင်းက “အခုအချိန်က ဇာတ်တိုက်နေရတဲ့အချိန်။ ကိုယ့်ပိုက်ဆံမရှိရင် အတိုးနဲ့ချေးပီးတော့ ဆက်လုပ်ရတာပေါ့။ အခုလိုပေးတော့ သူများဆီမှာ အတိုးများများနဲ့ မယူရဘူးပေါ့”။

မွန်ပြည်နယ်တွင် ဇာတ်သဘင် ၃၅ ဖွဲ့ရှိရာ မွန်ဇာတ်သဘင် ၉ ဇာတ်၊ မြန်မာဇာတ်သဘင် ၂၆ ရှိပြီး သဘင်သည် ၁၀ဝ၀ ကျော်ရှိကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts