Homeသတင်းကရင်အမျိုးသားအစည်းအရုံး KNU ကို UNFC မှနှုတ်မထွက်စေလို

ကရင်အမျိုးသားအစည်းအရုံး KNU ကို UNFC မှနှုတ်မထွက်စေလို

-

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားခဲ့သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC)တွင်းမှ ယာယီရပ်ဆိုင်းလိုက်သော ကရင်အမျိုးအသားအစည်းအရုံး(KNU) အားမနှုတ်ထွက်စေလိုဟု ကရင်အမျိုးသမီးအစည်းအရုံး (KWU) မှ ပြောရေးဆိုခွင့်ရှိသူ နော်အုန်းလှက တိုက်တွန်းလိုက်သည်။

“အခု ရပ်ဆိုင်းထားတာက ဥက္ကဌ မူတူးစေဖိုးသဘောထားပဲ လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် တစ်ဦး တစ်ယောက်ရဲ့ သဘောထားပဲဖြစ်တယ် KNU ရဲ့သဘောထားမဖြစ်တဲ့အတွက် ပြန်ပြီးတော့ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်” ဟုပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် UNFC ညီလာခံမှထွက်ခွာသွားခြင်းသည် အစည်းအရုံး၏သဘောထားမပါဝင်ဘဲ အဖွဲ့ခေါင်းဆောင်များ၏ သဘောထားသက်သက်သာ ဖြစ်သည်ကို နော်အုန်းလှက ဆက်ပြောသည်။

ထိုသို့ကြောင့် KNUအဖွဲ့အတွင်းညီညွတ်ရေးနှင့် တိုင်းရင်းသားအားလုံး ပူးပေါင်းလက်တွဲရေးကို ထိခိုက်သွားမည်ကို စိုးရိမ်ပြီး တပ်ပေါင်းစုအတွင်း ပြန်လည်ဝင်ရောက်လက်တွဲသွားရန် အကြံပြုထားသည့် ထုတ်ပြန်ချက်တစ်ဆောင်ကို ယခုလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူး ဗဒိုစောကွယ်ထူးဝင်းက UNFC မှယာယီရပ်ဆိုင်းသောကိစ္စရပ်များကို အဖွဲ့အစည်း၏ ဗဟိုကော်မတီသုံးသပ်ချက်ဖြစ် ဆက်သွားမည်ဟု ပြောသည်။

“ကျတော်တို့အဖွဲ့အစည်းရဲ့ ရပ်တည်မှု သဘောထားကြောင့်သာ ယာယီရပ်ဆိုင်းထားတာဖြစ်တယ် ထပ်ပြီး တော့ပါဝင်မလားဆိုတာကို ကျတော်တို့ ပဲဆုံးဖြတ်သွားမှာပါ” ဟုလည်းပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နော်အုန်းလှက ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တာဝန်ယူမှုတာဝန်ခံမှု လိုအပ်ပြီး အစိုးရဘက်ကလည်း တိုင်းရင်းသား ပြည်သူများအပေါ်လှည့်စားမှုကင်းအောင် တိုင်းရင်းသားအဖွဲ့ အစည်းအားလုံး ပူးပေါင်းပါဝင်စေသောဆန္ဒဖြင့် တိုက်တွန်းခြင်းဖြစ်သည်ကိုလည်း ဆက်ပြောသည်။

UNFC ညီလာခံကျင်းပစဉ် တက်ရောက်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးမှ ကိုယ်စားလှယ်များသည် သြဂုတ်လ ၃၁ ရက်နေ့တွင် UNFC ၏ မူဝါဒပိုင်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး သဘောထား မတူညီမှုများ ဖြစ်ပေါ်ခဲ့ပြီး UNFC ညီလာခံတွင် မပါဝင်တော့ပဲ ယာယီရပ်ဆိုင်းခဲ့ ခြင်းဖြစ်သည်။

ထိုသို့ UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းထားသော်လည်း UNFC ၏ ၂၀၁၄ – ၂၀၁၆ ခုနှစ်အတွက် ဗဟိုအလုပ်မှုဆောင်ကော်မတီ ၁၂ ဦး ရွေးချယ်တင်မြှောက်ရာတွင် KNU အတွက် ၂ နေရာ ချန်လှန့်ထားကြောင်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြစ် မိမိတို့ UNFC တပ်ပေါင်းစုအတွင် ပြန်လည်ဝင်ရောက်လာမည်ဟု မျှော်လင့်လျှက်ရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောကြားခဲ့ဖူးသည်။

UNFC ပထမအကြိမ် ညီလာခံကို လွန်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှစပြီး စက်တင်ဘာလ ၂ ရက်အထိ ၇ ရက်ကြာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး အဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း ၉၀ ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts