spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တွေ့ဆုံပွဲ

    မွန်ပြည်သစ်ပါတီနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း တွေ့ဆုံပွဲ

    -

    တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိ်ုင်ရန် မွန်ပြည်သစ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးနေသည့် အခြေအနေကို မွန်ပြည်သစ်ပါတီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့များအား တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

    အဆိုပါအဆိုပါတွေ့ပွဲကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ နိုင်ရွှေကျင်စာကြည့်တိုက်၌ စက်တင်ဘာလ ၁ ရက်နေ့တွင် တွေ့ဆုံရှင်းလင်းခဲ့ရာ မွန်ပြည်သစ်ပါတီ၊ လူငယ်များအဖွဲ့ MYPO ၊ MYEO ၊ MSDN ၊ MWO ၊ စေတနာဖောင်ဒေးရှင်း၊ ငြိမ်းဖောင်ဒေးရှင်း မော်လမြိုင်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ ကျော်မှ ကိုယ်စာလှယ် ၃၀ ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

    မွန်ပြည်သစ်ပါတီ၊ ဒေသဖွံ့ဖြိုးရေးတာဝန်ခံ ဗိုလ်မှုး M စိုက်ချမ်းက “တစ်ပြည်လုံး အတိုင်းအတာနဲ့ လက်မှတ်ရေးထိုးပွဲ လုပ်နေတဲ့ NCCT နဲ့ ကျနော်တို့ရဲ့ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲရလာဒ်တွေ ပြည်သူလူထုသိရှိစေရန်ရှင်းပြတယ်၊ အဲဒီအပေါ်မှာ မွန်ပြည်သစ်ပါတီအပေါ် ဘာတွေအကြံ ဉာဏ်ပေးနိုင်မလဲ၊ ပြည်သူဆီက အကြံပြုချက်၊ အောက်ခြေအဆင့်မှ ပြည်သူများ ဘယ်လိုအခြေအနေရှိလဲ၊ ဘာတွေပြောချင်လဲ၊ သူတို့လိုအပ်ချက်များ အခက်ခဲတွေ သိရှိချင်တယ်” ဟုလွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အလားတူ ရှင်းလင်းပွဲများကို ဒေသခံပြည်သူများ၊ စာပေယဉ်ကျေးမှု၊ လူငယ်၊ ရဟန်းသံဃာများအား တွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်နေသည်ဟု ဆက်ပြောသည်။

    “နိုင်ငံရေးဆွေးနွေးပွဲမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းပါဝင်ခွင့်ရအောင်၊ ကျနော်တို့ မွန်ပြည်နယ်အတွင်းမှာ မတရား အသိမ်းဆည်းခံထားရတဲ့ မြေယာတွေ၊ ပြန်ရရှိအောင် မွန်ပြည်သစ်က ဘာတွေလုပ်ဆောင်ပေးနိုင်မလဲ မေးခဲ့တယ်” ဟု အပစ်ခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးကော်မတီ ဒု ဥက္ကဌ ဦးမင်းမင်းနွယ်က ပြောသည်။

    ယင်းဆွေးနွေးအကြံပြုချက်၊ တင်ပြခဲ့သည့် အခက်ခဲများကို မွန်ပြည်သစ်ဗဟိုဌာနချုပ်၌တင်ပြပြီး နောင်တွေ့ဆုံပွဲတွင် ၄င်းရလာဒ်ကို ဆက်လက်ရှင်းပြသွားမည်ဟု ဆိုသည်။

    မွန်ပြည်နယ်၌ မတရားသိမ်းဆည်းခံရထားသည့် မြေဧကပေါင်း ၂၂၀ဝဝ ကျော်ရှိပြီး၊ ရေးမြို့နယ်၊ သံဖြူဇရပ် မြို့နယ်နှင့် ကျိုက်မရော မြို့နယ်များတွင် မြေယာသိမ်းမှုပြဿနာအများဆုံး ဖြစ်ပေါ်နေသည်ဟု တက်ရောက်သူများ၏ တင်ပြချက်အရ သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ရေဖြူမြို့နယ်၊ ရေးတောင်ပိုင်း၊ ရေးမြောက်ပိုင်၊ ကော့ကရိတ်မြို့နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်များတွင်လည်း ခရိုင်အလိုက်နယ်မြေသတ်မှတ်၍ မွန်ပြည်သစ်ဗဟိုအလုပ်အမှုဆောင်များ ဦးစီး၍ တွေ့ဆုံရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထားဝယ်ခရိုင်၊ မော်လမြိုင်ခရိုင်၊ သထုံခရိုင် စသော ခရိုင် ၃ ခရိုင်ကို အခြေခံပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် လုထုရှင်းလင်းပွဲလုပ်ခဲ့သည်ဟု ဗိုလ်မှူး M စိုက်ချမ်းက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks