spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းUNFC ညီလာခံမှ KNU ကိုယ်စားလှယ်များထွက်ခွာ

    UNFC ညီလာခံမှ KNU ကိုယ်စားလှယ်များထွက်ခွာ

    -

    ညီညွတ်သော တိုင်းရင်းသားဖက်ဒရယ်ကောင်စီ UNFC ၏ ပထမအကြိမ် ညီလာခံအစည်းအဝေး မပြီးဆုံးခင်မီ ကရင်အမျိုးသားအစည်းအရုံး KNU အစည်းအဝေး တက်ရောက်လာသည့်

    ကိုယ်စားလှယ်များ ညီလာခံမှ ယနေ့နံနက်ပိုင်းတွင် ညီလာခံမှထွက်ခွာသွားကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    နိုင်ဟံသာက “အဓိကကတော့ ဆွေးနွေးတဲ့ အချက်တွေမှာ အမြင်မတူတာတွေရှိတယ်၊ အဲဒီအမြင်မတူတဲ့ အချက်တွေကို သူတို့ရဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ပြန်ပြီး တိုင်ပင်ဆွေးနွေးဖို့အတွက်ပါ” ဟု ပြောသည်။

    အမြင်မတူသည့် အချက်များမှာ UNFC တပ်ပေါင်းစုတပ်ပေါင်းစု တိုးချဲ့ရေးကိစ္စရပ်များကို ပြန်လည်းဆွေးနွေးရန်အတွက် အစည်းအဝေးတက်ရောက်နေသည့် KNU ကိုယ်စားလှယ်များ ယနေ့တွင် ပြန်လည်ကျင်းပသည့် UNFC ညီလာခံ အစည်းအဝေးမှ နှုတ်ထွက်သွားခြင်းသာဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU အနေနှင့် UNFC အဖွဲ့မှ တရားဝင် နုတ်ထွက်ခြင်းမဟုတ်ဘဲ UNFC ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဝါဒနှင့် မိမိတို့ KNU အဖွဲ့အစည်း၏ သဘောထားနှင့် ကိုက်ညီမှုမရှိသည့် အချက်များအပေါ် ပြန်လည်ညှိနှိုင်းရန် ညီလာခံမှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်း UNFC ၏ ဒု-ဥက္ကဌ (KNU ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ) ဒေးဗစ်သာကပေါ က ပြောသည်။

    ဒေးဗစ်သာကပေါက “ KNU နုတ်ထွက်တယ်ဆိုတာက သတင်းအမှားပါ၊ KNU ကိုယ်စားလှယ်တွေက ဒီ UNFC ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြင်ဆင်တာတွေ တစ်ချို့ကိုဆွေးနွေးတယ်၊ ရတာရှိသလို မရတာလည်း ရှိတယ်၊ အဲဒီတော့ မရတဲ့အပိုင်းတွေကို သူတို့ရဲ့ အလုပ်မှုဆောင်အဖွဲ့နဲ့ ဗဟိုကော်မတီအထိ ပြန်ပြီး ဆွေးနွေးဖို့အတွက် ပြန်သွားတာပါ” ဟု ဆိုသည်။

    KNU အနေဖြင့် UNFC ၏ မူဝါဒကို ယခင်က လက်ခံနိုင်ခဲ့သော်လည်း ယခုပြောင်းလဲလာသည့် ကာလတွင် မူဝါဒအချို့ကို လက်ခံနိုင်ဖွယ်မရှိသဖြင့် KNU အဖွဲ့တွင်းပြန်လည်ဆွေးနွေးရဦးမည်ဟု ဆိုသည်။

    “နုတ်ထွက်တယ်ဆိုတာ မဟုတ်ပါဘူး ဒါကိုစောင့်ကြည့်ရဦးမှာပါ၊ KNU က စာနဲ့လည်းမပြောသေးဘူး နှုတ်နဲ့လည်း မပြောသေးပါဘူး၊ အခုနုတ်ထွက်တယ်ဆိုတာက သတင်းအမှားတွေပါ” ဟု ဒေဗစ်သာကပေါ က ငြင်းဆိုသည်။

    UNFC ၏ ပထမအကြိမ် ညီလာခံအစည်းအဝေးသည် လွန်ခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ သြဂုတ်လ ၂၉ ရက်နေ့တွင် ပြည်တွင်းအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ညီလာခံကို ၂ ရက်ရပ်တန့်ခဲ့ပြီး ယနေ့သြဂုတ် ၃၁ ရက်နေ့တွင် ပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

    ယခုပြုလုပ်လျှက်ရှိသည့် UNFC ပထမအကြိမ်ညီလာခံအစည်းအဝေးကို UNFC ၏ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ တက်ရောက်ခဲ့ပြီး ယနေ့ KNU ကိုယ်စားလှယ်များ ညီလာခံမှ နုတ်ထွက်သွားသည့်အတွက် အဖွဲ့ဝင် ၁၁ ဖွဲ့သာ ကျန်ရှိကြောင်း ညီလာခံကို စက်တင်ဘာလ ၁ ရက်နေ့တွင် အဆုံးသတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

    UNFC အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကချင်လွတ်လပ်ရေးအဖွဲ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO), တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး (PSLF)၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ နှင့် ဝအမျိုးသားအဖွဲ့ (WNO) တို့ ပါဝင်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks