spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်အတွက် ပူးပေါင်းကြရန် UNFC နှင့် ပြည်တွင်းအင်အားစုများ ထုတ်ပြန်

    ငြိမ်းချမ်းရေးနှင့်ဖက်ဒရယ်အတွက် ပူးပေါင်းကြရန် UNFC နှင့် ပြည်တွင်းအင်အားစုများ ထုတ်ပြန်

    -

    ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲများ ပေါ်ပေါက် ရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် မိမိတို့ အင်အားစု များအကြား အပြန်အလှန် ဆက်စပ်မှု ရှိရှိ ပူးပေါင်း ဆောင်ရွက်သွားရန်

    ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပြည်တွင်း အင်အားစုတို့ တွေ့ဆုံ အပြီး၌ နှစ်ဖက် သဘောညီ ထုတ်ပြန်ကြေညာခဲ့သည်။

    “ပြည်တွင်းနဲ့ ပြည်ပ နိုင်ငံရေး အင်အားစုတွေ ပိုမု ပူးပေါင်း လုပ်ဆောင် နိုင်ဖို့၊၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှု နဲ့အတူ လိုအပ်လို့ ရှိရင်လည်းဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး မှာလည်း ပူးတွဲ လုပ်ဆောင် နိုင်ကြဖို့ အပြန်အလှန် သဘောတူညီမှု ရခဲ့ပါတယ်” ဟု UNFC ကွန်ဖရင့် အစည်းအဝေး ကျင်းပရေး အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    UNFC ၏ ပထမ အကြိမ် ကွန်ဖရင့်အား သြဂုတ်လ (၂၅) ရက်နေ့မှ စတင် ကျင်းပ ခဲ့ပြီး တဆက်တည်း ဆွေးနွေးရန် လျာထား ခဲ့သော်လည်း ပြည်တွင်းမှ ရောက်ရှိလာသည့် အင်အားစု များနှင့် တွေ့ဆုံ နိုင်ရန် သြဂုတ်လ (၂၉) ရက်နေ့နှင့် (၃၀) ရက် နှစ်ရက်တာ ရပ်နားခဲ့သည်။

    ထိုနှစ်ရက်တာ ရပ်နား၌ ပြည်တွင်းမှ အင်အားစု (၅) ခုမှ ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးနှင့် လူငယ် အဖွဲ့များနှင့် နှစ်ရက်တာ တွေ့ဆုံ ခဲ့အပြီး၌ ယခုကဲ့သို့ ထုတ်ပြန် ခဲ့ခြင်းလည်း ဖြစ်သည်။

    ၂၀ဝ၈ အခြေခံ ဥပဒေ ပြင်ဆင် ရေးနှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ကဏ္ဍများကို အားပြု၍ ဆွေးနွေး ခဲ့ကြောင်းလည်း ကရင်အမျိုသား အစည်းအရုံး (KNU) အဖွဲ့ အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က ပြောသည်။

    “လက်ရှိ ကျွှန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ပူးပေါင်း ဖွဲ့စည်း ထားတဲ့ NCCT ရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အပေါ်မှာတို့၊ နောက် တဖွဲ့ခြင်းရဲ့ ယခု လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ သဘောထား အမြင် တို့ပေါ့လေ၊ အဲဒါတွေ ဆွေးနွေး ခဲ့တယ်” ဟု ဗဒိုကွယ်ထူးဝင်းက ဆိုသည်။

    ထိုတွေ့ဆုံ ပွဲအား UNFC တင်းပြည့် အဖွဲ့ဝင်များ အပါအဝင် ဆက်စပ် UNFC ၏ အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, ABSDF, ကရင်ငြိမ်းချမ်းရေး ကောင်စီ တို့မှ ကိုယ်စားလှယ် များလည်း တက်ရောက်ခဲ့ကြာ စုစုပေါင်း ကိုယ်စားလှယ် (၁၁၃) ဦး တက်ရောက် ခဲ့ကြောင်း အစည်းအဝေး အပြီး၌ ထုတ်ပြန် ကြေငြာ ခဲ့ပါသည်။

    ဤသို့ ပြည်တွင်း ပြည်ပ နိုင်ငံရေး အင်အားစု များအကြား နိုင်ငံရေး ဆိုင်ရာ အမြင် ဖလှယ် ဆွေးနွေးမှုများ မကြာ ခဏ လုပ်ဆောင် နိုင်ရေး ပြည်တွင်း နိုင်ငံရေး အင်အားစု များမှ အဆိုပြု ခဲ့ကြကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

    “မကြာခဏ တွေ့ဆုံဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်သူတွေ ပိုမို ပါဝင် လာဖို့ နောက်ပြီးတော့ ပြည်တွင်းနဲ့ ပြည်ပ ပိုမို ပါဝင ်လာနိုင်ဖို့ သူတို့ဘက်က လိုလား နေပါတယ်၊ ပြည်တွင်း နိုင်ငံရေး အင်အား စုတွေ ဘက်ကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရာမှာ ဘယ်လို လုပ်ဆောင် သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေး အကြုံပြု ခဲ့တာလည်း ရှိပါတယ်” ဟု ခွန်ဥက္ကာက ဆက်ပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပြည်တွင်းရှိ နိ်ုင်ငံရေးပါတီ (၄၃) ခုတို့ တွေ့ဆုံ ခဲ့ကြစဉ်၌လည်း တစ်လ တစ်ကြိမ် တွေ့ဆုံ နိုင်ရန် ပြည်တွင်း နိုင်ငံရေး ပါတီများက တောင်းဆိုခဲ့ကြ သော်လည်း NCCT မှ တစ်လ တစ်ကြိမ် တွေ့ဆုံရန်မှာ မလွယ်ကူကြောင်း သဘောထား ပြုထားပါသည်။

    ထို့ပြင် ယခု တွေ့ဆုံပွဲ၌ တင်ပြ ခဲ့သကဲ့ သို့ပင် ဖက်ဒရယ် ပြည်ထောင်စုအား စာရွက်ပေါ်၌သာ မဟုတ်ပဲ အပီအပြင် ဖော်ဆောင် နိုင်ရေး အတွက်လည်း နိုင်ငံရေး ပါတီများက တိုက်တွန်း ပြောကြား ခဲ့ကြပါသည်။

    ပြည်တွင်း နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးနောက် သြဂုတ်လ (၃၁) ရက်နေ့နှင့် စက်တင်ဘာလ (၁) ရက်နေ့များတွင် UNFC ကွန်ဖရင့်၏ မပြီးပြတ်သေးသည့် အစည်းအဝေး များကို ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း UNFC ခေါင်းဆောင် များက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks