spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းပြည်တွင်းအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် UNFC ညီလာခံ ၂ ရက်ရပ်တန့်

    ပြည်တွင်းအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် UNFC ညီလာခံ ၂ ရက်ရပ်တန့်

    -

    ကျင်းပဆဲ UNFC နှစ်ပတ်လည်အစည်အဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများ မပြီးပြတ် သေးသော်လည်း ပြည်တွင်းမှ ရောက်ရှိ

    လာသည့် နိုင်ငံရေး အင်အားစု များနှင့် တွေ့ဆုံရန်အတွက် ကျင်းပဆဲ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ညီလာခံအား ၂ ရက်တာ ရပ်တန့် သွားမည် ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    “ပြည်တွင်း အင်အားစုတွေနဲ့ နှစ်ရက်တာ တွေ့ဆုံ ဆွေးနွေးသွားပါမယ်၊ အဲဒါပြီးမှ ညီလာခံအစည်းအဝေး ပြန်စမှာပါ၊ သြဂုတ် ၂၉ ကနေ ၃၀ ကတော့ ပြည်တွင်း အင်အားစုနဲ့ တွေ့မယ်၊ အဲဒါ ပြီးရင် ၃၁ နဲ့ ၁ ရက် အနည်းဆုံး (၂) ရက် လောက်တော့ ညီလာခံ အတွက် မပြီးပြတ် သေးတဲ့ အပိုင်းတွေ ဆက်ပြီး ဆွေးနွေး ရဦးမယ်” ဟု နိုင်ဟံသာက ပြောသည်။

    ထိုင်းနိုင်ငံ ချင်းမိုင် မြို့သို့ ရောက်ရှိ နေသည့် ပြည်တွင်းမှ နိုင်ငံရေး အင်အားစုများ ဖြစ်ကြသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်များ၊ UNA အဖွဲ့ဝင် များနှင့် ၁၉၉၀ ရွေးကောက်ပွဲနိုင် အမတ်များ၊ ၈၈ ကျောင်းသားများနှင့် ၈၈ နှစ်ပတ်လည် ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေး ကော်မီတီ များအား တွေ့ဆုံသွားမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

    ယခု ကျင်းပ နေသည့် UNFC ၏ ညီလာခံသို့လည်း ဒေါ်အောင်ဆန်း စုကြည်မှ သဝဏ်လွှာ တစ်စောင် ရေးသား ပေးပို့ ခဲ့ရာတွင် ရေရှည် တည်တံ့ ခိုင်မြဲမည့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် တစ်ခုကို ဆွေးနွေး ညှိနှိုင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းကြည် ကိုယ်တိုင် သဝဏ်လွှာတွင် လက်မှတ်ရေးထိုး ပေးပို့ခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ နိုင်ရန် သဘောတူညီချက် လက်မှတ် ရေးထိုးရေးကြိုးစား နေသည့် တစ်ချိန်တည်း၌ပင် ပြည်ထောင်စု တခုလုံး၏ အဓိက ကျသည့် နိုင်ငံရေးပြသနာများကို ညှိနှိုင်း ကြရန် ယင်းကဲ့သို့ အစည်း အဝေး ခေါ်ယူခြင်းသည်လည်း သင့်လျော် မှန်ကန်ကြောင်း သဝဏ်လွှာ၌ ဆက်လက် ရေးသား ထားပါသည်။

    UNFC အဖွဲ့၏ သုံးနှစ်တစ်ကြိမ်ကျ ကျင်းပသည့် အစည်းအဝေးသည် ပထမဆုံး ညီလာခံဖြစ်ကာနောက်ထပ် သက်တမ်း တစ်ခုအတွက် ခေါင်းဆောင်များအား ရွေးကောက် တင်မြှောက်ရန်နှင့် ရှိရင်းစွဲ အဖွဲ့ဝင်များ အပြင် ထပ်တိုး၍ အဖွဲ့ သစ်များ လက်ခံ ရေးကိုလည်း ဆွေးနွေး ကြရန် ရှိနေသည်ဟု သိရသည်။

    လက်ရှိ၌ ကိုးကန့် လက်နက်ကိုင် အဖွဲ့အား UNFC ၏ အဖွဲ့ဝင် သစ်အဖြစ် ယာယီ လက်ခံ ထားပြီး ၎င်းအား အမြဲတမ်း အဖွဲ့ဝင် အဖြစ် လက်ခံရေးကိုလည်း ယခု ညီလာခံ၌ ဆွေးနွေး ကြရန် ရှိကြောင်း နိုင်ဟံသာက ဆိုသည်။

    လက်ရှိ ကျင်းပနေသည့် ပထမအကြိမ် ညီလာခံတွင် UNFC တင်းပြည့် အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO, MNDAA တို့နှင့် ဆက်စပ် အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ALP, AA, DKBA, KNU/KNLA-PC, ABSDF တို့မှ ကိုယ်စားလှယ်ပေါင်း ၁၀ဝ ကျော် တက်ရောက် ခဲ့ကြသည်။
    သို့ရာတွင် အမျိုးသား ဒီမိုကရက်တစ် မဟာမိ်တ် တပ်မတော် (မိုင်းလား) အဖွဲ့နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် မှမူ ယခု ညီလာခံသို့ တက်ရောက် နိုင်ခဲ့ခြင်း မရှိ ခဲ့ပေ။

    UNFC အဖွဲ့အား ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသား ညီလာခံ ကြီးမှ တဆင့် စတင် ဖွဲ့စည်း ခဲ့ခြင်း ဖြစ်ကာ ယခု ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌ သုံးနှစ်တာ ပြည့်ခဲ့ပြီး ဖြစ်သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဆွေးနွေး ပွဲများ ဆက်တိုက်ကျင်းပနေသဖြင့် (၆) လခန့် နောက်ကျ ပြီးမှ ယခုညီလာခံကျင်းပနိုင်ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts