spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းစပါးပင်ခရုကိုက်၍ လယ်စိုက်ရန်တောင်သူများအခက်ကြုံ

    စပါးပင်ခရုကိုက်၍ လယ်စိုက်ရန်တောင်သူများအခက်ကြုံ

    -

    မွန်ပြည်နယ်၊ (ဘီးလူးကျွန်း)ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာလယ်ကွက်များတွင် ခရုတစ်မျိုး ကိုက်ဖြတ်စားသုံးသဖြင့် စပါးပင်များ သေကြေပျက်စီးနေသဖြင့် လက်စိုက်တောင်သူများ အခက်ကြုံနေရသည်။

    “ပြီးခဲ့တဲ့ ဇူလိုင်လရေကြီးတုန်းက သံလွင်မြစ်ရေမြင့်တက်တော့ အဲဒီခရုတွေပါလာတယ်၊ ခရုကိုက်လို့ စပါးပင်တွေအကုန်နီးပါးပျက်စီးကုန်တယ်၊ ပိုးသတ်ဆေးသုံးတာလဲမရဘူး၊ တချို့ကိုက်ထား တဲ့နေရာတွေမှာ ပြန်စိုက်ဖို့အချိန်မမှီတော့ဘူး ထပ်လဲမစိုက်နိုင်တော့ဘူး ဒီတိုင်းပဲပစ်ထားတယ်၊ ကျနော်တို့ ကော့မုပွန် ရွာ စိုက်ပျိုးဧကနှစ်ထောင်ကျော်မှာ သုံးပုံတစ်ပုံ ဖျက်စီး ခံရတယ်” ဟု ကော့မုပွန်ရွာမှ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    ချောင်းဆုံမြို့နယ်၊ ကော့မုပွန်ရွာအနက် အနီးတဝိုက်ကျေးရွာများသည့် ဒေါင်းရပ်၊ ကညှော်၊ ဘိုးနက် အစရှိသော သံလွင်မြစ်ကမ်းနံဘေးရှိ လယ်ဧကအများအပြား၌ စပါးပင်များ ပျက်စီးဆုံးရှုံး လျက် ရှိသည်။

    လွန်ခဲ့သော ၂၀၁၁ ခုနှစ်ခန့်က သံလွင်မြစ်ကြောင်းအတိုင်း ခရုများသည် ရေနှင့်အတူ မျောပါလာခဲ့ရာ ပေါက်ပွားမှုနှုန်း အလွန်မြန်သည်ဟု သိရပြီး ရေမြောင်း တာတမံများရှိပါက ၎င်းခရုများ ရေမြောင်းထဲမျောပါသွားသဖြင့် လယ်ကွင်းတွင်းမရောက်ရှိနိုင်ဟု ဆိုသည်။

    ဒေါင်းရပ်ရွာမှ ဒေသခံလယ်သမားတစ်ဦးက “ကျနော့်အနေနဲ့ လယ်လုပ်တာရှုံးတယ်၊ သူရင်းငှားပေး ရတာနဲ့ လယ်ထွန်စက်ငှားရတာနဲ့ ဘယ်လိုမှမကိုက်တော့ဘူး၊ ကျနော်တောင် စိတ်ဓါတ် ကျလို့ လယ်မစိုက်ချင်စိတ် တောင်ပေါက်လာတယ်၊ လယ်မစိုက်ရင် အစိုးရသိမ်းလိုက်မှာကြောက်လို့ ဖြစ်သလို စိုက်နေရတယ်” ဟု ပြောသည်။

    ယင်းကဲ့သို့ လယ်ဧကများစွာပျက်စီးခံရသဖြင့် လယ်ယာစိုက်ပျိုးရေး ဘဏ်မှချေးငွေများကို တချို့လယ်သမားများအနေဖြင့် မိမိကျွဲနွားများရောင်းချမှသာ ပြန်လည်ပေးဆပ်နိုင် တော့မည်ဟု လယ်ပိုင်ရှင်များက ပြောဆိုနေကြသည်။

    ချောင်းဆုံမြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “ခရုဒါဏ်ခံရတာ (၃)နှစ်လောက်ရှိပါပြီ၊ အပင်စိုက်စနစ်နဲ့ စိုက်တဲ့လယ်တွေကတော့ အထိနာပါတယ်၊ အချို့နေရာတွေက ချဲပြီးစိုက်တော့ သက်သာတယ်” ဟု ပြောသည်။

    အလားတူ ပေါင်မြို့နယ် ကော့ကရင်ကျေးရွာအနီးရှိ ကျံကပိုင်ကွင်းတွင်လည်း ခရုကိုက် ဖျက်ခြင်း ကြောင့် စိုက်ပျိုးပြီးစီးခဲ့သော လယ်ဧက ၁၅၀ ကျော်အနက် ဧက ၁၀ဝ ကျော်ခန့် ပျက်စီးဆုံး ရှုံးခဲ့သည်ဟု ဒေသခံလယ်သမားများထံမှ သိရသည်။

    အဆိုပါခရုများသည် လွန်ခဲ့သည့် ၃ နှစ်ခန့်မှစတင်၍ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်း ဒေသကြီးတို့တွင် စတင်တွေ့ရှိခဲ့ပြီး ဥများမှာ အခြားခရုများနှင့်မတူဘဲ အနီရောင်ဖြစ်ကာ တစ်ပတ် တစ်ကြိမ်ခန့် ဥရေ သောင်းဂဏန်းအထိ ဥနိုင်ပြီး ရာသီမရွေးပေါက်ဖွားနိုင်သည်ဟု ဆိုသည်။

    ထို့အပြင် ဥများ ၂၅ ရက်အတွင်း သားဖောက်မျိုးပွားနှုန်းမြန်ဆန်၍ စပါးပင်များသာမက ငါး၊ ဖားများ ကိုပါ စားသောက်သောခရုအမျိုးအစားတစ်မျိုးဖြစ်သည်ဟု လေ့လာသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks