spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်း ပြော

    မွန်ဓမ္မစေတီခေါင်းလောင်းကြီး ရှာတွေ့ပြီဟု ဦးစံလင်း ပြော

    -

    ရေအောက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ဝ ကျော် နစ်မြုပ်နေခဲ့သော မွန်ဓမ္မစေတီခေါင်းလောင်းကြီးရှာဖွေ တွေ့ရှိပြီးဟု ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အဖွဲ့ခေါင်းဆောင် ဦးစံလင်းက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါ ခေါင်းလောင်းကို ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကုန်းပေါ်အရောက် အမြန်းဆုံးတင်နိုင်ရန် ကြိုးစားသွားမည်ဟု ဦးစံလင်းက ဆိုသည်။

    သူက “ခေါင်းလောင်းကြီးတွေ့ထားပြီးပြီး၊ ဓမ္မစေတီခေါင်းလောင်း ဖြစ်ကြောင်းကို အားလုံးအတည်ပြုပြီးမှ သတင်းထုတ်ပြန်လိုက်တာပါ ” ဟုပြောသည်။

    အလေးချိန် ၁,၈၀,ဝဝဝ ပိဿာ (တန်ချိန် ၂၉၀) ရှိခေါင်းလောင်းကို ချက်ချင်းဆယ်ယူရန်မဖြစ်နိုင်သေးကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြပြီး ဆယ်ယူရန် ပြင်ဆင်ပြီးပါက သတင်းထုတ်ပြန်သွားမည်ဟု ဆက်ပြောသည်။

    “ ကျနော်တို့ အခု ပင်လယ်ထဲမှာ ရှိနေတဲ့လူအားလုံးအတည်ပြုပြီးပြီး၊ ဆယ်ယူဖို့ အတွက်ကို ကြိုးချည်နေတယ်၊ ဘယ်နေ့ ဆယ်ယူမှာကို မသိသေးဘူး” ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အထောက်အကူပြု ဆပ်ကော်မတီ ဒု-ဥက္ကဌ နိုင်မင်းအောင်က ပြောသည်။

    ယင်းခေါင်းလောင်းကို ဦးစံလင်း ဦးဆောင်သော ရေငုပ်သမားများက ပြီးခဲ့သည့် ရက်ပိုင်းတွင် တွေ့ရှိထားသော်လည်း ဓမ္မစေတီခေါင်းလောင်း အမှန်တကယ် ဖြစ်ကြောင်း အတည်မပြုနိုင်သောကြောင့် သတင်းမထုတ်ပြန်ရခြင်းဖြစ်သည်ဟု ပြောသည်။

    ထိုသို့ဆယ်ယူရာတွင် ဆယ်ယူရေးအဖွဲ့ လူဦးရေ ၇၀ ဦးနှင့် ဆလုံရေငုပ်သမား ၁၀ ဦးတို့မှ တစ်ရက်လျှင် ရေထချိန် မနက်၊ ညနေ တစ် ကြိမ်စီ ငုပ်ပြီး၊ ရေစီးကြမ်းသည့်ရက်တွင် တစ်ရက် တစ်ကြိမ်သာ ငုပ်နိုင်ခဲ့ကြောင်း ဆယ်ယူရေးအဖွဲ့က ပြောသည်။

    မွန်ဓမ္မစေတီခေါင်းလောင်း ရှာဖွေ ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဇူလိုင်လ ၉ ရက်မှ စတင်ရှာ ဖွေတူးဖော်နေခြင်းဖြစ်ကာ ရက်သတ္တ နှစ်ပတ် သတ်မှတ်ထားပြီး၊ ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀ဝ၀ နီးပါးခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။

    သို့ရာတွင် ယခုတွေ့ရှိခဲ့သည်ဆိုသောအရာဝတ္တုမှာ ဓမ္မစေတီခေါင်းလောင်း အမှန်တကယ်ဟုတ်မဟုတ် ကုန်းပေါ်သို့ ရောက်ရှိလာသည့်အခါမှသာ အတည်ပြုနိုင်မည်ဟု လေ့လာသူများက ပြောဆိုနေသည်။

    ၁၆ ရာစုခန့်တွင် ပေါ်တူဂီလူမျိုး ဒီဗရစ်တို (ခေါ်) ငဇင်ကာက ရွှေတိဂုံ ဘုရားကုန်းတော်ပေါ်မှ ဓမ္မစေတီ ခေါင်းလောင်းကြီးကို အမြှောက်လက်နက်သွန်းလုပ်ရန် ဖောင်ဖြင့်သယ်ယူစဉ် မြစ်သုံးခုဆုံရာအရပ်တွင် နစ်မြှုပ်ခဲ့ကြောင့် သမိုင်းမှတ်တမ်း တချို့တွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks