Homeသတင်းဒေသန္တရအဆင့်ဖွံဖြိုးရေး အထောက်အကူပြုစစ်တမ်း သံဖြူဇရပ်မြို့တွင် ကောက်ယူ

ဒေသန္တရအဆင့်ဖွံဖြိုးရေး အထောက်အကူပြုစစ်တမ်း သံဖြူဇရပ်မြို့တွင် ကောက်ယူ

-

စစ်တမ်းကောက်ယူနေစဉ်(မင်းထူးသစ်)
စစ်တမ်းကောက်ယူနေစဉ်(မင်းထူးသစ်)
ဖွံဖြိုးတိုးတက်ရေး ပညာရောင်ခြည် Comprehensive Development Education Center-CDEC က ကြီးမှူး၍ မွန်ပြည်နယ်လုံးဆိုင်ရာဒေသန္တရအဆင့် ဖွံဖြိုးရေးမဟာဗျူဟာ ရေးဆွဲမှုအထောက်အကူပြု စစ်တမ်းကို သြဂုတ်လ ၅ ရက်နေ့တွင် သံဖြူဇရပ်မြို့ မွန်ဓမ္မာရုံ၌ နှစ်သုတ်ခွဲ၍ ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ(CSO)မှ (၂၈)ဦးနှင့် မွန်းလွဲပိုင်း၌ ဌာနဆိုင်ရာများနှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ် (၁၈) ဦး တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

“အုပ်ချူပ်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လက်ရှိချိတ်ဆက်ဆောင်ရွက်မှုတွေမှာ တွေ့ရှိရတဲ့ အားသားချက် အားနည်ချက်တွေကို ဆွေးနွေးတင်ပြတဲ့ တွေဆုံပွဲ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ဦးစံသောင်းက ပြောသည်။

မြိုနယ်အလိုက် ပြည်သူ့ဗဟိုပြု ဘက်စုံဖွံဖြိုးရေး အချက်အလက်များ ဆွေနွေးဖော်ထုတ်ကောက်ယူခြင်း၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ ရေးဆွဲထားသည့် ဒေသဖွံဖြိုးရေးအစီအစဉ်များကို လူမှုအဖွဲ့အစည်းများနှင့် အုပ်ချူပ်သူအကြား ဟန်ချက်ညီညီ အကောင်အထည်ဖေါ်နိုင်မည့် မဟာဗျူဟာမြောက် စာတမ်းတစ်စောင်ထုတ်ရန် ရည်ရွယ်သည့် ဆွေးနွေပွဲဖြစ်ကြောင်း CDEC ညှိနိုင်းရေးမှူး ကိုဇော်လင်းထွေး က လွှတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA)သို့ ပြောသည်။

ကိုဇော်လင်းထွေးက “ပြည်နယ်အစိုးရအနေနဲ့လည်း ထွက်ပေါ်လာမယ့် ဒီစာတမ်းကို ကိုးကားပြီး ဒေသဖွံဖြိုးရေးအတွက် ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယူဆတယ်” ဟု ဆက်ပြောသည်။

ထို့အတူ မွန်ပြည်နယ်တစ်ခုလုံး၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စာပေယဉ်ကျေးမှု ကဏ္ဍကြီးများအပြင် ဘာသာရေး၊ တိုင်းရင်းသားရေးရာ၊ လယ်ယာသားငါး၊ သယံဇာတသဘာဝအရင်းအမြစ်၊ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးကဏ္ဍများကို အကဲဖြတ်လေ့လာနေသည်ဟုလည်း သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့သည် စစ်တမ်းကောက်ယူမှု (၇) မြို့နယ်မြောက် ခရီးစဉ်ဖြစ်ကြောင်း ကျန်ရှိသည့် ရေးမြို့၊ ချောင်းဆုံမြို့၊ မော်လမြိုင်မြို့နယ်များတွင် ဆက်လက်ကောက်ယူသွားမည်ဟု စီစဉ်ထားပြီး

လာမည့်စက်တင်ဘာလတွင် မော်လမြိုင်၌ ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းကို ဖိတ်ကြားကာ အလုပ်ရုံဆွေနွေးပွဲပြုလုပ်၍ အပြီးသတ် စာတမ်းထုတ်ပြန်သွားမည် ဖြစ်သည်။

လွန်ခဲ့မေလက မော်လမြိုင်တွင် မွန်ပြည်နယ်ဖွံဖြိုးရေးဖိုရမ်ပြုလုပ်ခဲ့ပြီး ယခုအခါ ဒေသဖွံဖြိုးရေးအတွက် မြို့နယ်အလိုက် အကောင်အထည်ဖေါ်သည့် ခရီးစဉ်ဖြစ်သည်ဟု ဗဟုဖွံ့ဖြိုးရေးအဖွဲ့ (MDRI) သုတေသနမှူး ကိုအောင်သူငြိမ်းက ပြောသည်။

မြို့နယ် ၁၀ မြို့နယ်မှ အကဲဖြတ်လေ့လာတွေ့ရှိရသည့် အချက်အလက်များ၊ ဌာနဆိုင်ရာမှ ရရှိသည့် အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး ပညာရှင်များက ဖွံ့ဖြိုးရေး မဟာဗျူဟာတစ်ရပ်ကို စနစ်တကျ ရေးဆွဲကာ မွန်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရသို့ တင်ပြသွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဒေသန္တရ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန်အတွက် မွန်ပြည်နယ်တွင် ပထမဦးဆုံး စစ်တမ်းကောက်ယူနေခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts